Showing posts with label Amphan. Show all posts
Showing posts with label Amphan. Show all posts

Wednesday, May 20, 2020

Amphan မုန်တိုင်းဒဏ်ခံရမယ့်အရေး ရိုဟင်ဂျာဒုက္ခသည် တွေ စိုးရိမ်နေ

VOA 
ဗွီအိုအေ (မြန်မာဌာန)
20 မေ၊ 2020
ဇော်ထက်
ဘင်္ဂလားဒေ့ရှ်နိုင်ငံ Kutupalong ဒုက္ခသည်စခန်းက ရိုဟင်ဂျာဒုက္ခသည်တချို့ (မေ ၁၅၊ ၂၀၂၀)

ဘင်္ဂလားဒေ့ရှ်နိုင်ငံ Kutupalong ဒုက္ခသည်စခန်းက ရိုဟင်ဂျာဒုက္ခသည်တချို့ (မေ ၁၅၊ ၂၀၂၀)အားကောင်း တဲ့ ဆိုင်ကလုန်းမုန်တိုင်းကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ရိုဟင်ဂျာ ဒုက္ခသည်စခန်းမှာ မိုးကြီး၊ မြေပြိုနိုင်ခြေ ရှိ တယ်လို့ ဒုက္ခသည်တွေ စိုးရိမ်နေကြတဲ့အကြောင်း ပြောပြပါမယ်။ ဒီအကြောင်း ဗွီအိုအေမြန်မာပိုင်း သတင်း ထောက် ကိုဇော်ထက်က တင်ပြပေးပါမယ်။

Amphan မုန်တိုင်းကြီး အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်ကြား ကုန်း တွင်းပိုင်း စတင်ဝင်ရောက်

VOA
ဗွီအိုအေ (မြန်မာဌာန)
20 မေ၊ 2020
ကိုမိုးဇော်
အိန္ဒိယနိုင်ငံအရှေ့ပိုင်း Orissa ပြည်နယ် Bhadrak မှာ Amphan ဆိုင်ကလုန်း မုန်တိုင်းမတိုက်ခတ်စဉ် မိုးစတင်ရွာသွန်းနေတဲ့ မြင်ကွင်း (မေ ၂၀၊ ၂၀၂၀)


Amphan ဆိုင်ကလုန်းမုန်တိုင်းဟာ ဒီနေ့ ညနေ ၃ နာရီခွဲလာက်မှာ ကုန်းတွင်းပိုင်းကို စတင်ဝင်ရောက်နေပြီး မုန်တိုင်းဗဟိုကုန်းတွင်းပိုင်းကို ဖြတ်သန်းတဲ့ နောက်ပိုင်းမှာ အလွန့်အလွန်အားကောင်းတဲ့ မုန်တိုင်းကနေ အားလျော့ကျသွားဖွယ်ရှိပေမဲ့ ကုန်းတွင်းပိုင်း မုန်တိုင်းအဖြစ် ဆက်လက်တည်ရှိနေနိုင်တဲ့ သတင်းကို ဗွီအို အေမြန်မာပိုင်းသတင်းထောက် ကိုမိုးဇော်က တင်ပြပေးပါမယ်။

Amphan မုန်တိုင်းအန္တရာယ်ကြောင့် Bhasan Char က ဒုက္ခသည်တွေ ရွှေ့ပြောင်းပေးထား

VOA
20 မေ၊ 2020 
ဘင်္ဂလားဒေ့ရှ်နိုင်ငံ Bhasan Char ကျွန်းမှာ တွေ့ရတဲ့ ရိုဟင်ဂျာဒုက္ခသည်တချို့။ (ဖေဖော်ဝါရီ ၁၄၊ ၂၀၁၈)


ဘင်္ဂလားပင်လယ်အော်ထဲမှာ Amphan ဆိုင်ကလုန်းမုန်တိုင်းကြီး တိုက်ခတ်နေတာကြောင့် ရေကြီးရေ လျှံနိုင်တဲ့ကျွန်းပေါ်က ရိုဟင်ဂျာဒုက္ခသည် ရာပေါင်းများစွာကို ဘင်္ဂလားဒေ့ရှ်အစိုးရက ဘေးလွတ် ရာရွှေ့ ပြောင်းပေးထားပါတယ်။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */