" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label နေရပ်ပြန်ရေး. Show all posts
Showing posts with label နေရပ်ပြန်ရေး. Show all posts

Tuesday, January 11, 2022

ရိုဟင်ဂျာတွေ နေရပ်ပြန်ရေး မရေရာသေး

RFA
လွတ်လပ်တဲ့အာရှအသံ
2022-01-11

နတ်မြစ်ကို ဖြတ်ကျော်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးနေကြတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေကို ၂၀၁၇၊ အောက်တိုဘာ ၁၆ ရက်‌နေ့က တွေ့ရစဉ် Photo: MUNIR UZ ZAMAN / AFP

ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်တောမြို့နယ်တွေကနေ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ် စစ်တပ်က နယ်မြေ ရှင်းလင်းရေး လုပ်ခဲ့တုန်းက တစ်ဘက် ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ ရခိုင်ပြည်နယ်အတွင်း နီးစပ်ရာ ဒုက္ခသည်စခန်း တွေကို ထွက်ပြေးခဲ့ရတဲ့ မွတ်စလင်ဒုက္ခသည်တွေ နေရပ်ပြန်လာနိုင်ဖို့ အဆင်သင့်ပြင်ဆင်ထားတယ်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းက RFA ကိုပြောပါတယ်။

Friday, January 29, 2021

ရိုဟင်ဂျာများနေရပ်ပြန်ရေးကိစ္စအပေါ် ငြိမ်းချမ်းသော ဖြေ ရှင်းချက်ရရှိရန် ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်တိုက်တွန်း

 ဒါကာ၊ ဇန်နဝါရီ ၂၉

ဒေသတွင်းလုံခြုံရေးနှင့်ဖွံ့ဖြိုးတိုးတက်မှုများအတွက် ပဋိပက္ခတစုံတခုမဖြစ်စေဘဲ ရိုဟင်ဂျာများ နေရပ်ပြန်ရေး အတွက် ရင်းနှီးသောသဘောထားဖြင့် မြန်မာနိုင်ငံနှင့်ဆွေးနွေးမှုများဆက်လုပ်သွား မည်ဟု ဘင်္ဂလားဒေ့ရှ် ဝန် ကြီးချုပ် ရှိတ် ဟာဆီနာက ကြာသပတေးနေ့တွင်ပြောသည်။

နိုင်ငံသားများကိုပြန်ခေါ်ရန် မြန်မာနိုင်ငံနှင့်ဆွေးနွေးမှုများဆက်လက်ပြုလုပ်နေသည်ဟုလည်းပြောသည်။

ပြီးခဲ့သည့်သီတင်းပတ်များအတွင်း ရိုဟင်ဂျာများနေရပ်ပြန်ရေးအတွက် တရုတ်-မြန်မာ-ဘင်္ဂလားဒေ့ရှ် ၃ ပွင့် ဆိုင်ဆွေးနွေးမှုများပြုလုပ်ခဲ့သည်။

Wednesday, January 20, 2021

နေရပ်ပြန်ရေး မဖြစ်နိုင်သေးကြောင်း ရိုဟင်ဂျာတွေပြော

လွတ်လပ်တဲ့အာရှအသံ ( RFA )
မြန်မာဌာန | သတင်းများ
ဦးသစ်ဆင်း
2021-01-19

ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာဒုက္ခသည်တွေ ပြန်လာလို့မရအောင် ခြိမ်းခြောက်တားဆီးနေတဲ့ အကြမ်း ဖက် အဖွဲ့တွေကို တားဆီးပေးဖို့ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဒုတိယဝန်ကြီး ဦးဟောက်ဒိုဆွမ်း က တိုက်တွန်းလိုက်ပါတယ်။ ဇန်နဝါရီ ၁၉ ရက် မနေ့က ကျင်းပတဲ့ မြန်မာ၊ တရုတ်၊ ဘင်္ဂလားဒေ့ရှ် သုံးပွင့်ဆိုင် ဆွေးနွေးပွဲမှာ တိုက်တွန်းလိုက်တာဖြစ်ပြီး ဒီရိုဟင်ဂျာဒုက္ခသည်တွေ ဒုတိယလ ၃ လပါတ်အတွင်း နေရပ်ပြန်ဖို့ ကို လည်း မြန်မာဘက်က သဘောတူညီခဲ့ပါတယ်။ ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းက ရိုဟင်ဂျာတွေကတော့ လတ်တလော နေရပ်ပြန်ဖို့ မဖြစ်နိုင်သေးဘူးလို့ ဆိုပါတယ်။

Tuesday, January 19, 2021

နေရပ်ပြန်ချင်တဲ့ ရိုဟင်ဂျာတွေကို ခြိမ်းခြောက်နေသူတွေ ကို ဖော်ထုတ်ဖို့ မြန်မာပြော

လွတ်လပ်တဲ့အာရှအသံ ( RFA )
မြန်မာဌာန | သတင်းများ
စောဖိုးခွား
2021-01-19
 
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ကော့ဆက်ဘဇားဒုက္ခသည်စခန်းက ရိုဟင်ဂျာများကို ၂ဝ၂ဝ ဒီဇင်ဘာ ၂၉ ရက်နေ့က ဘာဆန်ချာကျွန်းကို ပို့ဆောင်နေစဉ်။
Photo: AFP


ဘင်္ဂလားဒေ့ရှ်နိုင်ငံကနေ မြန်မာနိုင်ငံကို ပြန်လာချင်တဲ့ ရိုဟင်ဂျာဒုက္ခသည်တွေကို ပြန်လာလို့မရအောင် ခြိမ်း aNခာက်တားဆီးနေတဲ့ အကြမ်းဖက်အဖွဲ့တွေကို ဖော်ထုတ် တားဆီးပေးဖို့ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင် ရွက်ရေး ဒုတိယဝန်ကြီး ဦးဟောက်ဒိုဆွမ်းက ဒီကနေ့ တိုက်တွန်းလိုက်ပါတယ်။

ဒီကနေ့ ဗီဒီယိုကွန်ဖရင့်နဲ့ ကျင်းပတဲ့ မြန်မာ-တရုတ်-ဘင်္ဂလားဒေ့ရှ် သုံးနိုင်ငံ အလွတ်သဘောဆွေးနွေးပွဲမှာ ဦး aဟာက်ဒိုစွမ်းက တိုက်တွန်းခဲ့တာပါ။ ဒီအစည်းအဝေးမှာ ရိုဟင်ဂျာဒုက္ခသည်တွေ ပြန်လည်လက်ခံရေး အောင် မြင် ဖို့ မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံအကြား လက်မှတ်ထိုးထားတဲ့ သဘောတူညီချက်တွေကိုအမြန်အကောင် အထည်ဖော်ဖို့ ကိစ္စလည်းဆွေးနွေးခဲ့ပါတယ်။

Wednesday, November 25, 2020

ရိုဟင်ဂျာဒုက္ခသည် ပြန်သွားနိုင်ရေး မြန်မာကိုဖိအားပေးဖို့ ဘင်္ဂလားဒေ့ရှ်တောင်းဆို

VOA
ဗွီအိုအေ (မြန်မာပိုင်း)
25 နိုဝင်ဘာ၊ 2020  
ဘင်္ဂလားဒေရှ့် နိုင်ငံမှာ ခိုလှုံနေရတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေကို ဘေးကင်းလုံခြုံမှု ရှိရှိ ဂုဏ်သိက္ခာနဲ့ အညီ ရေရှည်ခံမယ့် ဌာနေပြန်ရေး ဖြစ်လာဖို့ မြန်မာ အစိုးရကို ပြင်းပြင်းထန်ထန် ဖိအားပေးဖို့ လိုအပ်တယ်လို့ ဘင်္ဂ လားဒေရှ့် နိုင်ငံခြားရေး ၀န်ကြီး ဒေါက်တာ A. K. Abdul Momen က ထောက်ပြ ပြောဆိုလိုက်ပါတယ်။

ရိုဟင်ဂျာ ပြသနာ ဖြေရှင်းနိုင်ရေး နိုင်ငံတကာဘက်က အရေးပေါ် တိုးမြှင့် ဆောင်ရွက်ကြဖို့လိုအပ်တယ် လို့ လည်း ၀န်ကြီး Momen က ထောက်ပြပါတယ်။ ဘင်္ဂလားဒေရှ့်ဆိုင်ရာ သံအမတ်ကြီးသစ်တွေ အဖြစ် အသစ် ခန့်အပ်ခံကြရတဲ့ ဆွီဒင် သံအမတ်ကြီး Berg Von Linde ၊ စပိန် သံအမတ်ကြီး Francisco de As-s Benitez Salas နဲ့ နော်ဝေ သံအမတ်ကြီး Espen Rikter-Svendsen တို့နဲ့ နိုင်ငံတော် ဧည့်ဂေဟာ Padma မှာ တွေ့ဆုံ စဉ် အခုလို တိုက်တွန်းခဲ့တာလို့ နိုင်ငံခြားရေး ၀န်ကြီးဌာန ထုတ်ပြန်ချက်ကို ကိုးကားပြီး ဘင်္ဂလားဒေရှ့် သ တင်းတွေမှာ ဖော်ပြပါတယ်။

Thursday, October 15, 2020

မြန်မာရွေးကောက်ပွဲပြီးပါက ရိုဟင်ဂျာများနေရပ်ပြန်ရေး အမေရိကန်က ထပ်မံညှိနှိုင်းမည်

Myanmar Top News
October 15, 2020


နိုဝင်ဘာ ၈ ရက်တွင် မြန်မာနိုင်ငံ၌ကျင်းပမည့်အထွေထွေရွေးကောက်ပွဲပြီးပါက မြန်မာနိုင်ငံသို့ ရိုဟင်ဂျာများ နေရပ်ပြန်ရေးနှင့် ရခိုင်ပြည်နယ်တွင် လူ့အခွင့်အရေးချိုး ဖောက်မှုများအတွက် အမေရိကန်နိုင်ငံက မြန်မာနိုင် ငံ  နှင့်အသစ်တဖန်ပြန်လည်ညှိနှိုင်းပေးမည်ဟု ဘင်္ဂလားဒေ့ရှ်ဒုတိယနိုင်ငံခြားရေးဝန်ကြီး ရှာရီယာ အာလမ်က ဗုဒ္ဓ ဟူးနေ့တွင်ပြောသည်။

“ရိုဟင်ဂျာတွေနေရပ်ပြန်စေချင်တယ်”ဟု အမေရိကန်ဒုတိယနိုင်ငံခြားရေးဝန်ကြီး စတီဖင် ဘီဂန်နှင့် ဒါကာမြို့ တွင် တွေ့ဆုံမှုအပြီး သတင်းထောက်များကိုပြောသည်။

Wednesday, October 14, 2020

မြန်မာနိုင်ငံသို့ ရိုဟင်ဂျာများနေရပ်ပြန်ရေးကြန့်ကြာမှုအပေါ် တရုတ်နိုင်ငံစိုးရိမ်နေ

OCTOBER 12, 2020
ဒါကာ၊ အောက်တိုဘာ ၁၂

ရိုဟင်ဂျာများ ရခိုင်ပြည်နယ်မှနေရပ်သို့ပြန်မည့်လုပ်ငန်းစဉ်များ အထမမြောက် သေးသည့်အတွက် စိုးရိမ် ကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာတရုတ်သံအမတ်ကြီး လီဂျင်မင်းက တနင်္ဂနွေနေ့ တွင်ပြောသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး အေကေ အဗ္ဗဒူ မိုမန်နှင့် တွေ့ဆုံရာတွင်ပြောခြင်းဖြစ်သည်။

မြန်မာနိုင်ငံသို့ ရိုဟင်ဂျာများ မြန်ဆန်၊ ရေရှည်တည်တံ့သည့်နေရပ်ပြန်မှုဖြစ်နိုင်စေရန် တရုတအစိုးရထောက်ပံ့ ပေးရေး မိုမန်ကတောင်းဆိုသည်။

Wednesday, September 30, 2020

ရိုဟင်ဂျာတွေ နေရပ်ပြန်ရေး မြန်မာကို ဘင်္ဂလားဒေ့ရှ် ဖိအားပေးလို့မရ (အတိုင်ပင်ခံရုံးဝန်ကြီး)

VOA
ဗွီအိုအေ (မြန်မာဌာန)
30 စက်တင်ဘာ၊ 2020
အင်ကြင်းနိုင်
 
နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီး ဦးကျော်တင့်ဆွေ (UNTV)


ရိုဟင်ဂျာဒုက္ခသည်တွေ နေရပ်ပြန်ရေးကိစ္စ ဘင်္ဂလားဒေ့ရှ်အနေနဲ့ မြန်မာကို ဖိအားပေးလို့ မရဘူးလို့ နိုင်ငံ တော်အတိုင်ပင်ခံရုံးဝန်ကြီး ဦးကျော်တင့်ဆွေက ကုလသမဂ္ဂမှာ အင်္ဂါနေ့က ပြောကြားခဲ့ပါတယ်။ ဒါအပြင် အာဆာနဲ့ အေအေ ရခိုင်လက်နက်ကိုင်အဖွဲ့တွေဟာ ဘင်္ဂလားဒေ့ရှ်ပိုင်နက်ကို နှစ်ပေါင်းများစွာကတည်းက ခြေကုပ်ယူအသုံးချနေတယ်လို့လည်း စွပ်စွဲသွားပါတယ်။

Monday, August 24, 2020

ဌာနေပြန်ရေး မရေရာတဲ့ ရိုဟင်ဂျာတွေ နိုင်ငံသစ်မှာ အခြေ ချနိုင်ရေး မျှော်လင့်

VOA
ဗွီအိုအေ (မြန်မာပိုင်း)
24 သြဂုတ်၊ 2020
ဘင်္ဂလားဒေ့ရှ်နိုင်ငံ Cox's Bazar ရှိ ကုတုပလောင် ဒုက္ခသည်စခန်းမှာ ဆုတောင်းပွဲကျင်းပနေတဲ့ ရိုဟင်ဂျာများ။ (သြဂုတ် ၂၅၊ ၂၀၁၉)


ရိုဟင်ဂျာ ဒုက္ခသည်တွေ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ခိုလှုံနေရတာ ၃ နှစ် ပြည့်ခဲ့ပါပြီ။ ဒုက္ခသည်စခန်းတွင်းက အဖြစ်ဆောက်ထားတဲ့ ခိုလှုံရေးစခန်းတွေမှာ နေထိုင်နေရတဲ့ မြန်မာနိုင်ငံက မွတ်စလင် လူနည်းစုဝင် တ သန်းလောက်ရဲ့ ရှေ့ရေးကတော့ မရေမရာ ရှိနေဆဲပါ။

၂၀၁၈ နဲ့ ၂၀၁၉ ခုနှစ်အတွင်း ဌာနေပြန်ရေး ၂ ကြိမ် စီစဉ်ခဲ့ပေမယ့်လည်း ဒုက္ခသည်တွေက လက်မခံတာ ကြောင့် မအောင်မြင်ခဲ့ပါဘူး။

Thursday, August 20, 2020

ရိုဟင်ဂျာတွေနေရပ်ပြန်နိုင်ရေး အိန္ဒိယကူညီဖို့ ဘင်္ဂလား ဒေ့ရှ်တိုက်တွန်

VOA
ဗွီအိုအေ (မြန်မာပိုင်း)
20 သြဂုတ်၊ 2020  
မှတ်တမ်းဓါတ်ပုံ- ၂၀၁၇ နိုဝင်ဘာတုန်းက ထွက်ပြေးလာကြတဲ့ ရိုဟင်ဂျာ ဒုက္ခသည်များ


ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဒုက္ခသည် စခန်းတွေမှာ ရောက်ရှိနေတဲ့ ရိုဟင်ဂျာတွေကို နေရပ်ပြန်ပို့ရေးကိစ္စမှာ အိန္ဒိယနိုင်ငံကလည်း ပူးပေါင်း ကူညီပေးဖို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ပြောကြား ခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာန အတွင်းဝန် Masud Bin Momen က ပြောပါတယ်။ ဒါကာမြို့ကို ကြိုတင်စီစဉ် မထားဘဲ ရောက်လာတဲ့ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာန အတွင်းဝန် Harsh Shringla နဲ့ တွေ့ဆုံအပြီး ဗုဒ္ဓဟူးနေ့မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးဌာန အတွင်းဝန် Masud Bin Momen က သတင်းထောက် တွေကို အခုလို ပြောလိုက်တာလည်း ဖြစ်ပါတယ်။

Wednesday, March 4, 2020

ရိုဟင်ဂျာတွေနေရပ်ပြန်ရေး မြန်မာလုပ်ဆောင်မှု နှေးကွေး ကြောင်း ကုလပြော

VOA
ဗွီအိုအေ (မြန်မာဌာန)
ရိုဟင်ဂျာတွေနေရပ်ပြန်လာရေးအတွက် ဆောက်ထားသော စခန်းများ


ဘင်္ဂလားဒေ့ရှ်ရောက် သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ နေရပ်ပြန်ရေး မြန်မာနိုင်ငံ ဘက်က ကြိုး ပမ်း မှုတွေဟာ နှေးကွေးလွန်းတဲ့အကြောင်း ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးက ပြောဆိုလိုက် ပါတယ်။

ဒုက္ခသည်တွေ ဘင်္ဂလားဒေ့ရှ်ကနေ မြန်မာနိုင်ငံကိုပြန်နိုင်မယ့် အခြေအနေတွေ ဖန်တီးတဲ့ နေရာမှာ နှေး ကွေး လွန်းတာ၊ ဒါမှမဟုတ်ရင်လည်း ဖြစ်မလာသေးတဲ့အကြောင်း မဟာမင်းကြီး Filippo Grandi က အင်္ဂါနေ့မှာ ပြောဆိုလိုက်တာပါ။

Sunday, December 22, 2019

ရိုဟင်ဂျာတွေဆီသွားတဲ့ အစိုးရရဲ့ တတိယခရီးစဉ် ရလဒ် မထူးခြား

လွတ်လပ်တဲ့အာရှအသံ ( RFA )
ဝေမာထွန်း
2019-12-22
နိုင်ငံခြားရေးဝန်ကြီးဌာန၊ အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများနှင့် စီးပွားရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့စ်ဘဇားရှိ နေရပ်စွန့်ခွာသွားသူများနှင့် တွေ့ဆုံခဲ့စဉ်
Photo: Ministry of Foreign Affairs Myanmar


ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကောစ့်ဘဇားကိုရောက်ရှိနေတဲ့ ဒုက္ခသည်တွေ နေရပ်ပြန်ရေး မြန်မာအစိုးရ၊ နိုင်ငံခြား ရေးဝန်ကြီးဌာနက ဒုက္ခသည်စခန်းတွေကို ကိုယ်တိုင်သွားရောက်ရှင်းပြတာ သုံးကြိမ်မြောက်ရှိပြီ ဖြစ်ပေမယ့် ဒုက္ခသည်တွေနဲ့ အစိုးရကြား နေရပ်ပြန်ရေး သဘောတူညီချက် တစ်စုံတစ်ရာ မရရှိသေးဘူးလို့ နှစ်ဘက် စ လုံးက ပြောပါတယ်။

Monday, November 4, 2019

ရခိုင်စစ်ပွဲကိစ္စ ကုလအတွင်းရေးမှူးချုပ်ပြောဆိုခြင်းမရှိ၊ ရိုဟင်ဂျာနေရပ်ပြန်ရေး တောင်းဆို

DVB
By DVB
4 November 2019

ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ စစ်ပွဲနဲ့ပတ်သက်ပြီး ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က အာဆီယံ အစည်း အဝေး မှာပြောဆိုခဲ့ခြင်းမရှိဘဲ ဘင်္ဂလားဒေ့ရှ်ဘက် နေရပ်စွန့်ခွာသွားသူတွေ ဆန္ဒအလျောက် ဘေးကင်း လုံခြုံစွာ ပြန်လာနိုင်ရေးဆောင်ရွက်ပေးဖို့ တောင်းဆိုလိုက်ပါတယ်။

နိုဝင်ဘာလ ၃ ရက်နေ့က ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ကျင်းပတဲ့ ၁၀ ကြိမ်မြောက် အာဆီယံ-ကုလသမဂ္ဂ ထိပ်သီးအစည်းအဝေးမှာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီရို ဂူတာရပ်စ်က ပြောသွားတာ ဖြစ်ပါ တယ်။

Monday, October 28, 2019

ရိုဟင်ဂျာတွေ ဌာနေပြန်နိုင်ရေး မြန်မာကို ဖိအားပေးဖို့ နယူးယောက်အမတ်တွေ လုပ်ဆောင်မည်

VOA
ဗွီအိုအေ (မြန်မာဌာန)
28 အောက်တိုဘာ၊ 2019
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဇ်ဘဇားရှိ ရိုဟင်ဂျာဒုက္ခသည်စခန်းတခု။ (သြဂုတ် ၂၂၊ ၂၀၁၉)

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဇ်ဘဇားက ရိုဟင်ဂျာ ဒုက္ခသည်စခန်းတွေကို သွားရောက်ခဲ့ကြတဲ့ အမေရိ ကန် ပြည်ထောင်စု နယူးယောက်ပြည်နယ် လွှတ်တော်က အထက်လွှတ်တော်အမတ် Luis Sepulveda က ရိုဟင်ဂျာတွေ ဌာနေပြန်နိုင်ရေး အတွက် မြန်မာအပေါ် ဖိအားပေးဖို့ အမေရိကန် လွှတ်တော်အမတ်တွေကို တိုက်တွန်းသွားမယ်ဆိုပြီး ပြောဆိုတဲ့အကြောင်း ဘင်္ဂလားဒေ့ရှ် BSS သတင်းကို ကိုးကားပြီး Daily Star က ဖော်ပြပါတယ်။

Friday, August 30, 2019

ဘင်္ဂလားဒေ့ရှ်ရောက် ဒုက္ခသည်တွေ နေရပ်ပြန်မလာ တဲ့ အကြောင်းရင်း

RFA
လွတ်လပ်တဲ့ အာရှအသံ
2019-08-30
ဒုက္ခသည်တွေပြန်လာမယ့် တောင်ပြိုလက်ဝဲမြို့နယ်က မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်စပ်တံတားကို တွေ့ရစဉ်
Photo: Min Thein Aung/RFA

ဘင်္ဂလားဒေ့ရှ်နိုင်ငံကိုရောက်နေတဲ့ ဒုက္ခသည်တွေက မိမိသဘောဆန္ဒအရသာ ပြန်မလာကြတာဖြစ်ပြီး ၀န် ကြီး ဒေါက်တာဝင်းမြတ်အေးပြောသလို စခန်းတာဝန်ရှိသူတွေက မပြန်ဖို့တားဆီးတာတွေနဲ့ ARSA လို အ ကြမ်းဖက် အဖွဲ့အစည်းတွေကလည်း တားဆီးပိတ်ပင် လွှမ်းမိုးတာတွေရှိတယ်ဆိုတာ မမှန်ကန်ဘူးလို့ ဒုက္ခ သည်တွေက ပြောပါတယ်။

Monday, August 26, 2019

ရိုဟင်ဂျာတွေ လုံခြုံစွာ နေရပ်ပြန်နိုင်ရေးစီစဉ်ဖို့ အမေ ရိကန် တိုက်တွန်း

RFA 
လွတ်လပ်တဲ့ အာရှအသံ
2019-08-25
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကုတုပလောင် ဒုက္ခသည်စခန်းက ရိုဟင်ဂျာ မွတ်စလင် ဒုက္ခသည်တွေကို ၂ဝ၁၈ ခုနှစ် သြဂုတ်လ ၂၅ ရက်နေ့က တွေ့ရစဉ် Photo: Dibyangshu SARKAR / AFP
ဘင်္ဂလားဒေ့ရှ်နိုင်ငံကိုရောက်နေတဲ့ ရိုဟင်ဂျာတွေ သူတို့နေရပ်ကို သူတို့ဆန္ဒအရ ပြန်ခွင့်ရဖို့ဆိုရာမှာ သူတို့ နိုင်ငံ သားဖြစ်ခွင့်ရရေး အာမခံချက်မရသေးနိုင်တဲ့အချက်က အဓိကကျနေပါတယ်။အရင်ဆုံးနေ ရပ်ပြန် လာကြပြီးမှသာ နိုင်ငံသားဖြစ်ခွင့်ရှိရေးကို ဆက်လက်လုပ် ဆောင်သွားပေးမှာ ဖြစ်တယ်လို့ မြန်မာအစိုးရ ကိုယ်စားလှယ်တွေက ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲက ဒုက္ခသည်စခန်းတွေအထိ ရှင်းပြပေးခဲ့ပြီးဖြစ်တယ်လို့ နိုင် ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

Friday, August 23, 2019

ရိုဟင်ဂျာ ပြန်ပို့ရေးအစီအစဉ် ကုလဝေဖန်

ဗွီအိုအေ (မြန်မာဌာနဗွီဒီယို
23 သြဂုတ်၊ 2019
ကိုရန်နိုင်
ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးသွားကြတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ နေရပ်ပြန်နိုင်ဖို့အတွက် မြန်မာ နိုင်ငံဘက်က အခြေအနေတွေက အဆင်သင့်မဖြစ်သေးဘူးလို့ ကုလသမဂ္ဂက ပြောလိုက်ပါတယ်။ အခု သီ တင်းပတ်ကစပြီး ဒုက္ခသည်တွေကို မြန်မာဘက်က လက်ခံဖို့ လုပ်ဆောင်ခဲ့ပေမယ့်လည်း၊ ဒုက္ခသည် တွေ တစ်ယောက်မှ ပြန်လာခြင်းမရှိတဲ့နောက် ကုလသမဂ္ဂဘက်က အဲဒီလို ပြောလိုက်တာ ဖြစ်ပါတယ်။ ဒုက္ခ သည်တွေကတော့ သူတို့ရဲ့ အခွင့်အရေးတွေ အပြည့်အ၀ မရမချင်း မြန်မာနိုင်ငံကို မပြန်ဘူးလို့ ပြော ပါ တယ်။ ရိုက်တာသတင်းဌာနရဲ့ ဆောင်းပါးကို အခြေခံပြီး ကိုရန်နိုင်က ပြောပြပေးမှာဖြစ်ပါတယ်။


Thursday, August 22, 2019

ဒုက္ခသည်တွေနေရပ်ပြန်ဖို့ တုံ့ဆိုင်းနေတဲ့အပေါ် စိတ်မကောင်းကြောင်း ဘင်္ဂလားဒေ့ရှ်ဝန်ကြီးပြော

RFA 
လွတ်လပ်တဲ့ အာရှအသံ
2019-08-22

ဘင်္ဂလားဒေ့ရှ်က Shalbagan စခန်းမှာ ဒုက္ခသည်တွေကို နေရပ်ပြန်ပို့ဖို့ စောင့်နေတဲ့ ကားသမားတစ်ဦးကို ၂၀၁၉ သြဂုတ် ၂၂ ရက်နေ့က တွေ့ရစဉ်
Photo: MUNIR UZ ZAMAN / AFP
                                   


ဒုက္ခသည်တွေ နေရပ်ပြန်ဖို့ တုံ့ဆိုင်းနေကြတဲ့အပေါ် စိတ်မကောင်းဖြစ်ရကြောင်း ဘင်္ဂလားဒေ့ရှ်ဝန်ကြီး အဘူမိုမင် က ပြောပါတယ်။

ကြာသပတေးနေ့က စတင်ခဲ့တဲ့ ဒုက္ခသည်ပြန်ပို့ရေးလုပ်ငန်းရလဒ်ကို ကြေညာဖို့ ၀န်ကြီး အဘူမိုမင် ဟာ ညနေ လေးနာရီအထိ စောင့်ဆိုင်း ဆောင်ရွက်ခဲ့ပါတယ်။ မြန်မာနဲ့ တရုတ်အစိုးရအရာရှိတွေလည်း ဒုက္ခ သည်ပြန်လည်ခေါ် ယူရေးလုပ်ငန်းအတွက် ကောက်စဘဇား က ဒုက္ခသည်စခန်းတွေကိုရောက်ရှိနေခဲ့ကြပါ တယ်။ နိုင်ငံခြားရေးဝန်ကြီး အဘူမိုမင်ဟာ ညနေ လေးနာရီ အထိ စောင့်ဆိုင်းခဲ့ပါတယ်။ ဒါပေမဲ့ နေရပ်ပြန် လိုသူ တဦးတယောက်မှ ပေါ်ပေါက်မလာခဲ့ပါဘူး။

ရိုဟင်ဂျာတွေ ဘာကြောင့် မပြန်ချင်သလဲ

VOA
ဗွီအိုအေ (မြန်မာဌာန)
22 သြဂုတ်၊ 2019
မဆုမွန်

နိုင်ငံသားအခွင့်အရေးအပါအဝင် သူတို့တောင်းဆိုထားတဲ့ အချက်တွေကို မြန်မာအစိုးရဘက် ကမလိုက် လျောပေးသေးသရွေ့ ဒီကနေ့ ဘင်္ဂလားဒေ့ရှ်ကနေ မြန်မာနိုင်ငံဘက်ကို ပြန်ပို့ဖို့စီစဉ်ထားတဲ့ ဒုက္ခသည် သုံးထောင်ကျော်ထဲက တဦးတယောက်မှ မပြန်လိုကြဘူးလို့ ရိုဟင်ဂျာ ဒုက္ခသည်တွေကပြောဆို လိုက် ပါတယ်။

ရိုဟင်ဂျာနေရပ်ပြန်ရေး အစီအစဉ်စပေမယ့် တဦးမှပြန် မရောက်

VOA
ဗွီအိုအေ (မြန်မာဌာန)
22 သြဂုတ်၊ 2019
ထက်အောင်ခန့်


ရခိုင်ပြည်မြောက်ပိုင်းက အကြမ်းဖက်ပဋိပက္ခတွေကြောင့် အိမ်နီးချင်းဘင်္ဂလားဒေ့ရှ်နိုင်ငံကို တိမ်းရှောင် သွားကြတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ နေရပ်ပြန်ရေး အစီအစဉ် ပြန်စဖို့ ဒုတိယအကြိမ်ကြိုးပမ်းမှုအဖြစ် ဒီ ကနေ့ စတင်ဆောင်ရွက်ခဲ့ပေမယ့် တယောက်မှ ပြန်မရောက်လာပါဘူး။ ဒုက္ခသည်တွေ နေရပ်ပြန်ရေး အစီအစဉ်အတွက် မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေအကြိမ်ကြိမ် ဆွေးနွေးခဲ့သလို၊ မြန်မာတာဝန် ရှိသူတွေကိုယ်တိုင် ဒုက္ခသည်တွေနဲ့လည်း တွေ့ဆုံညှိုနှိုင်းမှုတွေလုပ်ခဲ့ပေမယ့် ဒီတကြိမ်လည်း ဒုက္ခသည် နေရပ်ပြန်ရေးအစီအစဉ် မအောင်မမြင်ဖြစ်ရပြန်ပါတယ်။

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */