Showing posts with label လွတ်တော်. Show all posts
Showing posts with label လွတ်တော်. Show all posts

Monday, February 25, 2019

အမြစ်ပြုတ်ချေမှုန်းရေးအစား စေ့စပ်ညှိနှိုင်းကြဖို့ ရခိုင်အမတ်တွေတိုက်တွန်း


VOA
ဗွီအိုအေ (မြန်မာဌာန),
မဆုမွန်၊ 
23 ဖေဖော်ဝါရီ၊ 2019
ရခိုင်ပြည်နယ်လွှတ်တော် (ဓာတ်ပုံ-ဦးညီပု fb)

ရခိုင်ပြည်နယ်တွင်း ရခိုင်တိုင်းရင်းသားလက်နက်ကိုင်တပ် AA နဲ့ မြန်မာအစိုးရ စစ်တပ်တို့ ကြား အပြင်းအ ထန် ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ အမြန်ဆုံး ရပ်ဆိုင်းပေးဖို့ ရခိုင်ပြည်နယ် လွှတ်တော်က တိုက်တွန်းတဲ့ အဆို ကို ပြည်နယ်လွှတ်တော်မှာ ကန့်ကွက်သူမရှိ အတည်ပြုလိုက်ကြပါတယ်။ စစ်ရပ်ပေးဖို့ ရခိုင်ပြည်နယ် အစိုးရ ကတဆင့် ပြည် ထောင်စု အစိုးရ ကို တိုက်တွန်းပေးဖို့ ဒီအဆိုကို ရခိုင်ပြည်နယ်လွှတ်တော်မှာ တင်သွင်း ခဲ့ တာပါ။ ငြိမ်းချမ်းရေး ဖော်ဆောင်နေချိန်မှာ အမြစ်ပြုတ်ချေမှုန်းရေးလမ်းစဉ်ကို မကျင့်သုံးဘဲ စေ့စပ်ညိနှှိုင်း ကြ ပါလို့လည်း ပြည်သူ့လွှတ် တော်ကိုယ်စားလှယ်က တိုက်တွန်းပါတယ်။ မဆုမွန် ဆက်သွယ်စုံစမ်း တင်ပြ ပေးထားပါတယ်။

Friday, February 22, 2019

တိုက်ပွဲတွေကို ရပ်ဆိုင်းပေးဖို့ ပြည်နယ်အစိုးရက တဆင့် ပြည်ထောင်စုအစိုးရကိုတိုက်တွန်း

မြန်မာ့တပ်မတော်နဲ့ ရက္ခိုင့်တပ်မတော် အေအေ တို့အကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကို ရပ်ဆိုင်းပေးဖို့ ပြည်နယ်အစိုးရကတဆင့် ပြည်ထောင်စုအစိုးရကိုတိုက်တွန်းကြောင်း အဆိုကို ရခိုင်ပြည်နယ်လွှတ်တော်က အတည်ပြုလိုက်ပါတယ်။ ဒီသတင်းကို ဝဏ္ဏခွာညို ပေးပို့ထားပါတယ်။

  

 

Link : Here

Thursday, February 14, 2019

စားပွဲဝိုင်းဆွေးနွေးပွဲ ကျင်းပရေးအဆို ရခိုင်ပြည်နယ် လွှတ်တော်မှာ ဆွေးနွေးမည်

RFA 
လွတ်လပ်တဲ့ အာရှအသံ
2019-02-14
 ၂၀၁၉ ဖေဖော်ဝါရီ ၁၃ ရက်နေ့ကကျင်းပတဲ့ ရခိုင်ပြည်နယ် လွှတ်တော်အစည်းအဝေးကို တွေ့ရစဉ်

  

ရခိုင်ပြည်နယ်ထဲမှာ အစိုးရတပ်မတော်နဲ့ AA ရက္ခိုင့်တပ်မတော်တို့ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ ရပ်တန့် နိုင်ရေး စားပွဲဝိုင်းမှာဆွေးနွေးဖို့ ပြည်နယ်အစိုးရကနေတဆင့် ပြည်ထောင်စုအစိုးရထံ တိုက်တွန်းကြောင်း အဆိုကို ရခိုင်ပြည် နယ် လွှတ်တော်မှာ ကန့်ကွက်မယ့်သူမရှိတာကြောင့် ဒီနေ့ အတည်ပြုလိုက်ပါတယ်။

ကျောက်နီမော် ကမန်ကိစ္စ လွှတ်တော်ထံပေးပို့ဖို့တင် ပြ

RFA
2019-02-13
ကျောက်ဖြူမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးဖိုးစံ ကို ၂၀၁၉၊ ဖေဖော်ဝါရီလ ၁၃ ရက်နေ့က တွေ့ရစဉ်
Photo: Min Thein Aung/ RFA

ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ် ကျောက်နီမော်ကျေးရွာမှာ အစိုးရက ကမန်လူမျိုးအမည်နဲ့ မှတ်ပုံတင်ထုတ်ပေးထားသူ လူဦးရေ ၃၃၀၀ နဲ့ပတ်သက်တဲ့ အချက်အလက်တွေကို လွှတ်တော်ထံပေးပို့ဖို့ ဒီနေ့ကျင်းပတဲ့ ပြည်နယ် လွှတ် တော်အစည်းအဝေးမှာ အဆိုတင်သွင်းလိုက်ပါတယ်။

Wednesday, February 13, 2019

ကမန်အမည်ဖြင့် ဘင်္ဂါလီ ၃၀၀၀ ကျော်ကို နိုင်ငံသား ကတ် ထုတ်ပေးခဲ့သည့် စာရင်းထုတ်ပေးရန် ရခိုင် လွှတ်တော်၌ အဆိုတင်

DVB
13 February 2019
ကမန်လူမျိုးအမည်နဲ့ နိုင်ငံသားကတ်ထုတ်ပေးထားတဲ့ ဘင်္ဂါလီ ၃၀၀၀ ကျော် ရဲ့အမည်စာရင်း၊ မိသားစုမျိုး ရိုးစဉ်ဆက်ဇယားနဲ့ ကတ်ထုတ်ပေးဖို့ ထောက်ခံပေးခဲ့သူတွေရဲ့ စာရင်းကိုထုတ်ပေးဖို့ ရခိုင်ပြည်နယ် လွှတ်တော် မှာ အဆိုတင်သွင်းလိုက်ပါတယ်။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */