" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label အရေးယူရန်. Show all posts
Showing posts with label အရေးယူရန်. Show all posts

Tuesday, August 6, 2019

ကမ္ဘောဇနဲ့မက်စ်မြန်မာကုမ္ပဏီတွေ ကိုရာဇဝတ် ကြောင်းရအရေးယူဖို့ကုလစုံစမ်းရေးအဖွဲ့ပြော

B B C
ဘီဘီစီ မြန်မာပိုင်း
5 ဩဂုတ် 2019

မြန်မာနိုင်ငံက ထိပ်တန်းစီးပွားရေး ကုမ္ပဏီ ကြီးတွေဖြစ်တဲ့ ကမ္ဘောဇကုမ္ပဏီအုပ်စု(KBZ) နဲ့ မက်စ်မြန်မာကုမ္ပဏီ အုပ်စု (Max Myanmar) ကုမ္ပဏီနှစ်ခုစလုံးကိုရာဇဝတ်ကြောင်းအရ စုံစမ်းစစ်ဆေးပြီး လိုအပ်ပါက တရားစွဲဖို့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ အချက်အလက်ရှာဖွေရေးအဖွဲ့က သြဂုတ်လ ၅ ရက်နေ့ ထုတ်ပြန်တဲ့အစီရင်ခံ စာမှာ ဖော်ပြလိုက်ပါတယ်။

ကမ္ဘောဇကုမ္ပဏီအုပ်စု(KBZ) နဲ့ မက်စ်မြန်မာကုမ္ပဏီအုပ်စု (Max Myanmar)တို့ဟာ မြန်မာနိုင်ငံမှာ ဘဏ်လုပ် ငန်း၊ အာမခံလုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်း၊ ဟိုတယ်လုပ်ငန်း၊ သတ္တုတူးဖော်ရေးလုပ်ငန်း အပါအဝင်လုပ် ငန်း ပေါင်း များစွာ ပိုင်ဆိုင်တဲ့ ကုမ္ပဏီအုပ်စုကြီးတွေဖြစ်ပါတယ်။

ရခိုင်ပြည်နယ်မှာ စစ်ဆင်ရေးတွေ စတင်ပြီး ရက်သတ္တပတ် အနည်းငယ်အကြာ မှာမြန်မာနိုင်ငံက ကုမ္ပဏီများနဲ့ အဖွဲ့အစည်းပေါင်း ၄၅ ခုက မြန်မာ့တပ်မတော်ကို ဒေါ်လာ ၁၀ သန်းကျော်တန် အလှူငွေများ ပေးခဲ့တယ်လို့ အစီရင်ခံစာမှာ အသေးစိတ်ဖော်ပြထားပါတယ် ။

ဒီကုမ္ပဏီတွေဟာ မြန်မာ ဘင်္ဂလားဒေရှ် နယ်စပ် ခြံစည်းရိုးကာဖို့ငွေကြေးထောက်ပံ့ ခဲ့တာဖြစ်ပြီးတော့ ဒီလို ကာတဲ့ အတွက် အိုးအိမ်မဲ့ ရိုဟင်ဂျာတွေ သူတို့နေရာပြန်ဖို့တားဆီးထားတာဖြစ်သလို အဲဒါကြောင့် လည်း သူတို့ကို ပူပန်သောကတွေ စိတ်ဆင်းရဲမှုတွေ ဖြစ်စေတယ် လို့လည်းအစီရင်ခံစာ ကဖော်ပြပါတယ်။

"မြန်မာနိုင်ငံမှာ စစ်တပ်ဟာ အဓိကပြဿနာလို့ တွေ့ရှိတဲ့အတွက် အခုလိုတိုက်တွန်းရတာပါ။ နိုင်ငံတကာဥပဒေအောက်မှာ ကြီးမားတဲ့ရာဇဝတ်မှုတွေ၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေရဲ့ အရင်းအမြစ်က တပ်မတော်ဖြစ်တယ်" လို့ ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးအဖွဲ့ရဲ့ အဖွဲ့ဝင် မစ္စတာ ခရစ်စီဒိုတီက ပြောပါတယ်။
 

Link : Here

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */