" သင့်၏ မိုဘိုင်းဖုံး ဘရော်စာတွင် www.rohingyanewsbank.com ကို ရိုက်၍ အလွယ်တကူ ဖတ်ရှု နိုင်ပါသည် "
Showing posts with label အင်တာနက်. Show all posts
Showing posts with label အင်တာနက်. Show all posts

Sunday, August 2, 2020

ရွေးကောက်ပွဲနီးချိန် ရခိုင်နဲ့ချင်းမှာ အင်တာနက်လိုင်း ပြန်ရ

B B C
ဘီဘီစီ မြန်မာပိုင်း
2nd August 2020

ရခိုင်နဲ့ချင်းမှာ တစ်နှစ်ကျော်ကြာ အင်တာနက်ဖြတ်တောက်ခံရတာဟာ ကမ္ဘာပေါ်မှာ အရှည်ကြာဆုံးအင်တာနက်ဖြတ်တောက်ခံရမှုလည်း ဖြစ်ပါတယ်။



စစ်ရေးပဋိပက္ခတွေဖြစ်ပွားနေတဲ့ ရခိုင်နဲ့ ချင်းပြည်နယ်က မြို့နယ်ရှစ်ခုမှာ လုံခြုံရေးအကြောင်းပြချက်နဲ့ တစ် နှစ်ကျော်ကြာဖြတ်တောက်ထားတဲ့ အင်တာနက်လိုင်းတွေဟာ သြဂုတ်လ ၁ ရက် ညပိုင်းမှာ ပြန်ပွင့်လာ တယ် လို့ ဒေသခံတွေက ပြောပါတယ်။

ဒါပေမဲ့ အင်တာနက်လိုင်းတွေဟာ ပုံမှန်သုံးစွဲနိုင်တဲ့အခြေအနေမှာ ရှိမနေသေးဘူးလို့ ဆိုပါတယ်။

ဘူးသီးတောင်မြို့နယ်မှာတော့ သြဂုတ် ၁ ရက် ညပိုင်းက လိုင်းပွင့်ခဲ့ပေမယ့် သြဂုတ်လ ၂ ရက် မနက်ပိုင်း မှာတော့ ပြန်ပိတ်သွားတယ်လို့ လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းအောင်သိန်းက ပြောပါတယ်။

Wednesday, May 27, 2020

မြန်မာနဲ့ဒေသတွင်းနိုင်ငံတချို့ အင်တာနက်တွေပြန်ဖွင့်ပေး ရေး WHO ကြားဝင်ဆောင်ရွက်ပေးဖို့ HRW တောင်းဆို

27 မေ၊ 2020  
ရခိုင်ပြည်နယ်အတွင်းက အင်တာနက်ကို ဖုန်းမှ သုံးနေသူများ

ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါခံစားနေရချိန်မှာ မြန်မာ၊ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယနဲ့ ပါကစ္စတန် ၄ နိုင်ငံအစိုးရတွေ ရဲ့ သူတို့နိုင်ငံတွင်း အင်တာနက် ဖြတ်တောက်မှုတွေ ပြန်ဖွင့်ပေးရေး အတွက် WHO ကမ္ဘာ့ကျန်းမာရေး အဖွဲ့ ကြီးက ကြားဝင်ဆောင်ရွက်ပေးဖို့ အမေရိကန်အခြေစိုက် HRW လူ့အခွင့်ရေး စောင့်ကြည့် အဖွဲ့ကြီးနဲ့ လူ့အ ခွင့်ရေးဆိုင်ရာ အဖွဲ့အစည်း ၄၇ ခုတို့က မေလ ၂၆ ရက်နေ့မှာ တိုက်တွန်းလိုက်ပါတယ်။

Sunday, April 5, 2020

ကိုဗစ်ကာကွယ်ဖို့ ရိုဟင်ဂျာဒုက္ခသည်စခန်းတွေမှာ အင်တာ နက်ပြန်ဖွင့်စေလို

B B C
ဘီဘီစီ မြန်မာပိုင်း
2020.04.05

 ဒုက္ခသည်စခန်းက ရိုဟင်ဂျာတွေ

ဘင်္ဂလားဒေ့ရှ် နိုင်ငံက ကမ္ဘာ့ အကြီးဆုံး ဒုက္ခသည်စခန်းမှာ ကိုရိုနာ ဗိုင်းရပ်စ် ကူးစက် ပြန့်ပွားမှု ကာကွယ် တားဆီးနိုင်ဖို့အတွက် အင်တာနက်လိုင်းတွေ ပြန်တပ်ပေးပါ ဆိုတဲ့တောင်းဆိုမှုတွေ ရှိနေပါတယ်။

သိန်းနဲ့ ချီတဲ့ ရိုဟင်ဂျာမွတ်ဆလင် မိသားစုတွေ နေထိုင်ရာ ဒုက္ခသည်စခန်းတွေမှာ ပြီးခဲ့တဲ့ နှစ်က စပြီး အာ ဏာပိုင်တွေက မိုဘိုင်းကွန်ရက်တွေကို ကန့်သတ်ထားခဲ့တာပါ။

ဒါကြောင့် ဗိုင်းရပ်ပြန့်ပွားမှုကို အကောင်းဆုံး ကာကွယ်နိုင်မယ့် နည်းလမ်းတွေကို ဒုက္ခသည်တွေသိအောင် လုပ်နိုင်ဖို့ အခက်အခဲတွေ ရှိနေတယ်လို့ ကုလသမဂ္ဂနဲ့ လူ့အခွင့်အရေး လှုပ်ရှားတဲ့ အဖွဲ့တွေက ပြောပါ တယ်။


လင့်၊https://www.bbc.com/burmese/world-52173080


Sunday, March 8, 2020

ရခိုင်ပြည်နယ် အင်တာနက် ဖြတ်တောက်မှုအပေါ် ဂမ်ဘီ ယာ တရားရေးဝန်ကြီး စိုးရိမ်

VOA
ဗွီအိုအေ (မြန်မာဌာန)
08 မတ်၊ 2020
မသိင်္ဂီထိုက်
ICJ တရားရုံးအပြင်ဘက်တွင် မီဒီယာများနှင့် တွေ့ဆုံ ပြောဆိုနေသည့် ဂမ်ဘီယာ တရားရေးဝန်ကြီး Abubacarr Marie Tambaou. (ဇန်နဝါရီ ၂၃၊ ၂၀၂၀)


ရခိုင်ပြည်နယ်တွင်း အင်တာနက် ဖြတ်တောက်မှုတွေဟာဆိုရင် ICJ မှာ ကြားဖြတ် အရေးပေါ်စီမံချက်တွေ အတိုင်း ဆောင်ရွက်မှု အခြေအနေကို ပထမဆုံး အစီရင်ခံစာ တင်ရတော့မယ့် မြန်မာအတွက် မကောင်း ဘူးလို့ ဂမ်ဘီယာ တရားရေးဝန်ကြီးက သတိပေးလိုက်ပါတယ်။

Friday, March 6, 2020

ရခိုင်အရေးဆန္ဒပြခဲ့တဲ့ ကျောင်းသားတွေ ဖမ်းဆီးခံရ

လွတ်လပ်တဲ့အာရှအသံ ( RFA )
မြန်မာဌာန | သတင်းများ 
2020-03-05



ငြိမ်းစုစီပုဒ်မ ၁၉ နဲ့ တရားစွဲခံထားရတဲ့ ကျောင်းသား ၅ ယောက်ကို ရန်ကုန်မြို့ ပညာရေးတက္ကသိုလ်မှာ ရဲ တပ်ဖွဲ့တွေက မနေ့က လာရောက် ဖမ်းဆီးသွားပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလထဲမှာ ရခိုင်အရေး ဆန္ဒပြ ခဲ့ကြလို့ သူတို့ကို ဖမ်းလိုက်တာပါ။

လင့်၊https://www.rfa.org/burmese/news/students-detained-for-rakhine-protest-03052020175738.html

Thursday, February 27, 2020

အင်တာနက်ဖြတ်တောက်မှုကြောင့် ဘယ်လိုသက်ရောက် မှုဖြစ်ပေါ်နေလဲ

DMG
ခိုင်မြတ်နိုင်
Feb 27, 2020 
စစ်တွေ

ရခိုင်ပြည်နယ်နှင့်ချင်းပြည်နယ်က မြို့နယ်(၉)မြို့နယ်ကို အစိုးရက အင်တာနက်ဖြတ်တောက်ထားသည်။ အင်တာနက်ဖြတ်တောက်ထားခြင်းမှာ နိုင်ငံတော်ကာကွယ်ရေးအတွက် လုပ်သင့်လုပ်ထိုက်သည်ကို လုပ် aဆာင်ခြင်းဖြစ်ပြီး တိုင်းပြည်အတွက် အကျိုးရှိသည်ဟု အစိုးရက ပြောထားသည်။

တိုက်ပွဲဖြစ်ပွားမှုရှိနေသည့် မြို့နယ်များကို အင်တာနက် ဖြတ်တောက်ထားသောကြောင့် ပြည်သူများ၏ နေ့ စဉ်လူမှုဘဝနှင့် လူ့အခွင့်အရေးဆိုင်ရာကိစ္စရပ်များ ထိခိုက်နေသဖြင့် အရပ်ဖက်အဖွဲ့အစည်းများ၊ ကျောင်း သား/သူများက ကန့်ကွက်မှုများ ဆက်တိုက်ပြုလုပ်နေကြသည်။

Monday, February 24, 2020

အင်တာနက် ပြန်ဖွင့်ပေးဖို့ စစ်တွေတက္ကသိုလ် ကျောင်းသား တွေ တောင်းဆို

VOA  
ဗွီအိုအေ (မြန်မာဌာန
ကိုဉာဏ်ဝင်းအောင် 
24 ဖေဖော်ဝါရီ၊ 2020 
ရခိုင်ပြည်နယ်တွင် အင်တာနက်လိုင်းပြန်ဖွင့်ရေး မနှစ် ဒီဇင်ဘာလအတွင်းက တောင်းဆိုဆန္ဒပြနေသူများ။ (ဒီဇင်ဘာ ၂၄၊ ၂၀၁၉)


မြန်မာ့တပ်မတော်နဲ့ ရခိုင်လက်နက်ကိုင်တပ်ဖွဲ့ AA တို့ကြား တိုက်ပွဲဖြစ်နေတဲ့ ဒေသတွေမှာ အစိုးရက ပိတ် ပင်ထား တဲ့ အင်တာနက်လိုင်းတွေ ပြန်ဖွင့်ပေးဖို့ ဖေဖော်ဝါရီ ၂၂ ရက်က စစ်တွေမြို့မှာ ကျောင်းသားတွေနဲ့ သံဃာတော်တွေ ဆန္ဒပြ တောင်းဆိုခဲ့ပါတယ်။ AFP သတင်းပေါ် အခြေခံပြီး ကိုဉာဏ်ဝင်းအောင်ကတင်ပြေ ပးထားပါတယ်။

Sunday, February 9, 2020

ရခိုင်မှာ အင်တာနက်ဖြတ်တာ ဘာအကျိုးရှိသလဲ ( တိုက်ရိုက်လေလှိုင်း )

VOA
ဗွီအိုအေ (မြန်မာဌာန)
တိုက်ရိုက်လေလှိုင်း
ကျော်ကျော်သိန်း
08 ဖေဖော်ဝါရီ၊ 2020
မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်တွင် တာဝန်ထမ်းဆောင်နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်တဦး။

ပလက်ဝနဲ့ ရခိုင်ပြည်နယ်တွင်း မြို့နယ် ၈ မြို့နယ်မှာ အင်တာနက်ဆက်သွယ်ရေးတွေ ဖြတ်တောက် လိုက် တာဟာ တကယ်ပဲ လုပ်ဆောင်သင့်တဲ့လုပ်ရပ်တခုပါလား … အခုလို အင်တာနက် ဆက်သွယ် ရေးဖြတ် တောက်တဲ့ အဓိကရည်ရွယ်ချက်က ဘာဖြစ်ပါ မလဲ … ဒီလို ဖြတ်တောက်တာကနေ ဘယ်သူတွေ အကျိုး ရှိပြီး ဘယ်သူတွေ နစ်နာနိုင်ပါသလဲဆိုတာ စနေည တိုက်ရိုက်လေလှိုင်း အစီအစဉ်မှာ ဆွေးနွေးထား ပါ တယ်။
  -----------------------------------------
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */