" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label လွှတ်မြောက်. Show all posts
Showing posts with label လွှတ်မြောက်. Show all posts

Tuesday, May 7, 2019

ကျောက်တန်း ဖမ်းဆီးခံထားရသူများအထဲမှ ၄၈ ယောက် ထပ်မံလွတ်မြောက်လာ

နိရဉ္စရာ
နိရဉ္စရာ၊ မေ ၆/ ၂၀၁၉

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ ကျောက်တန်းကျေးရွာမှ ဖမ်းဆီးခံထားရသူ ၁၃၁ ဦးမှ ၄၈ ဦးကို ယနေ့ ညနေ ၃ နာရီခွဲက ထပ်မံ လွတ်ပေးလိုက်သည်ဟု သတင်းရရှိသည်။

“ အခုနက ဘဲ လွတ်လာပါတယ်။ စုစုပေါင်း ၄၈ ဦးပါ။ ၈၃ ဦးတော့ ကျန်ရှိနေပါသေးတယ်” ဟု ကျေးရွာသား တစ်ဦးက ပြောကြားသည်။

သူတို့အား မြန်မာတပ်မတော်မှ ဧပြီ ၃၀ ရက်နေ့ကတည်းက ကျောက်တန်း အထက်တန်းကျောင်းဝင်း ထဲတွင် ထိန်းသိမ်း စစ်ဆေးခဲ့ပြီး တစ်ပတ်ခန့်အကြာတွင် ပြန်လည် လွတ်ပေးခဲ့ခြင်း ဖြစ်သည်။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */