" သင့်၏ မိုဘိုင်းဖုံး ဘရော်စာတွင် www.rohingyanewsbank.com ကို ရိုက်၍ အလွယ်တကူ ဖတ်ရှု နိုင်ပါသည် "
Showing posts with label အာဏာပိုင်ဖွဲ့စည်းရေး. Show all posts
Showing posts with label အာဏာပိုင်ဖွဲ့စည်းရေး. Show all posts

Tuesday, December 31, 2019

ရခိုင်ပြည်သူ့ အာဏာပိုင်ဖွဲ့စည်းရေး အောင်မြင်နိုင်မလား

လွတ်လပ်တဲ့အာရှအသံ ( RFA ) 
နေမျိုးထွန်း
2019-12-31
ရက္ခိုင့်တပ်တော် AA ရဲ့ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်ကို တွေ့ရစဉ်
Photo: RFA

ရခိုင့်တပ်တော် AA က လာမယ့် ၂၀၂၀ မှာ ရခိုင်ပြည်သူ့အာဏာပိုင် ဖွဲ့စည်းသွားမှာဖြစ်ပြီး ရခိုင်ပြည်နယ်မှာ ရှိတဲ့ လုပ်ငန်းတွေအနေနဲ့ ULA/AA ကို အခွန်ပေးဆောင်ရမယ်လို့ ပြောကြားထားတာရှိပါတယ်။

တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက AA ရဲ့ ဆောင်ရွက်ချက်တွေဟာ အရင်က ဗမာပြည်ကွန်မြူနစ်ပါတီက ဆောင်ရွက်ခဲ့တဲ့ပုံစံဖြစ်ပြီး တပ်မတော်အနေနဲ့ နိုင်ငံတော်အစိုးရရဲ့ အချုပ်အခြာ အာဏာ တည်တံ့ခိုင်မြဲရေး၊ နယ်မြေဒေသလုံခြုံရေးအတွက် တပ်မတော်ရဲ့ တာဝန်နဲ့အညီ ဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */