DVB
February 20, 2025
ရခိုင်ပြည်နယ်၊ စစ်တွေမြို့ကိုရောက်ရှိတဲ့ ရိုဟင်ဂျာ ၉၀၀ ကျော်နဲ့ ပတ်သက်ပြီး စစ်ကောင်စီက သတင်း မထုတ်ပြန်သေးတဲ့အတွက် အတင်းအဓမ္မ စစ်မှုထမ်းစေခိုင်းခံရမှာကို ရိုဟင်ဂျာ အရေးတက်ကြွလှုပ်ရှားသူတွေက စိုးရိမ်နေပါတယ်။
ဖေဖော်ဝါရီ ၁၆ ရက်မှာ အင်းစိန်အကျဉ်းထောင်ကနေ လွတ်ရက်စေ့တဲ့ ရိုဟင်ဂျာ ၉၁၈ ယောက်ကို စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေက ရန်ကုန်ကနေ စစ်တွေမြို့ကို ရေကြောင်းကနေ ပို့ဆောင်ခဲ့တာပါ။