ပြည်ထောင်စုမြန်မာနိုင်ငံတော်
၂၅-၁၀-၂၀၁၉ ရက်၊ ဘာကူးမြို့
အဇာဘိုင်ဂျန်နိုင်ငံ၊ ဘာကူးမြို့၌ ကျင်းပလျက်ရှိသည့် ဘက်မလိုက်လှုပ်ရှားမှုအဖွဲ့၏ (၁၈) ကြိမ်မြောက် ထိပ် သီးအစည်းအဝေးအကြို ဝန်ကြီးအဆင့် ကြိုတင်ပြင်ဆင်ရေး အစည်းအဝေးတွင် အပြည်ပြည်ဆိုင်ရာ ပူး ပေါင်းဆာင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်က ၂၃-၁၀-၂၀၁၉ ရက်နေ့၌ မိန့်ခွန်း တစ် ရပ်ပြောကြားခဲ့ပြီး ယနေ့ ကမ္ဘာ့စိန်ခေါ်မှုများကို ရင်ဆိုင်နိုင်ရန်အတွက် ဘက်မလိုက်လှုပ် ရှားမှု အဖွဲ့၏ စည်း လုံးညီညွတ်မှုကို ပိုမိုခိုင်မာအောင် ဆောင်ရွက်ကြရန်နှင့် အဖွဲ့ဝင်နိုင်ငံများအချင်းချင်း၏ ပြဿနာများကို နှစ် နိုင်ငံအကြား ချစ်ကြည်ရင်းနှီးစွာဖြင့် ဖြေရှင်းကြရန် လိုအပ်ကြောင်း အလေးပေးတိုက်တွန်းခဲ့သည်။