Showing posts with label ဥပဒေ. Show all posts
Showing posts with label ဥပဒေ. Show all posts

Friday, August 9, 2019

AA ကိုထောက်ပံ့မှုနဲ့ လူ ၉ ဦးပေါ် အကြမ်းဖက်ဥပဒေ နဲ့ တရားစွဲ

VOA 
ဗွီအိုအေ (မြန်မာဌာန)
09 သြဂုတ်၊ 2019 
ရခိုင်လက်နက်ကိုင်အဖွဲ့ (AA) ကို ငွေကြေးထောက်ပံ့ပေးတယ်ဆိုပြီး ရခိုင်အသင်း (စင်္ကာပူ) က ဥက္ကဋ္ဌ အပါအဝင် လူ ၈ ယောက်ကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေတွေနဲ့ ဒီကနေ့မှာ တရားစွဲဆိုလိုက်ပါတယ်။ ရခိုင်အသင်း စင်္ကာပူရဲ့ဥက္ကဋ္ဌ ကိုဟိန်းဇော်အပါအဝင် ၈ ဦးကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ (၅၀) (ခ)၊ ပုဒ်မ ၅၂ (ည) တွေနဲ့ အနောက်ပိုင်းခရိုင် တရားရုံးမှာ တရားစွဲဆိုလိုက်တာဖြစ်ပြီး ရန်ကုန်တိုင်း သတင်း ရဲတပ်ဖွဲ့က ရဲမှူးတင့်ရွှေက တရားလိုလုပ်ပြီး တရားစွဲဆိုတာဖြစ်ပါတယ်။

Wednesday, June 26, 2019

တပ်မတော်ကို အရေးယူရေးဥပဒေ အတည်ပြုရေး အမေရိကန် အမတ်များ စတင်လှုပ်ရှား

ဧရာဝတီ
By နန်းလွင်
25 June 2019

၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလအတွင်း ပြုလုပ်ခဲ့သော မြန်မာ့တပ်မတော် ပူးတွဲလေ့ကျင့်ရေးတခု / Reuters

မြန်မာ့တပ်မတော်ကို အရေးယူရန် အမေရိကန် အောက်လွှတ်တော်မှ ဒီမိုကရက်နှင့် ရီပတ်ဗလစ်ကန် နှစ်ပါ တီ လုံးမှ အမတ်များပါဝင်သော အမေရိကန် နိုင်ငံခြားဆက်ဆံရေးကော်မတီက ဥပဒေကြမ်းတရပ်ကို ပြီးခဲ့သည့်အ ပတ်က မဲခွဲ အတည်ပြုလိုက်ပြီး ထိုဖြစ်ရပ်သည် ရခိုင်ပြည်နယ် ရိုဟင်ဂျာအကျပ်အတည်းအတွက် တပ်မတော်ကို ဖိအားပေးရန် ပြည်ပမှ မကြာသေးမီက အားထုတ်မှုသစ်ဖြစ်သည်။

Tuesday, January 29, 2019

ဖွဲ့စည်းပုံပြင်ဆင်ရေးကော်မတီဖွဲ့ဖို့ အဆို တပ် ကိုယ်စား လှယ်တွေ မတ်တပ်ရပ်ကန့်ကွက်



The Standard Time Daily



ဇန္နဝါရီ-၂၉၊၂၀၁၉
ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကော်မတီကို ဖွဲ့စည်းဖို့ အရေးကြီးအဆိုကို ဒီချုပ်ပါတီကိုယ်စား လှယ် ဦးအောင်ကြည်ညွန့်က ဒီနေ့ ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်မှာ တင်သွင်းခဲ့ပါတယ်။

ဦးအောင်ကြည်ညွန့်ရဲ့ အဆိုဟာ ပြည်ထောင်စုလွှတ်တော်ဥပဒေနဲ့ ကိုက်ညီမှုမရှိဘဲ ဥပဒေကို လက်တ လုံးခြား လုပ်တယ်လို့ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်ဗိုလ်မှုးချုပ်မောင်မောင်က ပြောကြားခဲ့ပြီး မဲခွဲဆုံးဖြတ်စရာမလိုဘူးလို့လည်း ဆိုပါတယ် ။

တပ်ကိုယ်စားလှယ်ရဲ့ ကန့်ကွက်မှုကို ပြည်ထောင်စုလွှတ်တော်နာယကကလက်မခံဘဲ ပယ်ချခဲ့ပါတယ်။နာယက ရဲ့ ပယ်ချမှုကြောင့် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်အားလုံးက တစ်မိနစ်ခန့်ကြာ မတ်တပ်ရပ်ကန့်ကွက်ခဲတာ ပါ။

လွှတ်တော်အစည်းအဝေးခန်းထဲမှာ မတ်တပ်ရပ်နေတဲ့ တပ်မတော်သားကိုယ်စားလှယ်တွေကို လွှတ်တော် စည်း ကမ်း ထိန်သိမ်းရေးအတွက် ပြန်ထိုင်ကြဖို့ ပြည်ထောင်စုလွှတ်တော်နာယကက နှစ်ကြိမ်ပြောကြားပြီး တောင်း ပန်ခဲ့တာပါ။ 

ဒီအဆိုဟာ ပြီးခဲ့တဲ့လွှတ်တော်သက်တမ်းမှာလည်း အလားတူပုံစံမျီုးနဲ့ ကော်မတီဖွဲ့စည်းပြီး လုပ်ငန်းတွေ ဆောင် ရွက်ခဲ့တဲ့အတွက် ဥပဒေနဲ့ညီညွတ်ကြောင်း ဒီချုပ်ပါတီက ဒေါက်တာမြတ်ဉာဏစိုးက တင်သွင်း ခဲ့ပြီး နောက်မှာ တော့ ပြည်ထောင်စုလွှတ်တော်မှာ မဲခွဲဆုံးဖြတ်ပြီး ထောက်ခံမဲ ၃၉၄ မဲနဲ့ အဆိုကို ဆွေးနွေးဖို့ အ တည်ပြုခဲ့ပါတယ်။

မဲပေးခွင့်ရှိသူပေါင်း ၆၀၁ ဦးမှာ ထောက်ခံမဲ ၃၉၄၊ ကြားနေမဲ ၂မဲ၊ ကန့်ကွက်မဲ ၁၈ မဲရှိခဲ့တဲ့အတွက် မဲလုံးဝ မပေးတဲ့အရေအတွက်က ၁၈၇ ဦးဖြစ်ပါတယ်။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */