Showing posts with label လူကုန်ကူးသူ. Show all posts
Showing posts with label လူကုန်ကူးသူ. Show all posts

Friday, December 8, 2023

ရိုဟင်ဂျာတွေ လူကုန်ကူးသူတွေကြောင့် အင်ဒိုနီးရှားကို ရောက်လာ (သမ္မတ ဂျိုကိုဝီဒိုဒို)

VOA
ဗွီအိုအေ (မြန်မာဌာန)
၀၈ ဒီဇင်ဘာ၊ ၂၀၂၃ 

အင်ဒိုနီးရှားနိုင်ငံ အာချေ့ဒေသကို စက်လှေတစင်းနဲ့ ရောက်ရှိလာတဲ့ ရိုဟင်ဂျာဒုက္ခသည်များ (နိုဝင်ဘာ ၁၆၊ ၂၀၂၃)

ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်း ပင်လယ်ပြင်ကိုဖြတ်လာတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေ အများအပြား အင်ဒိုနီးရှားနိုင်ငံကို ရောက်လာနေပြီး ဒီ ဒုက္ခသည်တွေ ရောက်လာတဲ့ နောက်ကွယ်မှာ လူကုန်ကူးမှု တွေ ပါဝင်ပတ်သက်နေတယ်လို့ သံသယရှိတဲ့အကြောင်း အင်ဒီနီးရှား သမ္မတ ဂျိုကိုဝီဒိုဒို က ပြောပါ တယ်။ ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်း ပင်လယ်ပြင်ကို ဖြတ်ပြီး လှေတွေနဲ့ ရောက်လာတဲ့ ရိုဟင်ဂျာ ဒုက္ခသည် ၁၀၀၀ ကျော် ရှိပြီး ဒုက္ခသည် ပြသနာကို နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင် ရွက်ဖို့ အင်ဒိုနီးရှားနိုင်ငံက ကြိုးစားနေပါတယ်။

Tuesday, December 15, 2020

လူကုန်ကူးကွန်ရက်ရဲ့ သားကောင်ဖြစ်နေရရှာတဲ့ ရိုဟင်ဂျာ များ

မဇ္ဈိမ 
By AFP
15 December 2020

 Photo: AFP
ငါးဖမ်းလှေနဲ့တင်ဆောင်လာတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေကို လူမှောင်ခိုကူးသူတွေက ရက်ရက်စက် စက် ရိုက်နှက်နေတဲ့ ဗီဒီယိုဖိုင်တစ်ခုကို AFP က ရရှိခဲ့ပြီး ဒါဟာ ရိုဟင်ဂျာလူမှောင်ခိုကူးကွန်ရက်ရှေ့တန်းမျက် နှာ စာမှာ ဖြစ်ပျက်နေတာတွေကို ရှားရှားပါးပါး မြင်တွေ့လိုက်ရတာဖြစ်ပါတယ်။

Friday, July 3, 2020

ရိုဟင်ဂျာတွေ လူကုန်ကူးတဲ့ဂိုဏ်း မလေးရှားမှာ ရုံးတင်စစ် ဆေး

VOA 
ဗွီအိုအေ (မြန်မာဌာန)
03 ဇူလိုင်၊ 2020
မအေးအေးမာ
"Husen maungdaw gang" လူကုန်ကူးဂိုဏ်း ကို စစ်ဆင်းရေးလုပ်ပြီး ဖမ်းဆီးလာတဲ့ မြင်ကွင်း။ (ဇူလိုင် ၀၃၊ ၂၀၂၀) 
 
ရိုဟင်ဂျာတွေကို လူကုန်ကူးနေတဲ့ Husen maungdaw gang လူကုန်ကူးဂိုဏ်းဝင်တွေကို မလေးရှားနိုင်ငံမှာ တရားရုံးတင်စစ်ဆေးတဲ့သတင်းကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မအေးအေးမာက တင်ပြပါမယ်။ 

Tuesday, June 16, 2020

ပင်လယ်ထဲ သောင်တင်နေသည့် ရိုဟင်ဂျာ များအတွက် လူကုန်ကူးသူများက ငွေတောင်းခံနေ

မဇ္ဈိမ 
ဇွန် ၁၆

ပင်လယ်ပြင်ထဲ သောင်တင်ပြီး ခိုကိုးရာမဲ့ဖြစ်နေသည့် ရာနှင့်ချီသော ရိုဟင်ဂျာများ ကမ်းတက်နိုင်ရေး အ တွက် လူကုန်ကူးသူများက ၎င်းတို့မိသားစုများထံကနေ ငွေကြေးတောင်းခံမှုများရှိနေကြောင်း၊ ငွေရရှိပြီး မှ သာ အဆိုပါရိုဟင်ဂျာများကို အရှေ့တောင်အာရှကမ်းစပ်များပြင်ပရှိ လှေများပေါ်ကနေ လွှတ်ပေးမည်ဟု အ ဆိုပါလူကုန်ကူးသူများက ပြောကြောင်း ဆွေမျိုးများနှင့် လူ့အခွင့်အရေးအဖွဲ့များက ပြောသည်။

Wednesday, May 6, 2020

လူမှောင်ခိုကူးတဲ့ မြန်မာနိုင်ငံသား၄ ဦး မလေးမှာ အဖမ်းခံရ

VOA 
ဗွီအိုအေ (မြန်မာပိုင်း)
06 မေ၊ 2020  
ရိုဟင်ဂျာ ဒုက္ခသည်တွေလို့ ယူဆရသူ ၂၀၂ ဉီးကို ပြီးခဲ့တဲ့ ဧပြီလ ၅ ရက်နေ့တုန်းက မလေးရှား နိုင်ငံထဲ တ ရားမဝင် ပို့ဆောင်ဖို့ ကြိုးပမ်းမှုနဲ့သံသယ ရှိသူ နောက်ထပ် မြန်မာနိုင်ငံသား ၄ ဦးကို မလေးရှား ရေကြောင်း ကြီး ကြပ်ရေး အေဂျင်စီ (MMEA) က ဖမ်းဆီး ထိန်းသိမ်း လိုက်ပါတယ်။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */