Showing posts with label ပစ်ခတ်မှု. Show all posts
Showing posts with label ပစ်ခတ်မှု. Show all posts

Friday, December 27, 2024

မောင်တောတွင် ARSA တပ်ဖွဲ့၏ ပစ်ခတ်မှုကြောင့် အရပ် သား ၁ ဦး သေဆုံး၊ အများအပြား ဒဏ်ရာရ

DVB
December 27, 2024 

အောက်တိုဘာ ၆ ရက်က ARSA စခန်းကို AA သိမ်းပိုက်ပြီးနောက် သိမ်းဆည်းရမိခဲ့သည့် လက်နက်ခဲယမ်းနှင့် စစ်အသုံးအဆောင်ပစ္စည်းအချို့။ (Photo : AA)

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ကြိမ်ချောင်းနဲ့ တောင်ပြိုအကြားမှာ ဒီဇင်ဘာ ၂၄ ရက်က အရပ် သားတွေစီးလာတဲ့ ကားတစီးကို ရိုဟင်ဂျာလက်နက်ကိုင်တပ်ဖွဲ့ (ARSA) က ချုံခိုတိုက်ခိုက်ခဲ့တယ်လို့ အာရက္ခတပ်တော် (AA) က ထုတ်ပြန်လာပါတယ်။

Wednesday, December 6, 2023

ဘင်္ဂလားဒေ့ရှ် ရိုဟင်ဂျာစခန်းအတွင်း ပစ်ခတ်မှု ၄ ဦးသေ

VOA
ဗွီအိုအေ (မြန်မာဌာန)
၀၆ ဒီဇင်ဘာ၊ ၂၀၂၃ 

ရိုဟင်ဂျာများခိုလှုံနေတဲ့ Kutupalong ဒုက္ခသည်စခန်း၊ မေ ၁၅၊၂၀၂၃။

ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဒုက္ခသည်စခန်းအတွင်း ရန်ဖက်လက်နက်ကိုင် အဖွဲ့ကြား ပစ်ခတ်မှုကြောင့် ရိုဟင်ဂျာ ဒုက္ခသည် ၄ ဦး သေဆုံးသွားတယ်လို့ အာဏာပိုင်တွေကို ကိုးကားပြီးသတင်းတွေကဖော်ပြပါ တယ်။ ARSA အဖွဲ့ နဲ့ RSO ရိုဟင်ဂျာ လက်နက်ကိုင် အဖွဲ့တွေကြား မနေ့ညက ၁ နာရီလောက်ကြာ အ ပြန်အလှန် ပစ်ခတ်မှုဖြစ်ခဲ့ပြီး ရိုဟင်ဂျာ ဒုက္ခသည် ၄ ဦး သေဆုံး၊၂ဦးအပြင်းအထန်ဒဏ်ရာရခဲ့ကြောင်း ဒေသခံရဲမှူး Shamim Hossain (ရှာမင် ဟိုဆန်) ကို ကိုးကားပြီး AFP သတင်းက ဖော်ပြခဲ့တာပါ။

Sunday, July 9, 2023

ရိုဟင်ဂျာဒုက္ခသည်စခန်းမှာ စစ်သွေးကြွတွေ ပစ်ခတ်မှုဖြစ်၊ ငါးဦးသေဆုံး

RFA
RFA Burmese
2023.07.08 

ဘင်္ဂလားဒေ့ရှ်နိုင်ငံ Kutupalong ဒုက္ခသည်စခန်းကို ၂၀၂၃ ခုနှစ်၊ မေလ ၁၅ ရက်နေ့က တွေ့ရစဉ်။
  MUNIR UZ ZAMAN / AFP

ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းက ဒုက္ခသည်တွေရဲ့ ထွက်ဆိုချက်တွေကို ICC ရှေ့နေ လာရောက်မှတ်တမ်းယူပြီး နာရီပိုင်းအကြာမှာ ပြိုင်ဘက် ရိုဟင်ဂျာစစ်သွေးကြွအဖွဲ့တွေ ကြား စခန်းတွင်း ပစ်ခတ်မှုဖြစ်ပြီး စစ်သွေးကြွ ငါးဦး သေဆုံးခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ် ရဲတပ်ဖွဲ့က ဇူလိုင် ၇ ရက်နေ့က ထုတ်ပြန်ပါတယ်။

စခန်းတွင်းက ပြိုင်ဘက်အဖွဲ့ နှစ်ခုဖြစ်တဲ့ အာရကန်ရိုဟင်ဂျာကယ်တင်ရေးတပ် ARSA နဲ့ ရိုဟင်ဂျာ သွေးစည်းညီ ညွတ်ရေးအဖွဲ့ RSO တို့ ထိပ်တိုက်တွေ့ဆုံ ပစ်ခတ်မှုဖြစ်ခဲ့တာလို့ စခန်းတွင်းလုံခြုံရေးယူထားတဲ့ ရဲတပ်ဖွဲ့ ပြောခွင့် ရသူက AFP သတင်းဌာနကို ပြောကြားပါတယ်။

Saturday, April 18, 2020

ကျောက်တော်ပစ်ခတ်မှု ကလေး ၁ ဦးသေဆုံး၊ ရိုဟင်ဂျာ ၅ ဦးအပါအဝင် ၁၁ ဦးဒဏ်ရာရ

လွတ်လပ်တဲ့အာရှအသံ ( RFA )
မြန်မာဌာန | သတင်းများ
2020-04-17
 ရခိုင်ပြည်နယ် ကျောက်တော်မြို့အဝင် ကစ္ဆပ နဒီတံတားနဲ့ ကားဂိတ်ကြားမှာ မနေ့က တပ်မတော် စစ် ကြောင်း တစ်ခုကနေ ပစ်ခတ်လို့ ကလေး ၁ ဦးသေဆုံးပြီး နောက်ထပ် လူ ၁၁ ဦးထိခိုက်ဒဏ်ရာ ရခဲ့ကြ တာလို့ ဒေသခံတွေက RFA ကိုပြောပါတယ်။

Sunday, February 23, 2020

ကျောက်တော်ပစ်ခတ်မှု အရပ်သားသုံးယောက် ဒဏ်ရာရ

လွတ်လပ်တဲ့အာရှအသံ ( RFA )
မြန်မာဌာန | သတင်းများ
ဖြူဖြူခိုင်
2020-02-23
 

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်မှာ မနေ့ညက လက်နက်ကြီးကျလို့ အရပ်သား သုံးယောက် ထိခိုက် ဒဏ်ရာရ ခဲ့ပါတယ်။ တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် AA တို့ တနှစ်ကျော်ကြာ တိုက်ပွဲတွေကြောင့် ရခိုင်ပြည် နယ်မှာ ထိခိုက် ဒဏ်ရာရသူ ၂၅၀ ကျော် ရှိနေပါပြီ။

Monday, August 26, 2019

ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းအတွင်း ပစ်ခတ်မှု နှစ်ဦး သေဆုံး

RFA
လွတ်လပ်တဲ့ အာရှအသံ
2019-08-25
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဇ်ဘဇားမြို့အနီးက ရိုဟင်ဂျာဒုက္ခသည် သားအမိကို ၂ဝ၁၉ သြဂုတ် ၂၅ ရက်နေ့က တွေ့ရစဉ်
Photo: MUNIR UZ ZAMAN / AFP

ဒုက္ခသည်စခန်းတစ်ခုအတွင်း ပစ်ခတ်မှု ဖြစ်ပွားရာမှာ ရိုဟင်ဂျာဒုက္ခသည် နှစ်ဦး သေဆုံးသွားတယ်လို့ ဘင်္ဂလားဒေ့ရှ်ရဲတပ်ဖွဲ့က ပြောဆိုကြောင်း သြဂုတ်လ ၂၄ ရက်နေ့ ရက်စွဲနဲ့ AFP သတင်းတစ်ပုဒ်မှာ ဖော်ပြထားပါတယ်။

Monday, May 20, 2019

ကျောက်တော်မြို့နယ်မှာ ပစ်ခတ်မှုဖြစ်ပွားပြီး အရပ် သားတစ်ဦးသေ၊ နှစ်ဦးဒဏ်ရာရ

RFA
လွတ်လပ်တဲ့ အာရှအသံ
2019-05-20
 ကျောက်တော်မြို့နယ် မျောက်တောင်ရွာနှင့် မာလာတောင်ရွာအကြားတွင် ၂ဝ၁၉ မေလ ၁၉ ရက်နေ့က ပစ်ခတ်မှုဖြစ်ပွားသည့်အတွက် ဒဏ်ရာရခဲ့သည့် မာလာတောင်ရွာသား အသက်သုံးနှစ်အရွယ်ကလေးငယ်။
 Photo: ဖြူစင်မေတ္တာပရဟိတအသင်းကျောက်တော်မြို့) 

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် မျောက်တောင်နဲ့မာလာတောင်ကျေးရွာကြားမှာ မနေ့ကပစ်ခတ်မှု ဖြစ်ပွားတဲ့အတွက် မိန်းကလေးငယ်တစ်ဦး သေဆုံးပြီး၊ နောက်ထပ်ကလေးငယ်တစ်ဦးနဲ့ လူကြီးတစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

Friday, May 10, 2019

ကျောက်တော်မှာ ပစ်ခတ်မှုတွေဖြစ်လို့ တစ်ဦးသေပြီး၊ ကူးတို့သမားတစ်ဦးကျည်ဆန်ထိမှန်

B B C
ဘီဘီစီ မြန်မာပိုင်း
10 မေ 2019
ရခိုင်ပြည်နယ် ကျောက်တော်မြို့မှာ ဒီကနေ့ မနက်အစောပိုင်းက ပစ်ခတ်မှုတွေဖြစ်ပွားခဲ့လို့ တစ်ဦးသေဆုံး ပြီး တစ်ဦးကတော့ ဦးခေါင်းကို ကျည်ဆန်ထိမှန်သွားလို့ ကျောက်တော်ဆေးရုံကို ရောက်နေတယ်လို့ ကျောက်တော် ဒေသခံအချို့က ဘီဘီစီကိုပြောပါတယ်။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */