" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label စစ်တွေမြို့. Show all posts
Showing posts with label စစ်တွေမြို့. Show all posts

Sunday, April 21, 2024

စစ်တွေမြို့နယ်က ရိုဟင်ဂျာ ၈၀ နီးပါး စစ်မှုထမ်းဖို့ ထပ်မံခေါ်ဆောင်ခံရ

RFA
RFA Burmese
2024.04.21

စစ်ယူနီဖောင်းဝတ်ဆင်ထားပြီး သေနတ်ကိုင်ဆောင်ထားသည့် မွတ်စလင်များအား ၂၀၂၄ ခုနှစ် မတ်လ ၉ ရက်နေ့က တွေ့ရစဉ်။ Citizen Journalist

စစ်တွေမြို့နယ်မှာ ဧပြီလ ၁ ရက်နေ့ကနေ ၂၁ ရက်ဒီနေ့အထိ ဘုမေကျေးရွာ၊ ဘာဆာရာကျေးရွာနဲ့ အဲဒီရွာတွေအတွင်းမှာရှိတဲ့ ဒုက္ခသည်စခန်း (IDP Camp) တွေမှာ ခိုလှုံနေကြတဲ့ ရိုဟင်ဂျာ ရှစ်ဆယ်နီးပါးကို စစ်မှုထမ်းဖို့ စစ်ကောင်စီတပ်က ဖိအားပေးပြီး ခေါ်သွားတယ်လို့ ရွာခံတွေက ပြောပါတယ်။

Tuesday, April 2, 2024

ဘူးသီး‌တောင်အကျဉ်းထောင်မှအကျဉ်းသားများနှင့် စစ်လက်နက်အသုံးအဆောင်ပစ္စည်းများကို စစ်တွေမြို့သို့ပြောင်းရွှေ့ နေ

နိရဉ္စရာ
သဉ္ဇာနွယ်၊
ဧပြီ ၁ / ၂၀၂၄

ရခိုင်ပြည်၊ ဘူးသီးတောင်မြို့အကျဉ်းထောင်ရှိ အကျဉ်းသားများနှင့် စစ်လက်နက်အသုံးအဆောင်ပစ္စည်းများကို စစ်တွေမြို့သို့ ရွှေ့ပြောင်းနေကြောင်း သတင်းရရှိသည်။

Thursday, March 28, 2024

စစ်တွေမှာ စစ်ကောင်စီတပ်ရဲ့ လက်ပစ်ဗုံးကြောင့် ရိုဟင်ဂျာ နှစ်ဦးသေ၊ သုံးဦးဒဏ်ရာရ

RFA
RFA Burmese
2024.03.28

                        ရခိုင်ပြည်နယ် စစ်တွေမြို့အား ၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလ ၂၅ ရက်နေ့က တွေ့ရစဉ်။ Photo: RFA 

ရခိုင်ပြည်နယ် စစ်တွေမြို့နယ် မောင်နီပြင်ကျေးရွာအုပ်စု ဒုံးပြင်ရွာမှာ မတ်လ ၂၇ ရက် မနေ့ညနေပိုင်းက စစ်ကောင်စီတပ်သားနှစ်ဦးက လက်ပစ်ဗုံးတစ်လုံးနဲ့ ပစ်ခတ်ခဲ့တာကြောင့် ရိုဟင်ဂျာ နှစ်ဦးသေဆုံးပြီး သုံးဦးဒဏ်ရာရသွားခဲ့တယ်လို့ ရွာသားတွေက RFA ကို ဒီနေ့ ပြောပါတယ်။

Friday, March 22, 2024

စစ်တွေမြို့က ရာနဲ့ချီတဲ့ရိုဟင်ဂျာတွေ AA အလိုမရှိကြောင်း ဆန္ဒပြ

RFA
RFA Burmese
2024.03.21

ရခိုင်ပြည်နယ် စစ်တွေမြို့တွင်ရိုဟင်ဂျာများမှ AA အလိုမရှိ၊ တိုက်ပွဲအလိုမရှိဆိုပြီး ၂၀၂၄ ခုနှစ်၊ မတ်လ ၂၁ ရက်နေ့က ဆန္ဒပြခဲ့ကြစဉ်။ MRTV

ရခိုင်ပြည်နယ် စစ်တွေမြို့က ရာနဲ့ချီတဲ့ ရိုဟင်ဂျာတွေဟာ ရက္ခိုင့်တပ်တော် (AA) အလိုမရှိကြောင်းနဲ့ တိုက်ပွဲအလိုမရှိကြောင်း မတ်လ ၂၁ ရက်နေ့က စစ်တွေမြို့မှာ ဆန္ဒပြခဲ့ကြပါတယ်။

Saturday, March 16, 2024

စစ်တွေမှာ သေနတ်သမားတွေကြောင့် ရိုဟင်ဂျာတစ်ဦးသေ၊ နှစ်ဦးဒဏ်ရာရ

RFA
RFA Burmese
2024.03.15
 

ရခိုင်ပြည်နယ် စစ်တွေမြို့ ဘုမေ မွတ်စလင်ရွာစျေးကို ၂၀၂၃ ခုနှစ် အောက်တိုဘာ ၉ ရက်နေ့က တွေ့ရစဉ်။
RFA

ရခိုင်ပြည်နယ် စစ်တွေမြို့ ဘုမေကျေးရွာမှာ မတ်လ ၁၄ ရက်နေ့ မနက်ပိုင်းက သေနတ်သမားတွေရဲ့ ပစ်ခတ်မှုကြောင့် အသက် ၂၀ ကျော်အရွယ် ရိုဟင်ဂျာတစ်ဦးသေဆုံးပြီး နောက်ထပ် နှစ်ဦးဒဏ်ရာရ သွားခဲ့တယ်လို့ ရိုဟင်ဂျာကျေးရွာသားတွေက RFA ကို ပြောပါတယ်။

Sunday, March 10, 2024

စစ်တပ် ပစ်သည့် လက်နက်ကြီးကြောင့် စစ်တွေရှိ ရိုဟင်ဂျာ ၈ ဦး သေဆုံး

Myanmar Now
ရောင်နီ
March 10, 2024

အချိန်မရွေးတိုက်ခိုက်ခံရနိုင်ခြေရှိနေသော မြို့တော်စစ်တွေရှိ မြို့ခံအများစုသည် တိမ်းရှောင်နေပြီး ရိုဟင်ဂျာ အများစုသည် စစ်ကောင်စီကြောင့် ထွက်ခွာခွင့်မရဘဲ ကျောက်ဖြူတွင် နေထိုင်သူများက ပြည်သူ့စစ်စုဆောင်း ခြင်းများပါ ခံနေရသည်။

၂၀၂၃ မေလအစောပိုင်းက မိုခါမုန်တိုင်းအတွင်း စက်လှေများ မျောပါမသွားစေရန် ကြိုတင်ပြင်ဆင်နေသည့် သဲချောင်းရွာမှ ရိုဟင်ဂျာစက်လှေတချို့။ (ဓာတ်ပုံ-Myanmar Now)

ရခိုင်ပြည်နယ် မြို့တော်စစ်တွေတွင် ယမန်နေ့ (မတ် ၉) ည ၉ နာရီခန့်တွင် လက်နက်ကြီးဖြင့် ပစ်ခတ်ခံရသဖြင့် လူနေရပ်ကွက်အတွင်း ကျရောက်ပေါက်ကွဲကာ ရိုဟင်ဂျာ ၈ ဦး သေဆုံးပြီး ၉ ဦးခန့် ဒဏ်ရာရရှိသွားသည်ဟု မြို့ခံများထံမှ သိရသည်။

စစ်တွေမြို့ လူနေရပ်ကွက်ထဲ လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲ၍ မွတ်ဆလင် ၅ ဦး သေဆုံးကာ ကလေးငယ်များအပါအဝင် ၁၀ ကျော်ထိခိုက်ဒဏ်ရာရ

Narinjara
ရက်စွဲ: ၁၀ မတ် ၂၀၂၄ 

ယမန်နေ့ ညက စစ်ကောင်စီတပ်မှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်တစ်လုံးသည် စစ်တွေမြို့ လူနေရပ်ကွက်ထဲကို ကျရောက်ပေါက်ကွဲ၍ မွတ်ဆလင် ၅ဦး ပွဲချင်းပြီးသေဆုံးကာ ၁၀ ကျော် ထိခိုက် ဒဏ်ရာရရရှိသွားခဲ့သည်ဟု သတင်းရရှိသည်။

စစ်တွေမှာ လူနေလူထပ်တဲ့ ရပ်ကွက်ထဲ လက်နက်ကြီးကျလို့ သေဆုံးသူ ၇ ဦးအထိရှိလာ

BBC
10.03.2024 

စစ်တွေမြို့က ပြည်နယ်ကောင်စီရုံးအနီးမှာ လုံခြုံရေးတင်းကျပ်ထားတာကို ၂၀၂၃ ခုနှစ်၊ ဇွန်လတုန်းကမြင်တွေ့ ရတာဖြစ်ပါတယ်

ရခိုင်ပြည်နယ်မြို့တော် စစ်တွေက ‌အောင်မင်္ဂလာရပ်ကွက်ထဲကို မတ်လ ၉ ရက်ညပိုင်းမှာလက်နက် ကြီးကျခဲ့တာကြောင့် သေဆုံးသူ ၇ ဦးအထိမြင့်တက်လာတယ်လို့ သိရပါတယ်။

စစ်တွေမြို့ပေါ်မှာ လက်နက်ကြီးကြောင့် ရိုဟင်ဂျာခုနစ်ဦး သေဆုံးပြီး ငါးဦးဒဏ်ရာရ

RFA
RFA Burmese
2024.03.10

စစ်တွေမြို့ပေါ် ကသည်းရပ်ကွက်နှင့် အောင်မင်္ဂလာရပ်ကွက်အကြား လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့သည့်နေရာအား ၂၀၂၄ ခုနှစ်၊ မတ်လ ၁၀ ရက်နေ့က တွေ့ရစဥ်။ရခိုင်ပြည်လွတ်မြောက်ရေးပါတီ- စည်းရုံးရေးနှင့်ပြန်ကြားရေးဌာန

ရခိုင်ပြည်နယ်၊ စစ်တွေမြို့ပေါ်က ကသည်းရပ်ကွက်နဲ့ အောင်မင်္ဂလာရပ်ကွက်အကြားကို မတ်လ ၉ ရက်နေ့ည ၁၁ နာရီကျော်မှာ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ရိုဟင်ဂျာခုနစ်ဦးသေဆုံးပြီး ငါးဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

Wednesday, February 14, 2024

ရခိုင်ပြည်နယ်က သံတမန်တွေကို ဘင်္ဂလားဒေ့ရှ်နေရာရွှေ့

RFA
RFA Burmese
2024.02.13

၂ဝ၂ဝ ပြည့်နှစ်က တွေ့မြင်ရသည့် ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ စစ်တွေမြို့အဆောက်အအုံ
Photo: Bangladesh Consulate

ရခိုင်ပြည်နယ်ထဲမှာ တိုက်ပွဲတွေ ပြင်းထန်လာနေတာကြောင့် အဲဒီမှာ တာဝန်ထမ်းဆောင်နေကြတဲ့ သံတမန်တွေကို ဘေးလွတ်ရာပြောင်းရွှေ့နေတယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး ဟတ်ဆန် မာမတ် (Hasan Mahmud) က သတင်းထောက်တွေကို ဖေဖော်ဝါရီလ ၁၃ ရက်နေ့က ပြောပါတယ်။

Sunday, November 26, 2023

စစ်တွေမြို့ သဲချောင်းရွာက ရိုဟင်ဂျာဒုက္ခသည်တွေ အပါ အဝင် နှစ်ဆယ်ကျော် ဖမ်းဆီးခံရ

RFA
RFA Burmese
2023.11.26 

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်ရှိ သဲချောင်း ရိုဟင်ဂျာဒုက္ခသည်စခန်းတွင် ခိုလှုံနေကြသူများအား ၂၀၂၃ ခုနှစ်၊ မတ်လ ၂၂ ရက်နေ့က တွေ့ရစဉ်။ Photo: RFA 

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ် သဲချောင်းရွာ အုပ်ချုပ်ရေးမှူး၊ ဒေသခံရွာသားတချို့နဲ့ သဲချောင်းဒုက္ခ သည် စခန်းက ရိုဟင်ဂျာဒုက္ခသည်တွေ အပါအဝင် နှစ်ဆယ်ကျော်ကို နိုဝင်ဘာလ ၂၅ ရက်မနေ့ည နေ ပိုင်းမှာ အင်အားသုံးဆယ်လောက်ပါတဲ့ စစ်ကောင်စီ တပ်သားတွေ ကားသုံးစီးနဲ့ရောက်လာပြီး ဖမ်း ဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Tuesday, November 21, 2023

စစ်တွေမြို့ဘက်ကပစ်ခတ်သည့်လက်နက်ကြီး ပေါက်တော ကျေးရွာများသို့ ကျရောက်ပေါက်ကွဲနေ (ရုပ်သံ)

Western News
နိုဝင်ဘာ ၂၁ 


ရခိုင်ပြည်၊ စစ်တွေမြို့ အမှတ် (၁၂)တပ်ရင်းကနေ တိုက်ပွဲဖြစ်ပွားနေသည့် ပေါက်တောမြို့ဘက်ကို ပစ်ခတ်နေ၍ ပေါက်တောမြို့နယ် ကျေးရွာများသို့ ကျရောက်ပြီး ထိခိုက်ဒဏ်ရာရရှိမှုများရှိကြောင်း Western News က စုံစမ်းသိရှိရသည်။

လက်ရှိသတင်းရေးနေသည့်အချိန်အထိ စစ်တွေမြို့က ပစ်ခတ်သည့် လက်နက်ကြီး၂၁လုံးထက် မ နည်း ရှိပြီးဖြစ်ကြောင်း စစ်တွေမြို့ ရွှေပြားရပ်ကွက်တွင် နေထိုင်သည့် အမျိုးသမီးတစ်ဦးက ပြော သည်။

Western News-WN

Link : Here

Monday, November 13, 2023

စစ်တွေမြို့ကို ညကိုးနာရီနောက်ပိုင်း ညမထွက်ရအမိန့် စစ် ကောင်စီထုတ်

RFA
RFA Burmese
2023.11.13
 

ရခိုင်ပြည်နယ်၊ စစ်တွေမြို့ပေါ်တွင် စစ်ကောင်စီ သံချပ်ကာကား တစ်စင်းအား ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်နေ့က တွေ့ရစဉ်။ Photo: RFA

ရခိုင်ပြည်နယ်၊ စစ်တွေမြို့ပေါ် ရပ်ကွက်အားလုံးမှာ နိုဝင်ဘာလ ၁၃ ရက်ဒီနေ့ကစပြီး ညနေ ၉ နာရီ နောက်ပိုင်း အပြင်မထွက်ကြဖို့ ညမထွက်ရအမိန့်ကို ရက်အကန့်အသတ် မရှိဆိုပြီး စစ်ကောင်စီ ဘက် က ထုတ်ပြန်လိုက်ပါတယ်။

Tuesday, November 7, 2023

မိုခါမုန်တိုင်းအလွန် ဝမ်းရေးသာမက၊ နေရေးပါ ခက်လာ သည့် ရိုဟင်ဂျာများ

Myanmar Now
ရောင်နီ
September 8, 2023

အရပ်ခပ်ပုပု၊ ခန္ဓာကိုယ်ဝဝဖြိုးဖြိုးနှင့် အသက် ၄၀ အရွယ် ရိုဟင်ဂျာအမျိုးသမီး လိုင်လာဘေဂါမ့်ကို မြင်ရသည်မှာ စိတ်ဓာတ်ကြံ့ခိုင်သန်မာလှသည်ဟု ထင်ရသည်။ လင်ဆုံး၊ သားဆုံးဖြစ်ခဲ့ရသည့် သူ့ ဇာတ်ကြောင်းကို ပြန်ပြောင်းပြောပြသည့်အချိန်တွင်တော့ စိတ်ဓာတ်ကြံ့ခိုင်လှသည် ထင်ရသော ထိုအမျိုးသမီး ငိုယိုနေတော့သည်။

Friday, October 6, 2023

လုံခြုံရေး စိုးရိမ်စရာဖြစ်နေတဲ့ စစ်တွေမြို့

VOA
ဗွီအိုအေမြန်မာပိုင်း
စံကျော်

၀၆ အောက်တိုဘာ၊ ၂၀၂၃ 

စစ်တွေမြို့တနေရာ (သြဂုတ်၊ ၂၀၂၀) 


မိုခါမုန်တိုင်း အလွန် ရခိုင်ပြည်နယ်က မြို့နယ်တော်တော်များများမှာ ခိုးဆိုးလုယက်တာတွေ သတ်ဖြတ် ခံရတာတွေ နေ့စဉ်လိုလို ရှိလာနေတာကြောင့် ဒေသခံတွေကြားစိုးရိမ်မှု မြင့်နေကြ တာပါ။ ပြည်နယ်စစ်ကောင်စီရုံးအခြေစိုက် တဲ့ ရခိုင်ပြည်နယ်ရဲ့ မြို့တော် စစ်တွေလိုနေရာမှာတောင် မကြာခဏဆိုသလိုဒေသခံတွေသတ်ဖြတ်ခံရတာလုယက် ခံရတာတွေ ရှိနေတယ်လို့ ဒေသခံတွေကပြောကြပါတယ်။ ရန်ကုန်ကလာတဲ့ သတင်းကို အခြေခံပြီး ကိုစံကျော်က တင်ပြထားပါတယ်။

Saturday, September 16, 2023

စစ်တွေတွင် ALP ဗိုလ်မှူးတစ်ဦး ပစ်သတ်ခံရပြီးနောက် စစ်ကောင်စီက လုံခြုံရေတိုးမြင့်

Narinjara
Saturday, September 16, 2023

စက်တင်ဘာလ ၁၅ ရက်နေ့ ည ၇:၃၀ နာရီအချိန် စစ်တွေမြို့မြင်ကွင်း။


ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် ဒေါ်စောမြရာဇာလင်းဦးဆောင်သော ရခိုင်ပြည်လွတ်မြောက် ရေး ပါတီ (ALP) မှ ဗိုလ်မှူး ခိုင်စိုးလွင် သေနတ်ဖြင့် ပစ်သတ်ခံလိုက်ရပြီးနောက် စစ်ကောင်စီတပ်က လုံခြုံရေး တိုးမြင့်ချထား သည် ဟု မြို့ခံများက ပြောသည်။

စစ်တွေမြို့ပေါ်တွင် အမျိုးသားတစ်ဦး သေနတ်ပစ်ခံရ၍ ပွဲချင်းပြီးသေဆုံး

Narinjara
ရက်စွဲ: ၁၅ စက်တင်ဘာ ၂၀၂၃ 

ရခိုင်ပြည်နယ်၊ စစ်တွေမြို့ပေါ်တွင် အမျိုးသားတစ်ဦး သေနတ်ပစ်ခံရ၍ ပွဲချင်းပြီးသေဆုံးသွားကြောင်း သိရသည်။

သေဆုံးသွားသူမှာ မည်သူမည်ဝါမသိရသေးဘဲ ယနေ့ စက်တင်ဘာလ ၁၅ ရက်၊ မွန်းလွဲ ၁၂နာရီကျော်တွင်စစ်တွေ မြို့၊ ဆက်သွယ်ရေးရုံးရှိသည့် ဗောဓိလမ်းရှိ ကွမ်းယာဆိုင်တစ်ဆိုင်ရှေ့တွင် ပစ်သတ်ခံလိုက်ရခြင်းဖြစ် သည်ဟု ယင်းအနီးနေထိုင်သူ ဒေသခံတစ်ဦးက ပြောသည်။

Wednesday, August 16, 2023

စက်လှေနစ်မြုပ်မှုတွင် ပျောက်ဆုံးနေသည့် ရိုဟင်ဂျာ ၃၃ ဦး အား ပင်လယ်ပြင်ရှာဖွေမှုရပ်နား

မဇ္စျိမ
By ရောင်နီ (မဇ္စျိမ)
16 August 2023
ပုံအညွှန်း - သြဂုတ်လ ၉ ရက်နေ့က စစ်တွေမြို့ ဘု​မေအုပ်စုနှင့် ဘာဆာရွာအရှေ့ဘက်ကမ်းခြေသဲသောင်ပြင်တွင် တွေ့ရှိသည့် ရိုဟင်ဂျာရုပ်အလောင်းတလောင်းကို သယ်ယူနေစဥ်။ (ပုံ - ရွှေရောင်မေတ္တာဖောင်ဒေးရှင်း)
 
ရခိုင်ပြည်နယ်၊စစ်တွေမြို့အနီးပင်လယ်ပြင်တွင် သြဂုတ်လ ၇ ရက်နေ့က ဖြစ်ပွားခဲ့သည့် စက်လှေနစ် မြုပ်မှုမှပျောက်ဆုံးနေသည့် ရိုဟင်ဂျာ ၃၃ ဦးကို ပင်လယ်ပြင်အတွင်း ရှာဖွေမှုရပ်နားလိုက်ပြီဖြစ်သည်။

Friday, July 21, 2023

ရခိုင်တွင် မုန်တိုင်းကာလ ၂ လကျော်ပြီ ဖြစ်သော်လည်း အမိုးအကာအောက် မရောက်သေးသူများ ရှိနေ

MPA
Myanmar Pressphoto Agency
MPA CJ012
Jul 16, 2023

ရခိုင်ပြည်နယ်တွင် မိုခါဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်ခဲ့သည်မှာ ၂ လကျော် ကာလရှိပြီ ဖြစ်သော်လည်း ရခိုင် ပြည်နယ်အတွင်းရှိ ဒေသခံတစ်ချို့နှင့် ရိုဟင်ဂျာဒုက္ခသည်များမှာ ယခုချိန်ထိ အမိုးအကာအောက်သို့ မရောက် ကြသေးကြောင်း ဒေသခံများနှင့် ဒေသတွင်း ပရဟိတလုပ်ဆောင်ပေးနေသူများထံမှ သိရသည်။

Thursday, June 29, 2023

မုန်တိုင်းအလွန်ထောက်ပံ့ရေးတွေ ဘာမှမရသေးတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ

ဧရာဝတီ
၂၉ ဇွန် ၂၀၂၃ 

ရခိုင်ပြည်နယ် စစ်တွေမြို့ အနောက်ဘက်ခြမ်းမှာရှိတဲ့ ရိုဟင်ဂျာ ဒုက္ခသည်စခန်းတွေဟာ မိုခါမုန်တိုင်းဒါဏ်ကို ဆိုး ဝါးစွာ ခံစားခဲ့ကြရပြီးနောက် မုန်တိုင်းအလွန်ကာလမှာလည်း စစ်ကောင်စီနဲ့ အရပ်ဖက်အဖွဲ့အစည်းတွေဆီက တစုံ တရာ ထောက်ပံ့တာမျိုးမရဘူးလို့ သိရပါတယ်။ အုန်းတောချေ ရိုဟင်ဂျာ ဒုက္ခသည်စခန်းမှာ လူဦးရေ တထောင် ကျော်၊ အိမ်ထောင်စု တရာနီးပါး နေထိုင်ကြတာ ဖြစ်ပြီး မုန်တိုင်းကြောင့် ပျက်ဆီးသွားခဲ့ရတဲ့ နေအိမ် အဆောက် အဦးတွေဟာ အခုထိ ပြန်လည် ပြင်ဆင် နိုင်ခြင်း မရှိသေးပါဘူး။ အဆိုပါ စစ်တွေမြို့ အနောက်ဘက်ခြမ်း ပင် လယ် ကမ်းစပ်အနီးရှိတဲ့ ရိုဟင်ဂျာ ဒုက္ခသည်စခန်းတွေမှာ နေထိုင်ကြတဲ့ ဒုက္ခသည်တွေဟာ ၂ သိန်းဝန်းကျင်ရှိပြီး မုန်တိုင်းကြောင့် သေဆုံးသူ ရာနဲ့ချီ ရှိခဲ့ပါတယ်။ 

#WhatsHappeningMyanmar #RejectMilitaryCoup

Link : Here
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */