" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label တရားသူၾကီး. Show all posts
Showing posts with label တရားသူၾကီး. Show all posts

Tuesday, December 22, 2020

မြန်မာ အိုင်စီဂျေအမှု - မြန်မာကို စောင့်ကြည့်မယ့် တရား သူကြီး အဖွဲ့ ဘာကြောင့် ဖွဲ့တာလဲ

B B C

ဘီဘီစီ မြန်မာပိုင်း

22 Dec 2020

မြန်မာ-ဂမ်ဘီယာ အိုင်စီဂျေအမှုမှာ မြန်မာကလိုက်နာရမယ့် ကြားဖြတ်အစီအမံတွေကို ဆောင်ရွက်ခြင်းရှိမရှိ လေ့လာစောင့်ကြည့်ဖို့ တရားသူကြီး သုံးဦး ပါဝင်တဲ့ ကော်မတီ တစ်ခုကို နိုင်ငံတကာ တရားရုံး အိုင်စီဂျေက ဒီဇင်ဘာ ၂၁ ရက်က ဖွဲ့စည်းခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ လူမျိုးတုံး သတ်ဖြတ်မှုတွေရှိတယ်ဆိုပြီး ဂမ်ဘီယာက အိုင်စီဂျေမှာ တိုင်ကြားခဲ့တာနဲ့ ပတ် သတ်လို့ ရိုဟင်ဂျာတွေကို လူမျိုးတုံးသတ်ဖြတ်မှုက အကာအကွယ်ပေးဖို့ အပါအဝင် ကြားဖြတ် အစီအမံ လေး ချက်ကို ချမှတ်ထားခဲ့ပြီးဖြစ်ပြီး အခုလို နောက်ဆက်တွဲ လုပ်ဆောင်မှုကို အိုင်စီဂျေက လုပ်ဆောင်တာ ဖြစ်ပါ တယ်။

Monday, November 25, 2019

ရခိုင်ပြည်နယ်မှာရှိတဲ့ ရိုဟင်ဂျာတွေကိုတိုက်ခိုက်ဖို့ မြန်မာ နိုင်ငံမှာ နိုင်ငံတော်မူဝါဒရှိနိုင်တယ်လို့ ICC မှ တရားသူကြီး များ စိုးရိမ်နေ

Myanmar Online News
2019/11/25


ရခိုင်ပြည်နယ်မှာရှိတဲ့ ရိုဟင်ဂျာ တွေကို နိုင်ငံတော်အဆင့်မူဝါဒထားပြီး တိုက်ခိုက်ကောင်းတိုက်ခိုက်နိုင် တယ်လို့ နိုင်ငံတကာရာဇဝတ်မှုဆိုင်ရာတရားရုံး (ICC) တရားသူကြီးတွေက စိုးရိမ်နေတယ်ဆိုပြီး ICCရှေ့ နေဖာတူ ဘန်ဆူဒါက သောကြာနေ့မှာပြောပါတယ်။

“ရိုဟင်ဂျာတွေကိုတိုက်ခိုက်ဖို့ မြန်မာနိုင်ငံမှာ နိုင်ငံတော်အဆင့်မူဝါဒရှိတယ်လို့ယူဆနိုင်တဲ့ ခိုင်လုံတဲ့ အခြေ ခံ တွေရှိနေတယ်လို့ တရားသူကြီးတွေက လက်ခံကြတယ်။” ဆိုပြီး သူကပြောတာပါ။ ရိုဟင်ဂျာတွေကို ကျူး လွန်ခဲ့တဲ့မှုခင်းတွေနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှု စတင်ဖို့ ICC ကခွင့်ပြုခဲ့တဲ့နောက် အခုလိုပြောလိုက် တာ ပါ။

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */