" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label အကြမ်းဖက်မှု. Show all posts
Showing posts with label အကြမ်းဖက်မှု. Show all posts

Friday, October 25, 2019

ရခိုင်ပြဿနာ အကြမ်းဖက်မှုကို ယန်ဟီးလီ လျစ်လျူမရှု

VOA
ဗွီအိုအေ (မြန်မာဌာန)
25 အောက်တိုဘာ၊ 2019
အင်ကြင်းနိုင်
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ပြောသလို ရခိုင်ပြည်နယ် မြောက်ပိုင်းက အကြမ်းဖက် လုပ်ရပ်ကို သူတို့ အာရုံမစိုက်ခဲ့ဘူးဆိုတာ မဟုတ်ပဲ အဓိက အင်အားအဆမတန် သုံးပြီး နိုင်ငံတကာဥပဒေ ကို ချိုးဖောက်တဲ့အထိ မြန်မာစစ်တပ်က နှိမ်နင်းခဲ့တဲ့ လုပ်ရပ်ကို အဓိက ထောက်ပြနေတာ ဖြစ်တယ်လို့ မြန် မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေး အထူးကိုယ်စားလှယ် Yanghee Lee က တုံ့ပြန်ပြောဆိုလိုက်ပါ တယ်။

Friday, August 9, 2019

AA ကိုထောက်ပံ့မှုနဲ့ လူ ၉ ဦးပေါ် အကြမ်းဖက်ဥပဒေ နဲ့ တရားစွဲ

VOA 
ဗွီအိုအေ (မြန်မာဌာန)
09 သြဂုတ်၊ 2019


ရခိုင်လက်နက်ကိုင်အဖွဲ့ (AA) ကို ငွေကြေးထောက်ပံ့ပေးတယ်ဆိုပြီး ရခိုင်အသင်း (စင်္ကာပူ) က ဥက္ကဋ္ဌ အပါအ၀င် လူ ၈ ယောက်ကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေတွေနဲ့ ဒီကနေ့မှာ တရားစွဲဆိုလိုက်ပါတယ်။ ရခိုင်အသင်း စင်္ကာပူရဲ့ဥက္ကဋ္ဌ ကိုဟိန်းဇော်အပါအ၀င် ၈ ဦးကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ (၅၀) (ခ)၊ ပုဒ်မ ၅၂ (ည) တွေနဲ့ အနောက်ပိုင်းခရိုင် တရားရုံးမှာ တရားစွဲဆိုလိုက်တာဖြစ်ပြီး ရန်ကုန်တိုင်း သတင်း ရဲတပ်ဖွဲ့က ရဲမှူးတင့်ရွှေက တရားလိုလုပ်ပြီး တရားစွဲဆိုတာဖြစ်ပါတယ်။

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */