VOA
တိုက်ရိုက်လေလှိုင်း
သားညွန့်ဦး
04 မတ်၊ 2020
မြန်မာ့နိုင်ငံရေးမူဝါဒမှာ လူနည်းစုသွေးခွဲဆက်ဆံမှုရှိလား(တိုက်ရိုက်လေလှိုင်း)
မြန်မာနိုင်ငံမှာ လူနည်းစုတွေကို ခွဲခြားဆက်ဆံတဲ့ ဥပဒေနဲ့ မူဝါဒတွေဟာ နှစ်ပေါင်းများစွာက တည်းက ရှိနေပြီး၊ မြန်မာ့လူ့အခွင့်အရေးတိုးတက်လာဖို့ဆိုရင် အဲဒီ ဥပဒေနဲ့မူဝါဒ ပြင်ဆင်ရေးတွေကို ဆောင်ရွက် ရမယ် လို့ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂမဟာမင်းကြီးက အခုကျင်းပနေတဲ့ လူ့အခွင့်အရေးကောင်စီ ညီလာခံမှာ ထောက်ပြခဲ့ပါတယ်။ ဒီမိုကရေစီအသွင်ကူးပြောင်းရေးလုပ်ဆောင်နေတဲ့ မြန်မာနိုင်ငံမှာ ဒီလို မူဝါဒတွေ တကယ်ပဲ ရှိသေးရဲ့လား၊ လက်ရှိ ဒီမိုကရေစီအရပ်သားအစိုးရကရော ဒီမူဝါဒတွေကို ပြုပြင်
ပြောင်း လဲဖို့ စိတ်ဆန္ဒရှိရဲ့လား.. စတာတွေကို လာမယ့် အင်္ဂါနေ့ည တိုက်ရိုက်လေလှိုင်းအစီအစဉ်မှာ သုံးသပ်ဆွေးနွေးထားပါတယ်။
Showing posts with label တိုက်ရိုက်လေလှိုင်း. Show all posts
Showing posts with label တိုက်ရိုက်လေလှိုင်း. Show all posts
Friday, March 6, 2020
Saturday, December 14, 2019
မြန်မာနိုင်ငံနဲ့ ICJ သင်ခန်းစာ ( တိုက်ရိုက်လေလှိုင်း )
VOA
ဗွီအိုအေ (မြန်မာဌာန)
14 ဒီဇင်ဘာ၊ 2019
ကိုအောင်လွင်ဦး
ကိုအောင်လွင်ဦး
ဒီဇင်ဘာ ၁၄၊ ၂၀၁၉ - ရခိုင်ပြည်နယ်မှာ ဖြစ်ခဲ့တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေဟာ လူမျိုးတုံးအောင် လုပ်ရာရောက်တယ်ဆိုတဲ့ စွပ်စွဲချက်ကို နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် The Hague မြို့က နိုင်ငံတကာ တရားရုံးမှာ သွားပြီး ဖြေရှင်းရတဲ့အထိ ဖြစ်ခဲ့ပါတယ်။ တကယ်တော့ ဖြစ်ခဲ့ တာတွေဟာ လူမျိုးတုံးအောင်လုပ်တဲ့ ရည်ရွယ်ချက်မျိုး မရှိတဲ့အကြောင်းနဲ့ ရှိခဲ့ရင်လည်း လူသားချင်းစာ နာမှုဆိုင်ရာ နိုင်ငံတကာ ဥပဒေ၊ လူ့အခွင့်အရေး သဘောတူညီချက်တွေနဲ့သာ အရေးယူနိုင်တယ် ဆိုပြီး တော့လည်း ဒေါ်အောင်ဆန်းစုကြည်က ICJ မှာ လျှောက်လဲချက် ပေးတဲ့အချိန်မှာ ပြောခဲ့တာပါ။
Tuesday, November 19, 2019
နိုင်ငံတကာဖိအားနဲ့ မြန်မာတုန့်ပြန်မှု(တိုက်ရိုက်လေလှိုင်း)
VOA
တိုက်ရိုက်လေလှိုင်း
19 နိုဝင်ဘာလ၊ 2019
သားညွန့်ဦး
လင့်၊https://burmese.voanews.com/a/5172339.html
တိုက်ရိုက်လေလှိုင်း
19 နိုဝင်ဘာလ၊ 2019
သားညွန့်ဦး
၇၄ ကြိမြောက် ကုလသမဂ္ဂ အထွေထွေညီလာခံတွင် မိန့်ခွန်းပြောကြားနေသည့် ဥိးကျော်တင့်ဆွေ။
မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးမှတ်တမ်းတွေနဲ့ ပတ်သက်လို့ နိုင်ငံတကာဖိအားတွေဟာ မကြုံစဖူးအောင်ပဲ အခု နှစ်ပိုင်းထဲ မြင့်တက်လို့လာပါတယ်။ ဒီအပေါ် မြန်မာအစိုးရရဲ့ တုန့်ပြန်ချက်နဲ့ သံတမန်ရေး စွမ်းဆောင် မှုတွေဟာ ဆီလျော်မှန်ကန်မှု လုံလောက်မှုရှိပါရဲ့လား။ အင်္ဂါနေ့ ည တိုက်ရိုက်လေလှိုင်းအစီအစဉ်မှာတော့ နိုင်ငံတကာဖိအားနဲ့ မြန်မာတုန့်ပြန်ချက်ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆွေးနွေးထားပါတယ်။
မင်္ဂလာဒုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ကိုအောင်လှိုင်ဝင်းနဲ့ လူ့အခွင့်အရေး တတ်ကြွလှုပ်ရှား သူ ကိုသက်ဆွေဝင်းတို့ ပင်တိုင်ဆွေးနွေးထားကြပါတယ်။
မင်္ဂလာဒုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ကိုအောင်လှိုင်ဝင်းနဲ့ လူ့အခွင့်အရေး တတ်ကြွလှုပ်ရှား သူ ကိုသက်ဆွေဝင်းတို့ ပင်တိုင်ဆွေးနွေးထားကြပါတယ်။
Saturday, November 16, 2019
ICJ မှာ မြန်မာနိုင်ငံအမှု ဘယ်လိုရင်ဆိုင်မလဲ
တိုက်ရိုက်လေလှိုင်း
ကိုအောင်လွင်ဦး
16 နိုဝင်ဘာ၊ 2019
နိုဝင်ဘာ ၁၆၊ ၂၀၁၉ - မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိနေတယ်၊ အထူးသဖြင့် ရခိုင်ပြည် နယ်မှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ အကြီးအကျယ် ဖြစ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ဒီတပတ်ထဲမှာပဲ ICJ နိုင်ငံတကာ တရားရုံးမှာ ဂမ်ဘီယာနိုင်ငံက တရားလိုလုပ် တရားစွဲလိုက်သလို၊ နိုင်ငံတကာ ရာဇ၀တ် ခုံရုံး (ICC) ကလည်း မြန်မာနိုင်ငံဟာ အဖွဲ့ဝင် မဟုတ်သည့်တိုင် စုံစမ်းမှုတွေစဖို့ ခွင့်ပြုလိုက်ပါတယ်။
Thursday, October 31, 2019
ရခိုင်မြောက်ပိုင်းပဋိပက္ခနဲ့ နောက်ဆက်တွဲအလား အလာ (တိုက်ရိုက်လေလှိုင်း)
တိုက်ရိုက်လေလှိုင်း
30 အောက်တိုဘာ၊ 2019
သားညွန့်ဦး
ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသက မြန်မာစစ်တပ်နဲ့ AA ရခိုင်လက်နက်ကိုင်အဖွဲ့တွေအကြား တိုက်ပွဲတွေ ပိုပိုပြီး တင်းမာလာသလို၊ အရပ်သားထိခိုက်မှုတွေ အရပ်သားတွေ သွားလာနေထိုင်စားသောက်မှုတွေကို ထိခိုက်လာနေပါတယ်။ တဖက်မှာ အပစ်ရပ်ရေးဆွေးနွေးနေတယ်ဆိုပေမယ့်လည်း၊ တဖက်နဲ့တဖက် စွတ် စွဲပြောဆိုမှုတွေဟာလည်း ပိုပြီး ပြင်းထန်လာပါတယ်။ ရခိုင်မြောက်စစ်ပွဲ ငြိမ်းချမ်းဖို့အလားအလာနဲ့ စိန်ခေါ် ချက်တွေအကြောင်း အင်္ဂါနေ့ည တိုက်ရိုက်လေလှိုင်းအစီအစဉ်မှာ ဆွေးနွေးထားပါတယ်။
30 အောက်တိုဘာ၊ 2019
သားညွန့်ဦး
Mro ethnic people displaced from the surge of fighting between ethnic armed rebel group of the Arakan Army and government troops take refuge at a compound of a Buddhist pagoda are seen during a government-organized visit for journalists in Buthidaung town
Wednesday, July 31, 2019
ဒုက္ခသည်များနေရပ်ပြန်ရေး (တိုက်ရိုက်လေလှိုင်း)
This picture taken on October
10, 2012 shows an elderly Muslim Rohingya man pictured outside his tent
at the Dabang Internally Displaced Persons (IDP) camp, located on the
outskirts of Sittwe, capital of Myanmar's western Rakhine state. More
than 50,000
ဇူလှိုင် ၃၁၊ ၂၀၁၉။ ဘင်္ဂလားဒေ့ရှ်မှာရောက်နေတဲ့ ရိုဟင်ဂျာမွတ်ဆလင်တွေ နေရပ်ပြန်ရေးအစီအစဉ် အ တွက် မြန်မာနိုင်ငံခြားရေးဌာန ကိုယ်စားလှယ်အဖွဲ့ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို သွားရောက်ပြီး ဒုက္ခသည်တွေ နဲ့ရော ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေနဲ့ပါ တွေ့ဆုံခဲ့ပါတယ်။ နိုင်ငံတကာဖိအားကြုံနေရတဲ့ ရိုဟင်ဂျာ အရေး နဲ့ ပတ်သက်လို့ ဒုက္ခသည်တွေနေရပ်ပြန်ရေး လုပ်ငန်းစဉ်တွေမစနိုင်သေးတာကြောင့်လည်း နှစ်နိုင်ငံအကြား မှာ အပြန်အလှန်အပြစ်တင်မှုတွေရှိခဲ့ပါတယ်။
Monday, April 1, 2019
ရခိုင်ပြည်ငြိမ်းချမ်းရေး အလားအလာ (စနေည တိုက် ရိုက်လေလှိုင်း)
VOA
မြန်မာနိုင်ငံ ရခိုင်မြောက်ပိုင်းက စစ်ရေးပဋိပက္ခတွေဟာ အရှိန်လျှော့ပါးလာမှုမရှိပဲ ဒေသခံတွေလည်း အ တော်လေး ထိခိုက်မှုတွေရှိနေတာကြောင့် ရှေ့ဆက်အခြေအနေတွေ ပိုပြီးတော့ ကောင်းလာနိုင် မလား ဆို တဲ့ ပူပန်မှုတွေရှိနေပါတယ်။
မြန်မာစစ်တပ်ဘက်ကတော့ AA ရခိုင်လက်နက်ကိုင်အဖွဲ့ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ် တယ် ဆိုပြီး ပြီးခဲ့တဲ့သီတင်းပတ်ကပဲ ပြောခဲ့ပါတယ်။ ဒါဆိုရင် AA ကို ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွင်း ထည့်သွင်းဆွေးနွေးဖို့ ဖြစ်နိုင်ပါ့မလား။
ရခိုင်ဒေသ ငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့ ဘယ်လို ဖြေရှင်းနိုင်မလဲ.. စနေည တိုက်ရိုက်လေလှိုင်းအစီအစဉ်ကို ပင်တိုင်ဆွေးနွေးသူ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် မထုမေ၊ သတင်းစာဆရာ နိုင်ငံရေးသုံးသပ်သူ ကိုဇေယျသူတို့နဲ့အတူ VOA သောတရှင်တွေနဲ့ မအေးသန္တာကျော် ဆွေးနွေးတင်ဆက်ထားပါတယ်။
ဗွီအိုအေ (မြန်မာဌာန)
တိုက်ရိုက်လေလှိုင်း
30 မတ်၊ 2019
မြန်မာနိုင်ငံ ရခိုင်မြောက်ပိုင်းက စစ်ရေးပဋိပက္ခတွေဟာ အရှိန်လျှော့ပါးလာမှုမရှိပဲ ဒေသခံတွေလည်း အ တော်လေး ထိခိုက်မှုတွေရှိနေတာကြောင့် ရှေ့ဆက်အခြေအနေတွေ ပိုပြီးတော့ ကောင်းလာနိုင် မလား ဆို တဲ့ ပူပန်မှုတွေရှိနေပါတယ်။
မြန်မာစစ်တပ်ဘက်ကတော့ AA ရခိုင်လက်နက်ကိုင်အဖွဲ့ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ် တယ် ဆိုပြီး ပြီးခဲ့တဲ့သီတင်းပတ်ကပဲ ပြောခဲ့ပါတယ်။ ဒါဆိုရင် AA ကို ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွင်း ထည့်သွင်းဆွေးနွေးဖို့ ဖြစ်နိုင်ပါ့မလား။
ရခိုင်ဒေသ ငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့ ဘယ်လို ဖြေရှင်းနိုင်မလဲ.. စနေည တိုက်ရိုက်လေလှိုင်းအစီအစဉ်ကို ပင်တိုင်ဆွေးနွေးသူ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် မထုမေ၊ သတင်းစာဆရာ နိုင်ငံရေးသုံးသပ်သူ ကိုဇေယျသူတို့နဲ့အတူ VOA သောတရှင်တွေနဲ့ မအေးသန္တာကျော် ဆွေးနွေးတင်ဆက်ထားပါတယ်။
Subscribe to:
Posts (Atom)