Showing posts with label ဒုက္ခသည်စခမ်း. Show all posts
Showing posts with label ဒုက္ခသည်စခမ်း. Show all posts

Monday, June 10, 2019

စစ်တွေမြို့ရှိ ရိုဟင်ဂျာဒုက္ခသည်စခန်း၌ အာဏာပိုင် များက အတင်းအဓမ္မ စစ်ဆေးလျက်ရှိ

အောင်ဇံဝေ
Jun 09, 2019
Rohingya Today
စစ်တွေ ။ ။ ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ် အုန်းတောကျယ် (ပလောင်ပြင်) ရိုဟင်ဂျာဒုက္ခသည်စခန်းသို့ အာ ဏာပိုင်များ ဝင်ရောက်၍ အတင်းအဓမ္မ စစ်ဆေးလျက်ရှိသည်။

Monday, May 13, 2019

ကုလ ကူညီရေးအရာရှိ စစ်တွေ ဒုက္ခသည်စခန်းသွား ရောက်

VOA
ဗွီအိုအေ (မြန်မာဌာန)
13 မေ၊ 2019 ၊ မေခ
ကုလသမဂ္ဂ လက်ထောက် အတွင်းရေးမှူးချုပ် Ursula Mueller ရဲ့ ရခိုင်ခရီးစဉ် (United Nations OCHA Myanmar)
 
လူသားချင်းစာနာမှုဆိုင်ရာ ကုလသမဂ္ဂ လက်ထောက် အတွင်းရေးမှူးချုပ်လည်းဖြစ် အရေးပေါ်ကယ်ဆယ် တုံ့ပြန်ရေးဆိုင်ရာ ဒုတိယ ညှိနှိုင်းရေးမှူးလည်းဖြစ်တဲ့ Ursula Mueller ဟာ မနေ့ကနဲ့ ဒီကနေ့ နှစ်ရက်မှာ ရခိုင် ပြည်နယ်ကို သွားရောက်ခဲ့ပြီး သက်ဆိုင်ရာ အစိုးရတာဝန်ရှိသူတွေနဲ့ တွေ့ဆုံသလို ဒုက္ခသည်စခန်းတချို့ကိုလည်း သွားရောက်ခဲ့ပါတယ်။ ရခိုင်လက်နက်ကိုင်အဖွဲ့ အေအေနဲ့ မြန်မာအစိုးရကြား မကြာသေးခင် ကတိုက်ပွဲတွေကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူတွေနဲ့ တွေ့ဆုံခွင့်ရဖို့ ကြိုးစားခဲ့ပေမဲ့ သူတို့နဲ့တော့ တွေ့ ခွင့်မရခဲ့ကြောင်း ပြောပါတယ်။ မစ္စစ်မူလာ ရဲ့ ရခိုင်ခရီးစဉ်အကြောင်း အပြည့်စုံကို မမေခက တင်ပြပေး ပါမယ်။

Wednesday, May 1, 2019

ဘင်္ဂလားဒေ့ရှ်ရှိ ဒုက္ခသည်စခန်းတွေ ဆိုင်ကလုံး Fani ဒဏ်ခံရမည်ကို ကုလစိုးရိမ်

VOA 
ဗွီအိုအေ (မြန်မာပိုင်း)
 01 မေ၊ 2019
ဆိုင်ကလုံး Fani
ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ဘက်ကို ဗဟိုပြုပြီး တနာရီမိုင် ၁၁၀ နှုန်း နီးပါးနဲ့ တိုက်ခတ်မယ့် လေပြင်းဆိုင်ကလုံးမုန်တိုင်း Fani ဟာ ဒီသီတင်းပတ်နှောင်းပိုင်းမှာ လူပေါင်း သန်း ၁၀၀ ကျော်နေထိုင်တဲ့ အိန္ဒိယ အရှေ့ပိုင်း Andra Pradesh ပြည်နယ်မြောက်ပိုင်းနဲ့ Odisha ပြည်နယ် တွေမှာ ဝင်ရောက်ဖို့ ရှိနေပါတယ်။ မုန်တိုင်းဝင်ရောက်ချိန်မှာ မိုးသက်လေပြင်းနဲ့အတူ မိုးရေချိန် ၁၂ လက်မအထိ ရွာသွန်း နိုင်တဲ့အတွက် ရေကြီးရေလှံျမယ့် အန္တရာယ်လည်း ရှိနေပါတယ်။

Thursday, March 28, 2019

နော်ဝေဝန်ကြီး စစ်တွေသို့ သွားရောက်မှု မြင်ကွင်းများ

မဇ္ဈိမ သတင်းဌာန
မတ်လ ၂၈ ရက် ၂၀၁၉ 

နော်ဝေနိုင်ငံ၊ အပြည်ပြည်ဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီး H.E. Mr. Dag-Inge Ulstein က မတ် ၂၇ ရက် က ရခိုင်ပြည်နယ်၊ စစ်တွေမြို့သို့ သွားရောက်ခဲ့စဉ်။ဓာတ်ပုံ-ညွန့်ဝင်း/အီးပီအေ စစ်တွေမြို့ဆေးရုံကြီးနှင့် အောင်မင်္ဂလာရပ်ကွက်သို့သွားရောက်ပြီး ကျောင်းနှင့်ဆေးပေးခန်းသို့ လေ့လာခဲ့သည်။ ထို့နောက်  IDP သဲချောင်းစခန်းတို့ကို သွားရောက်ခဲ့ပြီးနောက် သဲချောင်းရွာအတွင်းမှ ရခိုင်၊ မရမာကြီးနှင့်ဘင်္ဂါလီလူမျိုး အချို့အား တွေ့ဆုံခဲ့သည်။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */