September 13, 2023
ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှုနဲ့ မြန်မာနိုင်ငံကို ဂမ်ဘီယာနိုင်ငံက အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) မှာ တရားစွဲထားတဲ့ အမှုကိစ္စ တရားမျှတမှုရရှိရေး ပြင်သစ်နိုင်ငံက ကြားဝင်ကူညီဆောင်ရွက်ပေးသွားမယ်လို့ ပြင် သစ်နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့က ပူးတွဲကြေညာပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၁၁ ရက်က ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ခ်ဟာစီနာနဲ့ပြင်သစ်သမ္မတအီမန်နျူရယ်မက်ခရွန် တို့ တွေ့ဆုံပြီးနောက် အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) မှာ မြန်မာနိုင်ငံကို တရားစွဲဆိုထားတဲ့ရိုဟင်ဂျာတွေလူမျိုး တုံးသတ်ဖြတ်ခံရမှုနဲ့ပတ်သက်ပြီး ပြင်သစ်က ပါဝင်ကူညီမည်ဖြစ်ကြောင်း ပါဝင်တဲ့ ပူးတွဲထုတ်ပြန်ချက် ထုတ်ပြန်ခဲ့ တာပါ။