" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label ဒဂုန်မြို့သစ်အရှေ့ပိုင်း. Show all posts
Showing posts with label ဒဂုန်မြို့သစ်အရှေ့ပိုင်း. Show all posts

Sunday, October 23, 2022

ရပ်ကွက်က တိုင်ကြားသဖြင့် နေရပ်ပြောင်းရွှေ့လာသည့် ရိုဟင်ဂျာ ၁၀၀ ကျော် ရန်ကုန်တွင် ဖမ်းဆီးခံရ

လူငယ့်ခေတ်
အောက်တိုဘာ ၂၂

ရန်ကုန်တိုင်း ၊ ဒဂုံမြိုသစ်အရှေ့ပိုင်း၊ အမှတ် ၁၀ရပ်ကွက်ရှိ နေအိမ်တစ်အိမ်တွင် တည်းခိုနေသည့် ရိုဟင်ဂျာအမျိုးသမီးနှင့် ကလေးငယ်များ အပါအဝင် ၁၂၁ ဦးကို အောက်တိုဘာ၂၀ရက်နေ့ ညပိုင်းတွင် စစ်ကောင်စီက လာရောက်ဖမ်းဆီးခဲ့ပြီး ဖမ်းဆီးစဥ် သေနတ်ဖြင့် ပစ်ခတ်သံများကြားရကြောင်း ရပ်ကွက်နေပြည်သူတစ်ဦးက
လူငယ့်ခေတ် သတင်းဌာနကိုပြောသည်။

“ ၂၀ ရက် ညပိုင်းက စစ်ကားတွေနဲ့ အိမ်တစ်အိမ်ကိုဝင်ဖမ်းတာ။ သေနတ်သံတွေလည်းကြားရတယ်။ ခြိမ်း ခြောက်တာလား၊ တည့်တည့်ပစ်တာလားဆိုတာတော့ ကျွန် တော်တို့ မသိဘူး။ ၂၁ ရက် နေ့လယ်ပိုင်းလောက်က စစ်တပ်က ဝါဒဖြန့်ချိတဲ့ မီဒီယာတွေမှာတက်လာမှ ရိုဟင်ဂျာတွေအဖမ်းခံရတယ်ဆိုတာ သိတာ” ဟု ၎င်းကဆိုသည်။                                                                   
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */