" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label ရခိုင်တပ်တော်. Show all posts
Showing posts with label ရခိုင်တပ်တော်. Show all posts

Friday, September 23, 2022

AA နှင့် ARSA ပေါင်းတိုက်နေဟု စွပ်စွဲချက် ဝါဒဖြန့်မှုသာ ဖြစ်ကြောင်းတုံ့ပြန်

ဧရာဝတီ 
22 September 2022
AA ရဲဘော်တဦး / ဧရာဝတီ

ရခိုင်ပြည်နယ်၊ မောင်တောမြောက်ပိုင်း နယ်စပ်တလျှောက် စစ်ကောင်စီ တပ်စခန်းကုန်းများကို ရက္ခိုင့်တပ်တော် (AA) က အာရကန်ရိုဟင်ဂျာကယ်တင်ရေးတပ်ဖွဲ့ (ARSA) နှင့် စစ်ရေးအရ ပူးပေါင်းပြီး တိုက်ခိုက်နေကြောင်း စစ်ကောင်စီ၏ စွပ်စွဲ ချက်မှာ ဝါဒဖြန့်ချိမှု သက်သက်သာဖြစ်ပြီး ပြည်သူလူထု အနေဖြင့်လည်း အယုံအကြည် မရှိကြောင်း ရခိုင့်နိုင်ငံရေးအသိုင်း အဝိုင်းနှင့် ပြည်သူများက တုံ့ပြန်ပြောဆိုသည်။

AA နှင့် ARSA အဖွဲ့တို့၏ အဆိုပါ လုပ်ရပ်များမှာ နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုကို ထိခိုက်စေရန် ရည်ရွယ်ချက်ဖြင့် လုပ်ဆောင် ခြင်းဖြစ် သည်ဟူသော စစ်ကောင်စီ၏ လုပ်ဇာတ်အပေါ် မည်သူမျှ အယုံအကြည် မရှိကြောင်း ရခိုင်နိုင်ငံရေးသမား တဦး ဖြစ်သူ ဦးဖေသန်းကလည်း ပြောသည်။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */