Showing posts with label နိုင်ငံခြားရေးဝန်ကြီး. Show all posts
Showing posts with label နိုင်ငံခြားရေးဝန်ကြီး. Show all posts

Sunday, November 17, 2024

ရိုဟင်ဂျာအရေး ပြင်သစ်သံအမတ်နဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး ဆွေးနွေး

VOA
ဗွီအိုအေ (မြန်မာဌာန)

၁၄ နိုဝင်ဘာ၊ ၂၀၂၄ 
တရားမဝင် ဝင်ရောက်လာတဲ့ ရိုဟင်ဂျာများကို ထိုင်းရဲတပ်ဖွဲ့က ထိန်းသိမ်းစဉ် (ဇွန် ၄၊ ၂၀၂၂)
 

ရခိုင်ပြည်နယ်မှာဖြစ်နေတဲ့ တိုက်ပွဲတွေကြောင့် ရိုဟင်ဂျာပြဿနာထပ်ပြီး ရှည်ကြာနေတာနဲ့ ပတ် သက်လို့ မြန်မာနိုင်ငံဆိုင်ရာ ပြင်သစ်သံအမတ်ကြီး Christian Lechervy နဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြား ရေးဝန်ကြီး Jashim Uddin တို့ အင်္ဂါနေ့ကဆွေးနွေးခဲ့ကြပါတယ်။

Sunday, August 25, 2024

ရိုဟင်ဂျာ လူမျိုးတုံးသတ်ဖြတ်မှုကို မမေ့မလျော့ရှိကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ပြော

RFA
RFA Burmese
2024.08.25 

၂ဝ၂၃ ခုနှစ် ဧပြီလ ၄ ရက်နေ့က ဘယ်လ်ဂျီယံနိုင်ငံခရီးစဉ်တွင် တွေ့ရသည့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန် (Antony Blinken)။ Reuters

မြန်မာနိုင်ငံက သက်ဆိုင်ရာ အဖွဲ့အစည်းအားလုံးအနေနဲ့ အရပ်သားပြည်သူတွေကို ထိခိုက်မှုတွေကနေ ကာကွယ်ပေးဖို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်က ကြေညာချက် ထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။

Saturday, June 1, 2024

ရိုဟင်ဂျာတွေ နေရပ်ပြန်ရေး ဝိုင်းဝန်းဆောင်ရွက်ဖို့ ဘင်္ဂလားဒေ့ရှ် တိုက်တွန်း

RFA
RFA Burmese
2024.06.01 

ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး Hasan Mahmud (ဝဲ)နှင့် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတားရက်စ် (ယာ) တို့ ၂၀၂၄ ခုနှစ် မေလ ၃၁ ရက်နေ့က နယူးယောက်မြို့ ကုလသမဂ္ဂဌာနချုပ်တွင် တွေ့ဆုံစဉ်။ UNB

ဘင်္ဂလားဒေ့ရှ်မှာ ခိုလှုံနေတဲ့ ရိုဟင်ဂျာ တစ်သန်းကျော်ကို မြန်မာပြည်ပြန်ပို့နိုင်ရေးအတွက် ဝိုင်းဝန်းညှိနှိုင်း ဆောင်ရွက်ဖို့ ကုလသမဂ္ဂကို ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး Hasan Mahmud က တိုက် တွန်းလိုက်ပါတယ်။

Tuesday, March 26, 2024

ရိုဟင်ဂျာတွေ ဘင်္ဂလားလူမှုအသိုင်းအဝိုင်းထဲ တသားတည်းဖြစ်စေရေး အကြံပြုချက် ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး ပယ်ချ

VOA
ဆုမွန်
၂၅ မတ်၊ ၂၀၂၄ 

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဇ်ဘဇား ဒုက္ခသည်စခန်း Photo: AP

မြန်မာနိုင်ငံ ရခိုင်မြောက်ပိုင်းကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးခိုလှုံလာကြတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေကို ဘင်္ဂလားဒေ့ရှ်လူမှုအသိုင်းအဝိုင်းထဲ တသားတည်းဖြစ်စေရေး ဆောင်ရွက်ပေးပါဆိုတဲ့ အကြံပြုချက်ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး က လက်မခံပယ်ချလိုက်ပါတယ်။ ဒီလိုပယ်ချလိုက်တဲ့အပေါ် ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းတွေထဲက ရိုဟင်ဂျာတွေရဲ့သဘောထားနဲ့ ဘင်္ဂလားဒေ့ရှ် လူမှုအသိုက်အဝိုင်းကြား သူတို့ရင်ဆိုင်ရတဲ့ စိန်ခေါ်မှု အခက်အခဲတွေအကြောင်း ရိုဟင်ဂျာတို့ရဲ့ မျှော်လင့်ချက်အစီအစဉ်ကနေ မဆုမွန် စုစည်းတင်ဆက်ထားပါတယ်။

Saturday, March 16, 2024

ရိုဟင်ဂျာတွေ သူတို့ လူမှုအသိုက်အဝန်းနဲ့ တသားထဲဖြစ်ရေး ဘင်္ဂလားဒေ့ရှ် ပယ်ချ

VOA
ဗွီအိုအေ (မြန်မာဌာန
၁၅ မတ်၊ ၂၀၂၄ 

အင်ဒိုနီးရှားနိုင်ငံ အာချေးပြည်နယ် Sabang ကျွန်းကို ရေကြောင်းကနေ ရောက်ရှိလာတဲ့ ရိုဟင်ဂျာဒုက္ခသည်များ (နိုဝင်ဘာ ၂၂၊ ၂၀၂၃)

ဘင်္ဂလားဒေရှ့်နိုင်ငံမှာ ရိုဟင်ဂျာဒုက္ခသည်တွေကို လူမှုအသိုင်းအဝိုင်းတွေထဲမှာ တသားထဲဖြစ်စေရေး အကြုံပြုချက်တွေကို နိုင်ငံခြားရေးဝန်ကြီး Masud Bin Momen ပယ်ချခဲ့ပါတယ်။

Wednesday, August 23, 2023

ရိုဟင်ဂျာတွေနေရပ်ပြန်ပို့ရေး ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ဝန်ကြီးပြော

RFA
RFA Burmese
2023.08.22

၂ဝ၁၈ ခုနှစ် ဇန်နဝါရီလ ၂၁ ရက်နေ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကုတုပါလောင်ဒုက္ခသည်စခန်းတွင် ထောက်ပံ့ရိက္ခာများရယူရန် တန်းစီစောင့်ဆိုင်းနေကြသည့် ရိုဟင်ဂျာဒုက္ခသည်များ။ AFP


မြန်မာနိုင်ငံကထွက်ပြေးလာတဲ့ ရိုဟင်ဂျာတွေကို နေရပ်ပြန်ပို့ရေးဟာ ဘင်္ဂလားဒေ့ရှ်အစိုးရရဲ့ ဦးစား ပေး အစီအစဉ် ဖြစ်တယ်လို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး အဗ္ဗဒူလ် မိုမင်က ပြောဆိုလိုက် ပါ တယ်။

ရိုဟင်ဂျာတွေကို အသက်မွေးဝမ်းကျောင်းပညာတွေ သင်ပေးပြီး ဘင်္ဂလားဒေ့ရှ်မှာပဲ လက်ခံထားဖို့ နိုင် ငံတချို့နဲ့ အဖွဲ့အစည်းတချို့က တိုက်တွန်းနေပေမဲ့ ... ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ အခြေအနေဟာ အစက တည်းက လူဦးရေထူထပ်နေပြီးသားဖြစ်တာမို့ ဒီလိုလက်ခံထားဖို့ မဖြစ်နိုင်ဘူးလို့ ဝန်ကြီး အဗ္ဗဒူလ် မို မင်က ပြောဆိုကြောင်း ဩဂုတ် ၂၂ ရက်နေ့ထုတ် ဘင်္ဂလားဒေ့ရှ်ဘက်က သတင်းတွေမှာ ဖော်ပြပါ တယ်။

Saturday, January 14, 2023

မြန်မာ့အရေးဆိုင်ရာအာဆီယံအထူးကိုယ်စားလှယ်ရုံး ဖွင့် လှစ် ဆောင်ရွက်သွားမည်ဟု အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီး ပြော

DVB
13 January, 2023 


မြန်မာနိုင်ငံက ပဋိပက္ခတွေကို အာဆီယံအဖွဲ့အနေနဲ့ ဦးဆောင်ဖြေရှင်းနိုင်ရေး ရည်ရွယ်ပြီး အသစ်ဖွင့်လှစ် သွား မယ့် မြန်မာ့အရေးဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ်ရုံးမှာ သူကိုယ်တိုင် ဦးဆောင်သွားမှာဖြစ်တဲ့အကြောင်း အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး ရတ်နိုမာဆူဒီက ဇန်နဝါရီ ၁၁ ရက်မှာ ပြောပါတယ်။

အင်ဒိုနီးရှားဟာ အခုနှစ်မှာ  အာဆီယံရဲ့ အလှည့်ကျ ဥက္ကဋ္ဌ  တာဝန်ယူထားတာဖြစ်ပြီး အာဆီယံရဲ့ ဥက္ကဋ္ဌရဲ့ မြန် မာနိုင်ငံဆိုင်ရာ အထူးကိုယ်စား လှယ်အဖြစ်  အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး ရတ်နိုမာဆူဒီက တာဝန်ယူမှာ ဖြစ်ပါတယ်။ 

Tuesday, December 8, 2020

မည်သည့်နေရာတွင်ရှိသည်ဖြစ်စေ ရိုဟင်ဂျာများကို ကူညီ ရန် ကုလသမဂ္ဂကို ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး တိုက် တွန်း

𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚
ဒါကာ၊ ဒီဇင်ဘာ ၈


ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ကုလသမဂ္ဂလုပ်ငန်းလည်ပတ်မှုအခြေခံအတိုင်း ဘာရှန်ချားကျွန်းမှ ရိုဟင်ဂျာ များကို ကုညီသင့်ကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး အေကေ အဗ္ဗဒူ မိုမန်က တနင်္လာနေ့တွင်ပြော သည်။

Saturday, November 14, 2020

မြန်မာ့ဒီမိုကရေစီရေး သြစတြေးလျ ဆက်လက်ထောက်ခံ သွားမည်

VOA
ဗွီအိုအေ (မြန်မာပိုင်း)
15 နိုဝင်ဘာ၊ 2020 

သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး Marise Payne. (ဇူလိုင် ၂၈၊ ၂၀၂၀)

မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းတဲ့ ရွေးကောက်ပွဲဟာဆိုရင် နိုင်ငံရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုမှာ အရေးကြီးတဲ့ မှတ်တိုင်တခု ဖြစ်ပါတယ်လို့ သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး Marise Payne က ကြေညာချက် ထုတ်ပါ တယ်။

Sunday, September 13, 2020

အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ ရခိုင်အရေး ဆွေးနွေး

VOA  
ဗွီအိုအေ (မြန်မာပိုင်း)
13 စက်တင်ဘာ၊ 2020 
 အွန်လိုင်း ဗွီဒီယိုကတဆင့် ပြုလုပ်ခဲ့တဲ့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး။ (စက်တင်ဘာ ၉၊ ၂၀၂၀)

အွန်လိုင်းဗွီဒီယိုကတဆင့် ကျင်းပပြုလုပ်ခဲ့တဲ့ ၄ ရက်ကြာ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်း အေ ဝးမှာ ကိုရိုနာဗိုင်းရပ်စ်ကို တုံ့ပြန်တိုက်ဖျက်ရေး ပူးပေါင်း ဆောင်ရွက်ကြဖို့နဲ့ အငြင်းပွားနေတဲ့ တောင် တ ရုတ်ပင်လယ်ကိစ္စ တွေ့ဆုံဆွေးနွေးပွဲတွေ အရှိန်မြှင့် လုပ်ဆောင်ဖို့ ကတိကဝတ် ပြုခဲ့ကြတဲ့အပြင် ကိုရီး ယားကျွန်းဆွယ် လုံခြုံရေး၊ မြန်မာက ရခိုင်ပြည်နယ်ကိစ္စ အပါအဝင် ဆိုက်ဘာလုံခြုံရေးကိစ္စ၊ အကြမ်းဖက်မှု တိုက်ဖျက်ရေးကိစ္စ၊ နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုခင်း စတဲ့ ကိစ္စရပ် တော်တော်များများကိုလည်း ဆွေးနွေး ခဲ့တယ်လို့ ဗီယက်နမ် နိုင်ငံခြားရေးဝန်ကြီး Pham Binh Minh က ပြောပါတယ်။

Saturday, July 25, 2020

စီးပွားရေးပိတ်ဆို့ရန် ဘင်္ဂလားဒေ့ရှ် တောင်းဆိုချက်မလို မုန်း ထားလုပ်ရပ်ဟု မြန်မာ ကန့်ကွက်

DVB
25 July 2020

မြန်မာနိုင်ငံအပေါ် စီးပွားရေးကန့်သတ်ပိတ်ဆို့မှုတွေ ပြုလုပ်ဖို့ တောင်းဆိုခဒြတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ မလိုမုန်းထား လုပ်ရပ်တွေကို နိုင်ငံခြားရေးဝန်ကြီးဌာနက ကန့်ကွက်လိုက်ပါတယ်။

နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးစိုးဟန်ဟာ မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်သံ အမတ် ကြီး Mr. Manjurul Karim Khan Chowdhury အား ဇူလိုင် ၂၄ ရက် မွန်းလွဲပိုင်း နေပြည်တော်ရှိ နိုင်ငံခြား ရေးဝန်ကြီးဌာနမှာ လက်ခံတွေ့ဆုံခဲ့ပြီး မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံဆက်ဆံရေး ကိစ္စရပ်တွေ၊ နှစ်နိုင်ငံ နယ်စပ်ရေးရာကိစ္စရပ်တွေ ဆွေးနွေးခဲ့ကြရာမှာ အခုလို ကန့်ကွက်ခဲ့တာပါ။

မြန်မာနိုင်ငံအပေါ် နိုင်ငံတကာက စီးပွားရေး ကန့်သတ် ပိတ်ဆို့ရန် ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာန၏ တောင်းဆိုချက်ကို မြန်မာနိုင်ငံက ကန့်ကွက်

ELEVEN
25 JULY 2020
မင်းနိုင်စိုး

မြန်မာနိုင်ငံအပေါ် နိုင်ငံတကာက စီး ပွားရေးကန့်သတ်ပိတ်ဆို့ရန် မကြာသေးမီက ဘင်္ဂလားဒေ့ရှ် နိုင်ငံခြား ရေးဝန်ကြီးဌာန၏ တောင်းဆိုချက်အပေါ် မြန်မာနိုင်ငံက ကန့် ကွက်ကြောင်း ဇူလိုင် ၂၄ ရက်တွင် နိုင်ငံခြား ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးစိုးဟန်သည် မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်သံအ မတ် ကြီး Mr. Manjurul Karim Khan Chowdhury ကို ဇူလိုင် ၂၄ ရက်တွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီး ဌာနသို့ ခေါ်ယူတွေ့ဆုံ၍ ထိုသို့ ကန့်ကွက်ခဲ့ခြင်းဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန် သည်။
ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး ဌာနက မကြာသေးမီက ထုတ်ပြန်ခဲ့သည့် သတင်းထုတ်ပြန်ချက်တွင် မြန် မာနိုင်ငံအ ပေါ် နိုင်ငံတကာမှ စီးပွားရေးကန့်သတ်ပိတ်ဆို့မှုများ ပြုလုပ်ရန် ဘင်္ဂလားဒေ့ရှ်နိုင်ငံခြား ရေးဝန် ကြီး က ပန်ကြားခဲ့ကြောင်း ထည့်သွင်းထုတ်ပြန်ချက်အပေါ် စိတ်ပျက်မိကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန အ မြဲတမ်းအတွင်းဝန် ဦးစိုးဟန်က မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်သံအမတ်ကြီးနှင့်တွေ့ဆုံစဉ် ပြောကြားခဲ့ သည်။

Friday, June 26, 2020

"ရိုဟင်ဂျာဒုက္ခသည်တွေ နေရပ်ပြန်ဖို့ မဖြစ်နိုင်သေး" - အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး

VOA
ဗွီအိုအေ (မြန်မာပိုင်း)
26 ဇွန်၊ 2020  

Saturday, March 21, 2020

ရခိုင်အရေး နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်ချက် ဝေဖန် မှုတွေရှိ

VOA
 ဗွီအိုအေ (မြန်မာဌာန)
21 မတ်၊ 2020
မဆုမွန်
ချင်းနှင့် ရခိုင်ပြည်နယ်တို့တွင် တိုက်ပွဲများရပ်ရန် ဆန္ဒပြတောင်းဆိုသည့် ချင်းတိုင်းရင်းသားများ။ (ဇူလိုင် ၁၃၊ ၂၀၁၉)
 
မြန်မာနိုင်ငံ အနောက်ခြမ်း ရခိုင်ပြည်နယ်က စစ်ရေးပဋိပက္ခတွေထဲက ရခိုင်လက်နက်ကိုင်တပ်နဲ့ ပတ် သက် ပြီး နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ကြေညာချက်ထဲက အသုံးအနှုန်းတွေဟာ စစ်ရေးပဋိပက္ခတွေကို ပိုပြီးတော့ ပြင်းထန် တင်းမာလာစေတယ်လို့ ရခိုင်လွှတ်တော်ကိုယ်စားလှယ်နဲ့ ရခိုင်အရေး လှုပ်ရှားသူတွေက ဝေဖန် ပါတယ်။ လေကြောင်း၊ ရေကြောင်းနဲ့ မြေပြင် ရင်ဆိုင်တိုက်ပွဲတွေပါ အတော်လေး ဆက်ပြင်းထန်နေချိန် စစ်ရေးကို ပြေလည်အောင် နိုင်ငံရေးနည်းလမ်းနဲ့ပဲ ဖြေရှင်းပါလို့လည်း သူတို့က တိုက်တွန်းကြပါတယ်။ အပြည့်အစုံကို မဆုမွန်က ဆက်သွယ်မေးမြန်းပြီး တင်ပြပေးထားပါတယ်။

Thursday, November 7, 2019

ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက် အပေါ် သံအမတ်ကြီးကို ဆင့်ခေါ်ကာ မြန်မာကန့်ကွက်

7Daily News
By ထက်အာကာကျော်
Tuesday, November 5, 2019


 ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ဝန်ကြီးဌာန ထုတ်ပြန်ချက်နှင့်ပတ်သက်၍ မြန်မာနိုင်ငံခြားရေး ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်က ဘင်္ဂလားဒေ့ရှ် သံအမတ်ကြီးကို နေပြည်တော်သို့ ဆင့်ခေါ် ကန့်ကွက်ခဲ့သည်။

မြန်မာနိုင်ငံခြားရေး အမြဲတမ်းအတွင်းဝန်ဦးစိုးဟန်သည် ဘင်္ဂလားဒေ့ရှ်သံအမတ်ကြီး Mr. Manjurul Karim Khan Chowdhury ကို နိုဝင်ဘာ ၄ ရက်တွင် နေပြည်တော်ရှိ နိုင်ငံခြားရေး ဝန်ကြီးဌာနသို့ ခေါ်ယူတွေ့ဆုံခဲ့ ကြောင်း အဆိုပါ ဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

Wednesday, November 6, 2019

ရိုဟင်ဂျာအရေး အမေရိကန် အပြည့်အဝထောက်ခံကြောင်း ဘင်္ဂလားဒေ့ရှ်ဝန်ကြီးပြော

06 နိုဝင်ဘာ၊ 2019 
ရိုဟင်ဂျာအရေးနဲ့ပတ်သက်ပြီး အမေရိကန်ပြည်ထောင်စုက ဘင်္ဂလားဒေ့ရှ်နိုင်ငံကို အပြည့်အ၀ ထောက် ခံတယ်ဆိုတာကို ထပ်လောင်း ပြောဆိုခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး AK Abdul Momen က ပြောပါတယ်။

Friday, September 27, 2019

ရိုဟင်ဂျာဒုက္ခသည်တွေ တတိယနိုင်ငံမှာ အခြေချရေး ဘင်္ဂ လား စိတ်ဝင်စား

VOA
ဗွီအိုအေ (မြန်မာဌာန)
27 စက်တင်ဘာ၊
2019 ဗွီအိုအေ (မြန်မာပိုင်း)

ရိုဟင်ဂျာ ဒုက္ခသည်တွေကို တတိယနိုင်ငံမှာ အခြေချရေး ဆွေးနွေးဖို့ ဘင်္ဂလားဒေ့ရှ်အစိုးရက လမ်းဖွင့် ထားကြောင်း နယူးရောက် ကုလသမဂ္ဂ အထွေထွေညီလာခံကို တက်ရောက်လာတဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံ ခြားရေးဝန်ကြီး Dr. AK Abdul Momen က သတင်းထောက်တွေကို ပြောကြားလိုက်ပါတယ်။ တကယ်လို့ ရိုဟင်ဂျာဒုက္ခသည်တွေကို ခေါ်ယူဖို့ စိတ်ဝင်စားတဲ့ နိုင်ငံရှိလာမယ်ဆိုရင် ဘင်္ဂလားဒေ့ရှ်က ကြိုဆိုကြောင်း လည်း ပြောပါတယ်။

Thursday, August 29, 2019

တရုတ်နဲ့ မြန်မာ နယ်စပ်တည်ငြိမ်အေးချမ်းရေးနဲ့ ပူး ပေါင်းဆောင်ရွက်ရေး ဆွေးနွေး

VOA
ဗွီအိုအေ (မြန်မာဌာန)
29 သြဂုတ်၊ 2019
တရုတ်နိုင်ငံခြားရေး ဝန်ကြီးနဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ရုံး ပြည်ထောင်စု ဝန်ကြီး ဦးကျော်တင့်ဆွေတို့ တွေ့ဆုံဆွေးနွေး။ (ဓာတ်ပုံ - နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ရုံး Facebook)  
 
မြန်မာ နိုင်ငံတော်အတိုင်ပင်ခံရုံး ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေဟာ သြဂုတ်လ ၂၇ အင်္ဂါနေ့က တ ရုတ် နိုင်ငံတော်ကောင်စီဝင်ဖြစ်တဲ့ နိုင်ငံခြားရေးဝန်ကြီး Wang Yi နဲ့ တရုတ်နိုင်ငံ ဘေဂျင်းမှာ တွေ့ဆုံခဲ့ပြီး နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေး အပါအဝင် ၂ နိုင်ငံ ကိစ္စရပ်တွေကို ဆွေးနွေး ခဲ့ပါတယ်။

ရိုဟင်ဂျာ နောက်ဆုံးအခြေအနေ ဘင်္ဂလားဒေရှ့် နိုင်ငံခြားရေးဝန်ကြီး ဒါကာမှာ ရှင်းလင်း

VOA
ဗွီအိုအေ (မြန်မာဌာန)
29 သြဂုတ်၊ 2019

မြန်မာပြည်က ထွက်ပြေးရမှု ၂ နှစ်ပြည့် အခမ်းအနားကို သြဂုတ်လ ၂၅ ရက်နေ့က ဘင်္ဂလားဒေရှ့်ရောက် ရိုဟင်ဂျာတွေ ကျင်းပခဲ့ကြပါတယ်။ 

 ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး AK Abdul Momen ဟာ ကြာသပတေးနေ့ ညနေ ၄ နာရီမှာ ဒါကာ အ
ခြေစိုက် သံတမန်တွေနဲ့ ကုလသမဂ္ဂ အေဂျင်စီက ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံပြီး ရိုဟင်ဂျာအရေး နောက် ဆုံး အခြေအနေတွေကို ရှင်းလင်းပြောကြားဖို့ သတင်းစာ ရှင်းလင်းပွဲ လုပ်မယ်လို့ ဘင်္ဂလားဒေ့ရှ် တာဝန်ရှိ သူတစ်ဦးက ပြောပြတယ်။

Sunday, August 4, 2019

(၅၂) ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင် တက်ရောက်

မြန်မာ့အလင်း
03 August 2019
                                  သတင်းထုတ်ပြန်ချက်
 အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင် ဦးဆောင်သော မြန်မာကိုယ်စားလှယ် အဖွဲ့သည် ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့တွင် ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၃၀ ရက်မှ ဩ ဂုတ် လ ၃ ရက်အထိ ကျင်းပပြုလုပ်သည့် (၅၂) ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့ တက်ရောက်ခဲ့သည်။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */