" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label ကော့စ်ဘဇား. Show all posts
Showing posts with label ကော့စ်ဘဇား. Show all posts

Saturday, July 8, 2023

ICC တာဝန်ရှိသူတွေ ရိုဟင်ဂျာဒုက္ခသည်တွေကို တွေ့ဆုံ

RFA
RFA Burmese
2023.07.07 

အိုင်စီစီရဲ့ တရားရေးအရာရှိ Karim AA Khan အား ဘင်္ဂလားဒေ့ရှ်နိုင်ငံ Kutupalong ဒုက္ခသည်စခန်းတွင် ၂၀၂၃ခုနှစ်၊ ဇူလိုင် ၆ ရက်နေ့က တွေ့ရစဉ်။Tanbir MIRAJ / AFP
 

နိုင်ငံတကာ ရာဇဝတ်မှု တရားရုံး (အိုင်စီစီ) က တာဝန်ရှိသူတွေဟာ ရိုဟင်ဂျာတွေကို လူမျိုးတုံးသတ်ဖြတ်မှု အ တွက် မြန်မာစစ်တပ်ကို တရားစွဲဆိုထားတဲ့အမှုမှာ ကိုယ်တွေ့ကြုံခဲ့ရသူတွေကို ဇူလိုင်လ ၆ ရက်က သွားရောက် တွေ့ဆုံပြီး ထွက်ဆိုချက်တွေ ရယူခဲ့ပါတယ်။

Tuesday, May 16, 2023

ကော့ဆက်စ်ဘဇား ရိုဟင်ဂျာဒုက္ခသည်စခန်းက စျေးတန်းမီးလောင်

BBC
ဘီဘီစီမြန်မာပိုင်း
၂၀၂၃ မေ ၁၆ ရက်

မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်စပ်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဆက်စ်ဘဇားခရိုင်ထဲက ရိုဟင်ဂျာဒုက္ခသည် စခန်းအမှတ် ၁၅ က စျေးတန်းမှာ ဒီနေ့မနက်ပိုင်းက မီးလောင်မှုဖြစ်ခဲ့ပါတယ်။

အဲဒီမီးလောင်မှုကြောင့် စျေးဆိုင်တန်းထဲက ဆိုင်ပေါင်း ၂၀ ကျော် မီးထဲ ပါသွားခဲ့တယ်လို့ စခန်းအတွင်းမှာ နေ ထိုင်တဲ့ ဒုက္ခသည်တွေက ဘီဘီစီကို ပြောပါတယ်။

Friday, March 17, 2023

ပြင်သစ်သံအမတ်ကြီး ကော့ဇ်ဘဇားရှိ ရိုဟင်ဂျာဒုက္ခသည် စခန်းသို့ သွားရောက်

DVB
16 March, 2023
Photo - UNHCR in Bangladesh

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဇ်ဘဇားခရိုင်ရှိ ရိုဟင်ဂျာ ဒုက္ခသည်စခန်းတွေကို မတ် ၁၅ ရက်မှာ ပြင်သစ်သံအမတ်ကြီး မာရီမတ်စ်ဒူပေးနဲ့အဖွဲ့ သွားရောက်ပြီး ရိုဟင်ဂျာဒုက္ခသည်တွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း ဒုက္ခသည်စခန်း တာဝန်ရှိသူတွေဆီက သိရပါတယ်။

Wednesday, January 5, 2022

ကောက်ဘဇားက ရိုဟင်ဂျာဒုက္ခသည်တွေကို ကုသပေးနေ တဲ့ကိုဗစ်စင်တာ မီးလောင်

BBC
ဘီဘီစီမြန်မာပိုင်း
05-12-2022
ကိုဗစ်ရောဂါပြင်းသူတွေကို ကုသပေးနေတဲ့အဆောင်ရော၊ ရောဂါသီးခြားစောင့်ကြည့်ဆောင်ပါ မီးထဲပါသွားခဲ့တာဖြစ်ပါတယ်။
 

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကောက်ဘဇားခရိုင်မှာ ရိုဟင်ဂျာဒုက္ခသည်တွေကို ကုသပေးနေတဲ့ ကိုဗစ်ကုသရေး စင် တာဟာ မနေ့ ဇန်နဝါရီလ ၄ ရက်နေ့က မီးလောင်မှုဖြစ်ခဲ့ပါတယ်။

Tuesday, October 13, 2020

ဘင်္ဂလားဒေ့ရှ်ရှိ ဒုက္ခသည်စခန်းများ၌ အစွန်းရောက်အဖွဲ့ များ ထိုးဖောက်စည်းရုံးများရှိနေ

မြန်မာတိုင်းမ်နေ့စဉ်
13 OCT 2020

ကော့စ်ဘဇားစီရင်စု အူခီယားအရပ်ရှိ ဒုက္ခသည်စခန်းတစ်ခု။ အီးပီအေ-အီးအက်ဖ်အီး
 
ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ရိုဟင်ဂျာများကိုထားရှိသော ဒုက္ခသည်စခန်းတချို့သို့ အစွန်းရောက်အဖွဲ့များ ထိုး ဖောက်ဝင်ရောက်ပြီး စည်းရုံးသိမ်းသွင်းမှုများကို ပြုလုပ်နေကြောင်း Euroasiareview ဝက်ဘ်ဆိုက်က အောက်တိုဘာ ၁၃ ရက်တွင် ဖော်ပြခဲ့သည်။

Sunday, October 13, 2019

ကော့ခ်ဘဇား ဒုက္ခသည်အရေး အရှုတ်အထွေး

အကုန်သိ
ဆောင်းပါးများ
12 October 2019

ရိုဟင်ဂျာဟု မိမိတို့ဘာသာ ခေါ်ဆိုကြသူများသည် ၂၀၁၇ခုနှစ် သြဂုတ်လ ၂၅ရက်နေ့တွင် မြန်မာနိုင်ငံ ရခိုင် မြောက်ဖျားမှ အစုအပုံလိုက်ထွက်ခွာသွားသည်ဟု ဆိုသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် နီးကပ်စွာတည်ရှိသော ရခိုင်ပြည်နယ် မောင်တော၊ ဘူးသီးတောင်နှင့် ရသေ့တောင် မြို့ နယ် ၃ မြို့နယ်ရှိ မြန်မာနယ်ခြားစောင့်ရဲကင်း ၂၄ခုကို ( ၂၅၊ သြဂုတ် ၂၀၁၇ ) တွင် Arakan Rohingya Salvation Army , ARSA ( ယခင်အမည် ဟာရာခါ အယ်လ်ယာကင် Harakah al-Yaqin) ဘင်္ဂါလီအကြမ်းဖက်သမားတို့က တစ်ချိန်တည်း တစ်ပြိုင်တည်း အင်အားအလုံးအရင်းဖြင့် ဝင်ရောက်တိုက်ခိုက်ခြင်းကြောင့် မိမိတို့ဖက်မှ ၇၁ဦး ကျဆုံးသည်။ တိုက်ခိုက်သူများတွင် အများစုသည် ဓါး၊ လှံ မျှသာကိုင်ဆောင်ကြသော်လည်း စနစ်ကျနသော ဦးစီးခေါင်းဆောင်မှုရှိသည်။ လူအနည်းငယ်သာရှိသော ရဲကင်းကို သာလွန်အင်အား အသုံးပြု၍ တိုက်ခိုက်သည့်အပြင်၊ စစ်ကူလာရောက်သူများအား ကြားဖြတ်ချေမှုန်းရန် ကြိုတင်ပြင်ဆင်ထား ခြင်းကြောင့် စစ်ဖက်ကျဆုံးသူများတွင် အရာရှိအဆင့်ထိပါဝင်နေကြောင်း တွေ့ရသည်။

Saturday, April 6, 2019

ရိုဟင်ဂျာဒုက္ခသည်တွေ မုတ်သုန်ဒဏ်ခံနိုင်ရေး ကုလ ကူညီ

VOA 
ဗွီအိုအေ (မြန်မာဌာန)
ကိုဉာဏ်ဝင်းအောင်၊နိုင်ငံတကာ
06 ဧပြီ၊ 2019
                                                                      UNHCR ပြောခွင့်ရပုဂ္ဂိုလ် Andrej Mahecic

မကြာခင်ကျရောက်လာတော့မယ့် မုတ်သုန်ရာသီ မတိုင်ခင် ဘင်္ဂလားဒေ့ရှ်နယ်စပ် Cox’s Bazar ဒုက္ခသည်စခန်း ထဲက ရိုဟင်ဂျာတွေကို မိုးလေဒဏ်ကနေ အကာကွယ်ပေးဖို့နဲ့ သဘာဝဘေးကို ဘယ်လို ကာကွယ် ရမလဲဆိုတဲ့ လေ့ကျင့်သင်ကြားမှုတွေကို ကုလသမဂ္ဂနဲ့ အခြား မဟာမိတ်အဖွဲ့တွေက ကြိုတင်ပြင်ဆင်မှုတွေ လုပ်နေတယ်လို့ UNHCR ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး ပြောခွင့်ရ ပုဂ္ဂိုလ်က သော ကြာန့ ဂျနီဗာ သတင်းစာရှင်းလင်းပွဲမှာ ပြောသွားပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၈ တုန်းက အဲဒီဒုက္ခသည်စခန်းမှာ ကြုံခဲ့ရတဲ့ အခြေအနေတွေပေါ် မူတည်ပြီး အခုလို ပြင်ဆင်မှုတွေ လုပ်လာတာလို့ ဆိုပါတယ်။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */