Showing posts with label မြောက်ဦး. Show all posts
Showing posts with label မြောက်ဦး. Show all posts

Monday, October 13, 2025

ဘင်္ဂလားဩဇာခံ ပထမမြောက်ဦး(၁၄၃၀-၁၅၃၀)နှင့် သမိုင်းဝင်ဗလီဖျက်၊ ဗလီခိုးသူများအကြောင်း

ဘင်္ဂလားဩဇာခံ ပထမမြောက်ဦး(၁၄၃၀-၁၅၃၀)နှင့် သမိုင်းဝင်ဗလီဖျက်၊ ဗလီခိုးသူများအကြောင်း

မင်းရဲကျော်စွာဦးဆောင်တဲ့ မြန်မာတိုက်စစ်ကို ပထမတော့ ရခိုင်တွေဟာ ခုခံကြပေမယ့် ကြာကြာတင်းမခံနိုင်ဘူး။ မြန်မာတွေလောင်းကြတ်ကိုသိမ်းလိုက်တယ်။ မင်းစောမွန်ဟာ မြန်မာတွေလည်း လောင်းကြတ်ကို သိမ်းလိုက်ရော မိဖုရား၊ သားမယားတွေနဲ့အတူ အနောက်ဘင်္ဂလားနယ်ထဲက စွလ်တန်ဘုရင်ဆီကို ထွက်ပြေးခိုလှုံပါတော့တယ်။
ထွက်ပြေးစဉ်အချိန်ကနေ အေဒီ၁၄၃၀အထိ နရမိတ်လှခေါ် မင်းစောမွန်ဟာ ဘင်္ဂလားဂေါရ်ဘုရင့်ထံမှာ ၂၆နှစ်တိုင်တိုင် နိုင်ငံရေးခိုလှုံနေခဲ့တယ်။
ကြည့်-အခြေပြု မြန်မာနိုင်ငံရေးသမိုင်း၊ ပထမတွဲ၊ ရန်ကုန် ၁၉၈၇၊စာမျက်နှာ၊၁၁၂-၁၁၈)

Wednesday, December 6, 2023

မြောက်ဦး၊ အမ်း၊ မင်းပြားနှင့် မောင်တောတွင် ပစ်ခတ်တိုက် ခိုက်မှုများ ဆက်ဖြစ်နေ

DVB
December 6, 2023 

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့မှာ ဒီဇင်ဘာ ၆ ရက် မွန်းလွဲပိုင်းက စစ်ကောင်စီတပ်သားတွေ မိုင်းဆွဲတိုက် ခိုက်ခံရပြီး ၄ ယောက် သေဆုံးကာ အယောက် ၂၀ လောက် ဒဏ်ရာရရှိခဲ့တယ်လို့ ရက္ခိုင့်တပ်တော် (အေအေ) နဲ့ နီးစပ်သူတွေဆီကနေ သိရပါတယ်။

​မြောက်ဦးမြို့ထဲကနေ ထွက်လာတဲ့ စစ်ကောင်စီတပ်သား အင်အား ၇၀ ဝန်းကျင်လောက်ကို ဒီနေ့ မွန်း လွဲ ၁ နာရီလောက်က မြောက်ဦးမြို့မရဲစခန်းရှေ့ အရောက်မှာ အေအေ က မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ အေအေနဲ့ နီးစပ်သူက ဒီဗွီဘီကို ပြောပါတယ်။

Wednesday, November 29, 2023

ရခိုင်တွင် လက်နက်ကြီးမှန်၍ အရပ်သား ၄ ဦး ပွဲချင်းပြီး သေဆုံး

ဧရာဝတီ
28 November 2023

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့ (CJ)

ရခိုင်ပြည်နယ် စစ်တွေ၊ မြောက်ဦး၊ ကျောက်တော်၊ မောင်တော၊ ဘူးသီးတောင် စသည့် မြို့နယ်များတွင် စစ်ကောင်စီက လက်နက်ကြီး အပါအဝင် ဒရုန်းများဖြင့် ကျေးရွာများအား ပစ်မှတ်ထားတိုက်ခိုက်မှု ကြောင့် အရပ်သားပြည်သူ ၄ ဦး ပွဲချင်း ပြီးသေဆုံးကာ ၁၃ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

Saturday, October 1, 2022

ရခိုင်မြောက်ပိုင်းရှိ မြို့နယ်အများအပြားသို့ ရွှေပြည်တန်ရေ ယာဉ် ပြေးဆွဲခွင့်မရသေး

DMG
စစ်တွေ
Oct 1, 2022 


 ရခိုင်ပြည် ရေကြောင်းသွားလာရေးတွင် အကျယ်ပြန့်ဆုံး ရေယာဉ်လိုင်းတစ်ခုဖြစ်သော ရွှေပြည်တန်အမြန်ရေ ယာဉ်သည် ရခိုင်မြောက်ပိုင်းရှိ မြို့နယ်များသို့ ခရီးစဉ်ပြေးဆွဲခွင့်မရဘဲ ရပ်တန့်ထားရဆဲဖြစ်သည်ဟု သိရသည်။

အဆိုပါရေယာဉ်လိုင်းကို စက်တင်ဘာလ ၁၅ ရက်တွင် ပြည်တွင်းရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနက ခရီးစဉ်ပြေးဆွဲခြင်းကို ရပ်တန့်ထားရန် ညွှန်ကြားခဲ့ခြင်းဖြစ်သည်။ လက်ရှိတွင် စစ်တွေ-ပေါက်တော၊ စစ်တွေ-ကျောက်ဖြူ-ရမ်းဗြဲ-တောင်ကုတ်-မာန်အောင် ခရီးစဉ်များကိုသာ ပြေးဆွဲခွင့်ပြုထားပြီး ကျန်မြို့နယ်များသို့ ပြေးဆွဲ ခွင့် မပြုသေးပေ။

Saturday, June 19, 2021

မြောက်ဦးတွင် စစ်သုံ့ပန်း ၆ ဦးကို ရက္ခိုင့်တပ်တော်(AA)က တပ်မတော်ထံ လွှဲပြောင်းပေး

Narinjara News
ချစ်အိလှိုင်
နိရဉ္စရာ၊ ဇွန် ၁၇/၂ဝ၂၁
ရက္ခိုင့်တပ်တော်(AA)က ဖမ်းထားသည့် စစ်သုံ့ပန်းများအထဲမှ ၆ ဦးကို ယမန်နေ့ နေ့လယ် ၁၂ နာရီခန့်က မြောက်ဦးမြို့နယ်၊ ကျောက်ကျပ်ကျေးရွာတွင် တပ်မတော်အရာရှိများထံလွှဲပြောင်း ပေးလိုက်ကြောင်း သတင်းရရှိသည်။

Wednesday, February 19, 2020

မြောက်ဦး လူငယ်တစ်ဦး သေဆုံးမှုအတွက် တပ်နဲ့ AA အပြန်အလှန်စွပ်စွဲ

လွတ်လပ်တဲ့အာရှအသံ ( RFA ) 
မြန်မာဌာန | သတင်းများ
 အောင်သိင်္ခ
2020-02-19 
 

ရက္ခိုင့်တပ်တော် AA တပ်ဖွဲ့ဝင်တွေက ရိုက်နှက်တဲ့အတွက် မြောက်ဦးမြို့နယ် ပေါင်းတုတ်ကျေးရွာက လူ ငယ် တစ်ဦး သေဆုံးသွားတယ်လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောပါတယ်။

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */