Showing posts with label ရိုဟင်ဂျာ. Show all posts
Showing posts with label ရိုဟင်ဂျာ. Show all posts

Friday, January 22, 2021

ရိုဟင်ဂျာတွေကို ကျေးရွာအုပ်စုအလိုက်ပြန်လက်ခံရေး ထပ်မံဆွေးနွေးဖို့ရှိ

 B B C

ဘီဘီစီမြန်မာပိုင်း
၂၁ ဇန်နဝါရီ ၂၀၂၁

ရိုဟင်ဂျာ ဒုက္ခသည်တွေကို စစ်တကောင်းက ရေလယ်ကျွန်း ဘာဆန်ချားကို စစ်သင်္ဘောနဲ့ ပို့ဖို့ ၂၀၂၀ ဒီဇင်ဘာလကုန်က ပြင်ဆင်နေစဉ်

ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက် ရခိုင်ပြည်နယ်မြောက်ပိုင်းက ရိုဟင်ဂျာ နေရပ်စွန့်ခွာသူတွေကို ပြန်လည်လက် ခံရေး မှာ ကျေးရွာအုပ်စုအလိုက်ပြန်လည်လက်ခံရေးဆိုတဲ့ ဘင်္ဂလားဒေ့ရှ်ဘက်က ပြောဆိုချက်ကို ပြန်လည် ဆွေးနွေး ဖို့ ရှိတယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ အမြဲတမ်းအတွင်းဝန် ဦးချမ်းအေးက ဘီဘီစီကို ပြောပါ တယ်။

ဘင်္ဂလားဒေ့ရှ်ရောက် နေရပ်စွန့်ခွာသူတွေ ပြန်လည်လက်ခံရေးနဲ့ပတ်သက်ပြီး ဇန်နဝါရီ ၁၉ ရက်က မြန်မာ၊ ဘင်္ဂလားဒေ့ရှ် နဲ့ တရုတ်၊ သုံးပွင့်ဆိုင် အွန်လိုင်းအစည်းအဝေး လုပ်ခဲ့ပါတယ်။

Tuesday, March 5, 2019

ရိုဟင်ဂျာဒုက္ခသည် ၁ သိန်းကျော် Bhasan Char ကျွန်းပြောင်းရွှေ့ဖို့ ဘင်္ဂလားဒေ့ရှ် စီစဉ်

VOA
Bhasan Char ကျွန်း

မြန်မာနိုင်ငံကနေ ဘင်္ဂလားဒေ့ရှ် နိုင်ငံကို ထွက်ပြေးလာခဲ့ကြတဲ့ ရိုဟင်ဂျာ မူဆလင်တသန်းကျော် ရှိတဲ့ အ ထဲက ၁ သိန်းသုံး ထောင်ကျော်ကို ဘာဆန်ချာကျွန်းဆီပြောင်းရွှေ့နေရာချထားဖို့ ဘင်္ဂလားဒေ့ရှ် အစိုးရ က စီစဉ်နေတဲ့အကြောင်း ဘင်္ဂလား ဒေ့ရှ် နိုင်ငံကသတင်းတွေမှာ မနေ့ကဖေါ်ပြထားပါတယ်။

Thursday, February 28, 2019

Cox's Bazar ဒုက္ခသည်စခန်း ရိုဟင်ဂျာကလေးတွေ အရေး ကုလစိုးရိမ်

VOA
ဗွီအိုအေ (မြန်မာဌာန)
ဒေါ်ခင်မျိုးသက် ၊ 28 ဖေဖော်ဝါရီ၊ 2019

ဘင်္ဂလားဒေ့ရှ် နိုင်ငံ Cox’s Bazar က Balukhali ဒုက္ခသည်စခန်းက ရိုဟင်ဂျာဒုက္ခသည်ကလေးငယ်။ (ရိုက်တာ နိုဝင်ဘာ၊ ၁၅) 

ဘင်္ဂလားဒေ့ရှ်နိုင်ငံ တောင်ပိုင်း Cox’s Bazar က ဒုက္ခသည်စခန်းတွေမှာ နိုင်ငံမဲ့ ရိုဟင်ဂျာ ဒုက္ခသည် က လေးငယ် သန်းတဝက်လောက်ရှိနေပြီး သူတို့ရဲ့အနေထားက မျှော်လင့်ချက်ကင်းမဲ့ပြီး စိတ်ဓါတ်ကျဖို့ရာ သိပ်ကို လွယ်ကူစေတာကြောင့် ဒီကလေးငယ်တွေရဲ့အနာဂတ်ဟာ အတော်ကို စိုးရိမ်စရာ ကောင်းနေတယ် လို့ UNICEF ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့ ကပြောပါတယ်။

Thursday, February 21, 2019

ရိုဟင်ဂျာတွေ ဌာနေပြန်ရေး ၀န်ကြီးချုပ် Hasina စိုးရိမ်


VOA
ဗွီအိုအေ (မြန်မာဌာန)
မှတ်တမ်းဓာတ်ပုံ။ ဘင်္ဂလားဒေရှ့် နိုင်ငံ ကုတုပလောင် ရိုဟင်ဂျာ ဒုက္ခသည် စခန်းမှာ ၀န်ကြီးချုပ် ဟာဆီနာ ဒုက္ခသည်တွေနဲ့ တွေ့ဆုံ။ 

မြန်မာဘက်က ရိုဟင်ဂျာတွေ ဌာနေပြန်ရေးအတွက် ဘင်္ဂလားဒေ့ရှ်နဲ့ သဘောတူ စာချုပ် ချုပ်ဆိုထားပေ မယ့် ဒုက္ခသည်တွေ ဌာနေ ပြန်ရေးအတွက် သင့်လျော်တဲ့ ဝန်းကျင်ဖန်တီးပေးဖို့ ပျက်ကွက်နေတယ်လို့ ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် Sheikh Hasina က ဝေဖန်လိုက်ပါတယ်။

Tuesday, February 5, 2019

ကန်အထက်လွှတ်တော်အဆိုပြုချက်မူကြမ်းအ ပေါ် မြန်မာသံအမတ်ကြီးတုန့်ပြန်

အမေရိကန်ဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးအောင်လင်း

ရခိုင်မြောက်ပိုင်းမှာဖြစ်ခဲ့တဲ့ ရိုဟင်ဂျာတွေအပေါ် ကျူးလွန်မှုဟာ လူမျိုးတုန်းသတ်ဖြတ်မှု ဒါမှမဟုတ် လူ သားထုအပေါ်ကျူးလွန်တဲ့ရာဇ၀တ်မှု မြောက် မမြောက်ဆိုတာ ဆုံးဖြတ်ဖို့ အမေရိကန်နိုင်ငံခြားရေး ၀န်ကြီး ကို ဖိအားပေး တိုက်တွန်းထားတဲ့ မြန်မာ့အရေးဆုံးဖြတ်ချက်မူကြမ်းကို ဇန်န၀ါရီလ ၂၉ ရက်နေ့က ရီပါပ လင်ကန်နဲ့ ဒီမိုကရက် ပါတီနှစ်ခုပူးပေါင်းပြီး အမေရိကန်အထက်လွှတ်တော်မှာ တင်သွင်းခဲ့ပါတယ်။

ရိုဟင်ဂျာတွေနိုင်ငံမဲ့မဖြစ်ဖို့ အခွင့်အရေးရှိကြောင်း Angelina Jolie ပြော

၂ဝ၁၈ ဖေဖော်ဝါရီလ ၅ ရက်နေ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံ Cox's Bazar ခရိုင် ကုတုပါလောင် ဒုက္ခသည်စခန်းတွင် ကုလသမဂ္ဂ UNHCR အထူးသံတမန် Angelina Jolie သတင်းစာရှင်းလင်းပွဲပြုလုပ်စဉ်။ 

 ရိုဟင်ဂျာဒုက္ခသည်တွေ နိုင်ငံမဲ့ဘဝ မရောက်ဖို့ အခွင့်အရေးအပြည့်အဝ ရှိကြောင်းနဲ့၊ သူတို့ကို နိုင်ငံမဲ့ ဒုက္ခသည်တွေအဖြစ် သဘောထားဆက်ဆံနေတာဟာ မိမိတို့အားလုံး ရှက်စရာဖြစ်တယ်လို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံကို ရောက်ရှိနေတဲ့ ကမ္ဘာကျော် ဟောလိဝုဒ် ရုပ်ရှင်မင်းသမီး  Angelina  Jolie က ပြောလိုက်ပါတယ်။

Tuesday, January 22, 2019

မစ္စယန်ဟီးလီ ဒုက္ခသည်တွေနဲ့ တွေ့ဆုံ

ဘင်္ဂလားဒေ့ရှ်နိုင်ငံက မွတ်စလင်ဒုက္ခသည်စခန်းကို သွားရောက်ခဲ့တဲ့ ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စယန်ဟီးလီ ကို တွေ့ရစဉ် 

ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စယန်ဟီးလီဟာ ဘင်္ဂလားဒေ့ရှ်နိုင် ငံ ကော့ဇ်ဘဇားမြို့က ဒုက္ခသည်စခန်းမှာ ခိုလှုံနေကြတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေနဲ့ ဒီနေ့ နေ့လယ်ပိုင်းမှာ တွေ့ဆုံခဲ့ပါတယ်။

ရသေ့တောင်တွင် ပိတ်လှောင်ခံထားရသည့် ရိုဟင်ဂျာများ စားဝတ်နေရေး အခက်အခဲ ကြုံတွေ့နေရ

ရန်နိုင် Rohingya Today

 
ရသေ့တောင် ။ ။ ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ် အတွင်း ကျန်ရှိနေသည့် ရိုဟင်ဂျာများသည် လွတ်လပ် စွာ သွားလာခွင့် မရှိသဖြင့် အလုပ်အကိုင် အခွင့်အလမ်းမရှိဘဲ ရွာထဲတွင် ပိတ်လှောင်ခံထားရကာ စား ဝတ် နေရေး အခက်အခဲများစွာနှင့် ရင်ဆိုင်နေရသည်။

Monday, January 21, 2019

ကုလ ကိုယ်စားလှယ် နယ်စပ်မျဉ်းရှိ ဒုက္ခသည် တွေ တွေ့ဆုံ

                                            ကုလ ကိုယ်စားလှယ် နယ်စပ်မျဉ်းရှိ ဒုက္ခသည်တွေ တွေ့ဆုံ ( ဓါတ်ပုံ- Zero Line က ဦး ဒီလ်မူဟာမက်)

ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ရောက်ရှိနေတဲ့ ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် ယန်ဟီ လီ ဒီကနေ့ နေ့လည်ပိုင်းမှာတော့ မြန်မာနိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နယ်စပ် နယ်နမိတ်မျဉ်းကြား Zero Line ဇုံမှာ ခိုလှုံနေထိုင်နေတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ လူ့အခွင့်အရေးချိုးဖောက်ခံခဲ့ရတဲ့ အမျိုးသမီးတွေ၊ ကလေးငယ်တွေအပါအဝင် ခိုလှုံနေထိုင်နေတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေနဲ့ ယမ်ဟီးလီ တို့ နာရီဝက်လောက် တွေ့ဆုံစကားပြောခဲ့ပြီး သူတို့လက်ရှိကြုံနေရတဲ့အခက်အခဲတွေ၊ ရခိုင်မှာကြုံခဲ့ရတဲ့ လူ့ အခွင့်အရေးချိုးဖောက်ခံရမှုတွေအတွက် ယန်ဟီးလီက ကုလသမဂ္ဂကို အလေးအနက်ထား အစီရင်ခံ တင် ပြ ပေးပါ့မယ်လို့ ကတိပေးခဲ့တဲ့အကြောင်း ကိုယ်တိုင်တွေ့ဆုံခဲ့တဲ့ နယ်နမိတ်မျဉ်းကြား ခိုလှုံနေသူ ရိုဟင်ဂျာ တွေရဲ့ ခေါင်းဆောင်တဦးဖြစ်တဲ့ ဦးဒီလ်မူဟာမက်က ဗွီအိုအေမြန်မာပိုင်း မဆုမွန်က ဆက်သွယ်စုံစမ်းစဉ် သူက အခုလိုစဖြေပါတယ်။

Sunday, January 20, 2019

ဒုက္ခသည်တွေနဲ့ ကုလအထူးကိုယ်စားလှယ် မစ္စယန်ဟီးလီ တွေ့ဆုံမည်

ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စယန်ဟီးလီ ကို ၂ဝ၁၈ ခုနှစ် ဇန်နဝါရီလ ၂ဝ ရက်နေ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံ Cox's Bazar ဒေသက ဒုက္ခသည်စခန်းမှာ တွေ့ရစဉ်

ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ရောက်ရှိနေတဲ့ ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စယန်ဟီးလီဟာ ရခိုင်ပြည်နယ် မောင်တောဒေသကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဇ်ဘဇားမြို့က ဒုက္ခ သည်စခန်းမှာ ခိုလှုံနေကြတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေနဲ့ လာမယ့် ဇန်နဝါရီလ ၂၂ ရက်နေ့မှာ တွေ့ဆုံမယ်လို့ သိရပါတယ်။ မစ္စယန်ဟီးလီကို ကြိုဆိုဖို့အတွက် ဒီနေ့ကစပြီး ဒုက္ခသည်စခန်းတွေမှာ ပြင်ဆင်နေကြ တယ် လို့ တန်ခါလီ ဒုက္ခသည်စခန်းက ဦးခင်မောင် က ပြောပါတယ်။ လက်ရှိ မြန်မာအစိုးရက မစ္စယန်ဟီးလီကို ပြည်ဝင်ခွင့်ပိတ်ထားပါတယ်။

Friday, December 14, 2018

( 14.12.2018 ) ရိုဟင်ဂျာတွေ အပေါ်နှိပ် ကွပ်မှု Genocide အဖြစ် ကန်အောက် လွှတ်တော် အတည်ပြု

မြန်မာစစ်တပ်ရဲ့လုပ်ရပ် Genocide သတ်မှတ်ရေး အမေရိကန်အောက်လွှတ်တော်မှာ မဲခွဲဆုံးဖြတ်စဉ်။

ရိုဟင်ဂျာမူဆလင်တွေကို မြန်မာစစ်တပ်က ရက်ရက်စက်စက် နှိမ်နင်းခဲ့မှုကို Genocide ခေါ် လူမျိုးတုန်း သတ်ဖြတ်မှုအဖြစ် ခေါ်ဆိုသတ်မှတ်ဖို့ အမေရိကန်ပြည်ထောင်စု အောက်လွှတ်တော်က တခဲနက် အ တည်ပြု လိုက်ပါပြီ။

Wednesday, February 14, 2018

( 14.02.2018) ကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ် Nikki Haley က ကုလသမဂ္ဂ လုံ ခြုံရေး ကောင် စီဟာ ရခိုင်ပြည်နယ်က အခြေ အနေတွေမှာ အရေးယူ တုန့်ပြန် ဖို့ ပျက်ကွက် တယ်လို့ ဝေဖန်။

ကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ် Nikki Haley က ကုလသမဂ္ဂ လုံခြုံရေးကောင်စီဟာ ရခိုင်ပြည် နယ်က အခြေ အနေတွေမှာ အရေးယူ တုန့်ပြန်ဖို့ ပျက်ကွက်တယ်လို့ ဝေဖန်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
The situation in Myanmar - Security Council, 8179th meeting
13 Feb 2018 - The situation in Myanmar.
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

Thursday, November 8, 2012

ပြည်သူ့သတင်းထောက် မိုးမခ

ဟစ်တိုင် စစ်ဂျာနယ်
နိုဝင်ဘာ ၈၊ ၂၀၁၂

မကြာမီတွင် ရိုဟင်ဂျာအမည်ခံကာ တိုင်းရင်းသားအခွင့်အရေးတောင်းဆိုမည့် ခိုးဝင်ဘင်္ဂလီများ အစုလိုက် အ ပြုံလိုက် ဖမ်းဆီးရမိ။စစ်ကိုင်းတိုင်း၊ ကလေးမြို့၌ ခိုးဝင်ဘင်္ဂလီ(၁၉) ဦးကို ရဟန်းရှင်လူ ပြည်သူများက ဖမ်း ဆီး နိုင်ခဲ့ကြောင်း သိရသည်။ ထိုသို့ ဖမ်းဆီးနိုင်ဖို့ အတွက် ပြီးခဲ့တဲ့သောကြာနေ့ (၂-၁၁-၂၀၁၂) ရက်နေ့ ကတည်း က တာဝန်သိပြည်သူတစ်ဦးထံမှ သတင်းရရှိခဲ့ကြောင်း၊ သတင်းရသည်နဲ့ တပြိုင်နက် အမျိုးဘာ သာ သာသ နာ ကာကွယ်စောင့် ရှောက်ရေးအသင်းကြီးမှ တိကျခိုင်မာအောင်သေချာ စွာစောင့် ကြည့်လေ့လာခဲ့ရကြောင်း ၊ သေချာပြီဆိုသည်နှင့် ယနေ့ (၅-၁၁-၂၀၁၂) ရက်နေ့ မနက် ၄း၀၀ နာရီတွင် လူငယ် (၁၁) ယောက်ဖြင့် ဝိုင်း ဝန်းဖမ်းဆီးခဲ့ကြောင်း၊ နောက်ပိုင်းတွင် ရဟန်းသံဃာတော်များနှင့် လူကြီးလူငယ် အယောက်  (၃၀) ခန့်က ပူးပေါင်းဖမ်းဆီးပေးခဲ့ကြကြောင်းသိရသည်။



/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */