" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label အထွေထွေသပိတ်ကော်မတီ. Show all posts
Showing posts with label အထွေထွေသပိတ်ကော်မတီ. Show all posts

Saturday, February 20, 2021

စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေး အထွေထွေသပိတ်ကော် မတီ

စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေး အထွေထွေသပိတ်ကော်မတီ
General Strike Committee (GSC)
ကြေငြာချက်အမှတ် ၁/၂၀၂၁
နေ့စွဲ။ ။၂၀ ဖေဖော်ဝါရီ ၂၀၂၁၊


၁။ ၁၉၆၂ ခုနှစ် စစ်အာဏာသိမ်းချိန်မှစတင်၍ မိမိတို့တိုင်းပြည်၏ ပြည်တွင်းစစ်မှာ ပိုမိုပြင်းထန်လာခဲ့ပြီး စီးပွါး ရေး၊ လူမှုရေး၊ ပညာရေးအစရှိသဖြင့် ဘက်စုံနိမ့်ကျခဲ့ရသည်။ ပြည်သူလူထု၏ အထွေထွေမကျေနပ်မှုများ ကြောင့် ၁၉၈၈ ခုနှစ်တွင် ရှစ်လေးလုံးအရေးတော်ပုံကြီး ပေါ်ပေါက်ခဲ့ရသော်လည်း စစ်အာဏာသိမ်းမှုနှင့် သာ အဆုံးသပ်ခဲ့ပြီး စစ်အာဏာ ရှင်လက်အောက် ထပ်မံကျရောက်ခဲ့ရပြန်သည်။ ပြည်သူလူထုဆန့်ကျင်ကန့်ကွက် ခဲ့ သည့်ကြားမှပင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို အဓမ္မအတည်ပြုခဲ့ပြီး ၂၀၁၀ ထွေ‌ထွေရွေးကောက်ပွဲကို ကျင်း ပကာ ဒီမိုကရေစီ အတုအယောင်ကို ပေးအပ်ခဲ့သည်။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */