By မိုးမြင့်
27 August 2019
တပ်ဖွဲ့ဝင် ၁၀၀ သယ်ဆောင်နိုင်သော ကျန်စစ်သား ဖရီးဂိတ်သင်္ဘော F-12 သည် ASEAN-US ပူးတွဲရေတပ်စစ်ရေးလေ့ကျင့်မှု (AUMX) တွင်ပါဝင်ရန် ရန်ကုန်မှထွက်ခွာသွားကြောင်း ဖေ့ဘွတ်တွင်ရေးသားသည်။
အမေရိကန်ပြည်ထောင်စုက ဦးဆောင်ပြီး အရှေ့တောင်အာရှနိုင်ငံများအသင်း – ASEAN နိုင်ငံ ၇ နိုင်ငံ ရေတပ်များပါဝင်သည့် ၅ ရက်ကြာ စစ်ရေးလေ့ကျင့်မှုတွင် ပါဝင်ရန် ထိုင်းပင်လယ်ကွေ့သို့ ထွက်ခွာေ နေ ကြာင်း မြန်မာ့တပ်မတော် (ရေ) က တနင်္လာနေ့တွင်ကြေညာသည်။