Showing posts with label ပထမ. Show all posts
Showing posts with label ပထမ. Show all posts

Thursday, May 14, 2020

အစိုးရရဲ့ပထမဆုံး အစီရင်ခံစာ ICJ ခုံရုံးကို အချိန်မီ တင် သွင်းမည်

လွတ်လပ်တဲ့အာရှအသံ ( RFA )
မြန်မာဌာန | သတင်းများ
2020.05.14

အပြည်ပြည်ဆိုင်ရာတရားရုံး ICJ ကို အစိုးရ ပေးပို့ရမယ့် ပထမဆုံး အစီရင်ခံစာကို မေလ ၂၃ ရက်နေ့ မတိုင် ခင် တင်သွင်းသွားမယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာန တာဝန်ရှိသူက ပြောပါတယ်။

ရိုဟင်ဂျာတွေကို လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို အရေး ယူပေးဖို့ ICJ ထံ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် နိုဝင်ဘာလက တင်ပြခဲ့ပြီး တရားရုံးက ၂၀၂၀ ဇန်နဝါရီလကုန် မှာ ကြား ဖြတ် စီရင်ချက် ချမှတ်ထားåတာ ဖြစ်ပါတယ်။

Tuesday, November 19, 2019

ICJ တရားရုံး ပထမဆုံးကြားနာပွဲ ဒီဇင်ဘာ ၁၀ ရက်စမည်

လွတ်လပ်တဲ့အာရှအသံ( RFA )
2019-11-19
ICJ ကုလသမဂ္ဂတရားရုံးကို တွေ့ရစဉ်
Photo: IJC 

 ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို တရားစွဲလိုက်တဲ့အမှုအတွက် ပထမဆုံးကြားနာပွဲကို ဒီဇင်ဘာလထဲမှာ ပြုလုပ်မယ့်အကြောင်း ICJ ကုလသမဂ္ဂတရားရုံးက ဒီနေ့ အချိန်စာရင်းထုတ်ပြန်လိုက်ပါတယ်။

The Convention on the Prevention and Punishment of the Crime of Genocide ဆိုတဲ့ လူမျိုးတုံး သတ် ဖြတ် မှုများ ကာကွယ်ရေးနဲ့ အပြစ်ပေးအရေးယူခြင်းဆိုင်ရာ နိုင်ငံတကာသဘောတူညီမှုကို မြန်မာနိုင်ငံက ချိုးဖောက်ခဲ့တဲ့အတွက် တရားဥပဒေအရအရေးယူဖို့ ဂမ်ဘီယာနိုင်ငံက အမှုဖွင့်တိုင်ကြားချက်ကို နယ်သာ လန် နိုင်ငံ သဟိဂ်မြို့က တရားရုံးမှာ ပထမဆုံးကြားနာတော့မှာ ဖြစ်ပါတယ်။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */