" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label တိုက်ပွဲဖြစ်. Show all posts
Showing posts with label တိုက်ပွဲဖြစ်. Show all posts

Monday, November 13, 2023

ရခိုင်မြောက်ပိုင်းမှာ စစ်ကောင်စီတပ်နဲ့ AA တို့ တိုက်ပွဲဖြစ်

RFA
RFA Burmese
2023.11.12
 

ရက္ခိုင့်တပ်တော် တိုက်ခိုက်ခဲ့သည့် ချိန်ခါလီ နယ်ခြားစောင့်ရဲစခန်းအား တွေ့ရစဉ်။ Photo: RFA 

ရခိုင်ပြည်နယ် ရသေ့တောင်နဲ့ မင်းပြားမြို့နယ်တွေမှာ နိုဝင်ဘာလ ၁၃ ရက်နေ့ မနက်ပိုင်းက ရက္ခိုင့် တပ်တော် (AA) က စစ်ကောင်စီ နယ်ခြားစောင့်ရဲစခန်းနဲ့ ယာဉ်တန်းတွေကို စတင်တိုက်ခိုက်ခဲ့ရာက နေ တိုက်ပွဲတွေဖြစ်ပွားနေတယ်လို့ ဒေသခံတွေက RFA ကိုပြောပါတယ်။

Monday, October 30, 2023

အစ္စရေးနှင့် လက်ဘနွန် အခြေစိုက် ဟဇ်ဘိုလာအဖွဲ့ တိုက်ပွဲ ဖြစ်

DVB
October 30, 2023


 



အစ္စရေးနဲ့ လက်ဘနွန်အခြေစိုက် ဟဇ်ဘိုလာအဖွဲ့တို့ကြား တိုက်ပွဲကြောင့် တာယာမြို့က ရေလုပ်သား တွေ ပင်လယ်ပြင်ထွက် ငါးဖမ်းဖို့ အန္တရာယ် များနေပါတယ်။

အစ္စရေးနဲ့ ဂါဇာကမ်းမြောင်ကဟားမတ်စ်တွေ အောက်တိုဘာ ၇ ရက်ကစပြီး စစ်ဖြစ်ချိန်မှာ ဟားမတ်စ် တွေရဲ့ မဟာမိတ် ဟဇ်ဘိုလာတွေက နယ်စပ်မှာ အစ္စရေးတွေနဲ့ အပြန်အလှန် ပစ်ခတ်ခဲ့ပါတယ်။

Friday, February 24, 2023

ဘင်္ဂလားဒေ့ရှ် ရဲတပ်ဖွဲ့နှင့် အာဆာအဖွဲ့ တိုက်ပွဲဖြစ် ရိုဟင်ဂျာ ကျောင်းသား ၂ ဦးဒဏ်ရာရ

DVB
23 February, 2023


ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဇ်ဘဇားခရိုင်ရှိ အမှတ် ၈ ကူတူပါလောင်ဒုက္ခသည်စခန်းမှာ ဖေဖော်ဝါရီ ၂၂ ရက် နေ့ လယ်က ဘင်္ဂလားဒေ့ရှ်နိုင်ငံ အထူးရဲတပ်ဖွဲ့ (RAB) နဲ့ အာဆာတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားပြီး ရိုဟင်ဂျာကျောင်းသား တယောက်နဲ့ ကျောင်းသူတယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ကူတူပါလောင်ဒုက္ခသည်စခန်း တာဝန်ရှိသူက ပြောပါ တယ်။

Friday, January 20, 2023

ARSA တပ်ဖွဲ့ဝင် ၄၀ ခန့်ကို ဘင်္ဂလားဒေ့ရှ် ဖမ်းဆီး၊ မြန်မာ ဘက်ခိုလှုံလာသည့် ဒုက္ခသည် ၅၀၀ ကျော်ပြန်ပို့ခံရ

DVB
20 January, 2023
ARSA တပ်ဖွဲဝင် ၄၀ ခန့်အား RAB အဖွဲ့မှ ဖမ်းဆီးထားစဥ်။

မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်နယ်ခြား မှတ်တိုင်အမှတ် ၃၀ နဲ့ ၃၅ ကြား Zero Line အနီးရှိ ဒုက္ခ သည် စခန်းမှာ ခိုလှုံနေတဲ့ ARSA အဖွဲ့ဝင် ၄၀ လောက်ကို ဇန်နဝါရီ ၁၈ ရက် ညက ဘင်္ဂလားဒေ့ရှ် (RAB) အထူးတပ်ဖွဲ့နဲ့ RSO တပ်ဖွဲ့တွေ ပူးပေါင်းဖမ်းဆီးလိုက်တယ်လို့ နယ်စပ်နေ ဒုက္ခသည်တွေက ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်နယ်စပ်တွင် ရိုဟင်ဂျာတိုက်ခိုက်ရေး သမား များကြား တိုက်ပွဲဖြစ်၍ လူ ၁ ဦး သေဆုံး

မဇ္စျိမ
AFP
20 January 2023

မြန်မာနှင့်နယ်စပ် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ရိုဟင်ဂျာတိုက်ခိုက်ရေးအုပ်စုများကြား တိုက်ပွဲဖြစ်၍ လူတစ်ဦး သေ ဆုံးပြီး ဒုက္ခသည် ယာယီတဲ ရာပေါင်းများစွာ ပြိုပျက်ကြောင်း ရဲနှင့် မျက်မြင်များက ကြာသပတေးနေ့တွင် ပြောကြသည်။

Friday, November 11, 2022

မောင်တော ကြိမ်ချောင်းတိုက်ပွဲ စစ်သား ၁၃ ဦးသေဆုံးပြီး ၄ ဦး အရှင်ဖမ်းမိ၊ ခမရ ၃၅၂ တပ်ရင်း စခန်းကုန်းတစ်ခုကို သိမ်း ဆည်းရမိ

ခေတ်သစ်မီဒီယာ
ရန်ကုန်၊ စက်တင်ဘာ ၁၀

ရခိုင်ပြည်၊ မောင်တောမြို့နယ်မြောက်ပိုင်း၊ ကြိမ်ချောင်း ဗျူဟာကာ ကင်း ဂုပ္ပိတောင်ကျော်လမ်းတွင် AAနှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၁၃ ဦးသေဆုံးကာ ၄ ဦးအရှင်ဖမ်းမိကြောင်း သိရှိရသည်။

ယနေ့ စက်တင်ဘာ ၁၀ ရက်နေ့ နံနက်ပိုင်း ၆ နာရီကျော်ခန့်က ကြိမ်ချောင်းဂုပ္ပိတောင်ကျော်လမ်းအနီးတွင် တိုကပွဲ့ စတင်ဖြစ်ပွါးခဲ့ခြင်းဖြစ်ပြီး နံနက်ပိုင်း ၇နာရီနီးပါးလောက်တွင် သေနတ်သံများ ရပ်စဲသွားသည်ဟု သတင်းရင်းမြစ်က ပြောသည်။
                                                                              
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */