RFA
RFA Burmese
2023.05.24
ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှုစွပ်စွဲချက် အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) တွင် ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၂၂ ရက်နေ့က ကြားနာစစ်ဆေးစဉ်။ ICJ
ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှု စွဲချက်အတွက် စစ်ကောင်စီဘက်က ထုချေလွှာ တင်သွင်းရမယ့် ရက်ကို နိုင်ငံတကာတရားရုံး (ICJ) က နောက်ထပ် သုံးလ ရွှေ့ဆိုင်းလိုက် တဲ့အပေါ် စိတ်ပျက်မိတယ်လို့ ရိုဟင် ဂျာ ဒုက္ခသည်တွေနဲ့ လူ့အခွင့်အရေး လှုပ်ရှားသူတွေ က ပြောပါတယ်။ အမှန်တကယ် ထုချေလွှာ တင်ရမယ့်ရက်ဟာ ၂၀၂၃ ခုနှစ်၊ ဧပြီ ၂၄ ရက်ဖြစ်ပြီး စစ်ကောင်စီဘက်က အဆင်သင့် မဖြစ်သေးတာကြောင့် ၂၀၂၄ ခုနှစ်ထဲအထိ ရွှေ့ဆိုင်းပေးဖို့ အရင်ဆုံး တောင်းဆိုခဲ့တာပါ။ ဒါကြောင့် တရားရုံးက တစ်လနောက်ဆုတ်ပြီး မေလ ၂၄ ရက် ဒီနေ့မှာ ထုချေလွှာတင်သွင်းဖို့ ဆုံးဖြတ်ထားပြီးသား ဖြစ်ပါတယ်။