" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label အကွဲအပြဲ. Show all posts
Showing posts with label အကွဲအပြဲ. Show all posts

Thursday, March 23, 2023

ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP ပါတီတွင်း အကွဲအပြဲ

VOA
ဉာဏ်ဝင်းအောင်
၂၂ မတ်၊ ၂၀၂၃
ရခိုင်ပြည်လွတ်မြောက်ရေးအဖွဲ့ (ALP) ဒုဥက္ကဋ္ဌ ဒေါ်စောမြရာဇာလင်း။ (ယခင် မှတ်တမ်းရုပ်ပုံ)

ရခိုင်ပြည်လွတ်မြောက်ရေးပါတီက ALP ရဲ့ ဒုတိယဥက္ကဋ္ဌ စောမြရာဇာလင်းကို ပါတီစည်း မျဉ်းစည်းကမ်းတွေကို ချိုးဖောက်တာကြောင့် ပါတီကနေထုတ်ပယ်လိုက်တယ်လို့ ALP ပါတီက မနေ့က ထုတ်ပြန်ထားပါတယ်။ စောမြရာဇာလင်းဘက်ကတော့ ပါတီနဲ့လမ်းစဉ်နဲ့မကိုက်ညီတာကြောင့် သူကိုယ်တိုင်ပါတီအသစ်ဖွဲ့လိုက်ပြီလို့ပြော ပါတယ်။ ရန်ကုန်ကပေးပို့တဲ့သတင်းကို ကိုဉာဏ်ဝင်းအောင်က တင်ပြပေးထားပါတယ်။

ALP အကွဲအပြဲ ဘယ်ကိုဦးတည်နေသလဲ

ဧရာဝတီ
22 March 2023 

ဒေါ်စောမြရာဇာလင်း ဦးဆောင်သည့် ALP ကိုယ်စားလှယ်အဖွဲ့နှင့် စစ်ခေါင်းဆောင်တို့ ၂၀၂၂ ခုနှစ် ဇွန် ၁၃ ရက်က နေပြည်တော်တွင် တွေ့ဆုံစဉ်


ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) အတွင်းက အကွဲအပြဲ ဇာတ်လမ်းမှာ ပို၍ ကြီးထွားလာခဲ့သည်။

ALP ပါတီတွင်း ခေါင်းဆောင်များကြား သဘောထားကွဲလွဲမှုများ၊ ညှိနှိုင်းမရမှုများ ဖြစ်ပေါ်နေချိန်အတွင်းမှာပင် မတ်လ ၂၀ ရက် မနက်ပိုင်းက ALP ၏ စည်းရုံးရေးနှင့် သတင်းပြန်ကြားရေး Facebook စာမျက်နှာတွင် ပါတီ ပြန်လည် ဖွဲ့စည်း ကြောင်း ထုတ်ပြန်ချက်တခု ဖော်ပြလာခဲ့သည်။

အသစ်ပြန်လည် ဖွဲ့စည်းလိုက်သည့် ALP ပါတီတွင် ဥက္ကဋ္ဌအဖြစ် ဒေါ်စောမြရာဇာလင်းက တာဝန်ယူထားပြီးအကြံ ပေး အဖွဲ့ဝင် ၂ ဦး၊ အဓိပတိ ကော်မတီအဖွဲ့ဝင် ၃ ဦး၊ အတွင်းရေးမှူးအဖွဲ့ဝင် ၄ ဦး၊ ဗဟိုကော်မတီဝင်များနှင့် အရံ ဗဟိုကော် မတီဝင်အပါအဝင် စုစုပေါင်းအဖွဲ့ဝင် ၂၈ ဦးဖြင့် ပြန်လည် ဖွဲ့စည်းထားသည်။

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */