Showing posts with label မလေးရှား. Show all posts
Showing posts with label မလေးရှား. Show all posts

Tuesday, January 7, 2025

မြန်မာနိုင်ငံသား ၃၀၀ လိုက်ပါလာသည့် စက်လှေများကို မလေးရှား လက်မခံ

ဧရာဝတီ
7 January 2025

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များက လှေစီး ရိုဟင်ဂျာဒုက္ခသည်များကို စောင့်ကြည့်လျက်ရှိသည် / Reuters

အစားအစာနှင့် ရေမရှိသောကြောင့် အားအင်ကုန်ခန်းနေပြီး စာရွက်စာတမ်း အထောက်အထား မရှိသည့် မြန်မာရွှေ့ပြောင်းအခြေချ ၃၀၀ ခန့်ကို တင်ဆောင်လာသော စက်လှေ နှစ်စီးကို မလေးရှားကမ်း ခြေစောင့်တပ်က ၎င်းတို့ရေပိုင်နက်မှ မောင်းထုတ်လိုက်ကြောင်း ကမ်းခြေစောင့်တပ် ထိပ်တန်းအရာ ရှိတဦးက ပြောသည်။

Monday, January 6, 2025

ရိုဟင်ဂျာ ၃၀၀ ပါ စက်လှေ ၂ စင်းကို မလေးရှား ပြန်ပို့

DVB
January 6, 2025

Photo: Bernama

မလေးရှားကမ်းခြေစောင့်တပ်ဖွဲ့က အဆိုပါ စက်လှေ ၂ စင်းနဲ့အတူ အစာရေစာ ပြတ်လပ်မှုကြောင့် ပင်ပန်းနွမ်းနယ်နေကြတဲ့ အခြေအနေတွေကို တွေ့ရှိခဲ့ရတယ်လို့ ထိပ်တန်းအေဂျင်စီ တာဝန်ရှိသူတ ယောက်က ပြောပါတယ်။

အင်ဒိုနီးရှားနဲ့ မလေးရှားကို ရိုဟင်ဂျာဒုက္ခသည် ရာနဲ့ချီရောက်

RFA
RFA Burmese
2025.01.06 

အင်ဒိုနီးရှားနိုင်ငံတွင် ရိုဟင်ဂျာ လှေစီးဒုက္ခသည်များအား ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၆ ရက်နေ့က တွေ့ရစဉ်။ Reuters Photo

အင်ဒိုနီးရှားနိုင်ငံ ဆူမတ်တြားကျွန်း အာချေးပြည်နယ် ကမ်းခြေကို ရိုဟင်ဂျာ လှေစီးဒုက္ခသည် ၂၀၀ ကျော် မနေ့က တနင်္ဂနွေညနေမှာ ရောက်လာတယ်လို့ ဒေသခံ အာဏာပိုင်တစ်ယောက်ရဲ့ ပြောဆိုချက်ကို ကိုးကားပြီး ရိုက်တာစ်သတင်းမှာ ဒီနေ့ ဖော်ပြထားပါတယ်။

Saturday, January 4, 2025

လှေစီးပြေးရိုဟင်ဂျာ ၃၀၀ နီးပါး မလေးရှားနှင်ထုတ်

VOA
ဗွီအိုအေ (မြန်မာဌာန)

၀၅ ဇန်နဝါရီ၊ ၂၀၂၅ 
မှတ်တမ်း ဓာတ်ပုံ - လန်ကာဝီကျွန်းအနီးမှာ ၂၀၁၈ ခုနှစ်က ရိုဟင်ဂျာဒုက္ခသည် လှေတစီးကို မလေးရှားရေကြောင်းဥပဒေစိုးမိုးရေးအေဂျင်စီက ကြားဖြတ်ဟန့်တားပြီး လူဝင်မှုကြီးကြပ်ရေးအာဏာပိုင်တွေထံ လွှဲပြောင်းပေးအပ်ခဲ့စဥ်။ ဧပြီလ ၃ ရက်၊ ၂၀၁၈။ ဓာတ်ပုံ - REUTERS/Stringer
မလေးရှားနိုင်ငံ အနောက်မြောက်ပိုင်း လန်ကာဝီကျွန်စု အနီး ရေပိုင်နက်အတွင်းကို ဝင်ရောက်လာတဲ့ ရိုဟင်ဂျာ လို့ ယူဆရတဲ့ ရွှေ့ပြောင်းသူ ၃၀၀ နီးပါး တင်ဆောင်လာတဲ့ လှေသင်္ဘောနှစ်စင်းကို နှင်ထုတ်ခဲ့ကြောင်း မလေးရှား တာဝန်ရှိသူတွေက စနေနေ့ (ဇန်နဝါရီ ၄ ရက်) မှာ ပြောပါတယ်။

မြန်မာနိုင်ငံက ရွှေ့ပြောင်းလာတဲ့ ရိုဟင်ဂျာနှစ်ရာနီးပါးကို မလေးရှား ဖမ်းဆီးထိန်းသိမ်း

RFA
RFA Burmese
2025.01.03 

အင်ဒိုနီးရှားနိုင်ငံ အာချေးပြည်နယ်တောင်ပိုင်း ကမ်းလွန်ပင်လယ်ပြင်ကို ရောက်ရှိလာသည့် ရိုဟင်ဂျာဒုက္ခသည်များအား ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၂၄ ရက်နေ့က တွေ့ရစဉ်။

မလေးရှားနိုင်ငံမြောက်ဘက် အပန်ဖြေကျွန်း လန်ကာဝီ (Langkawi) မှာ သောင်တင်နေတဲ့ မြန်မာ နိုင်ငံကလို့ ယူဆရတဲ့ ရိုဟင်ဂျာ နှစ်ရာနီးပါးကို မလေးရှားရဲတွေက ဖမ်းဆီးမိခဲ့ပါတယ်။

ဒီထဲမှာ အမျိုးသား ၆၈ ဦး၊ အမျိုးသမီး ၅၇ ဦး နဲ့ ယောက်ကျားလေး ၃၂ ဦး နဲ့ မိန်းကလေး ၃၉ ဦးပါဝင်တယ်လို့ ဆိုပါတယ်။

ရိုဟင်ဂျာ ၂၀၀ နီးပါး မလေးရှား ဖမ်းဆီး

VOA
ဗွီအိုအေ (မြန်မာဌာန)

၀၄ ဇန်နဝါရီ၊ ၂၀၂၅ 
မလေးရှားနိုင်ငံ လန်ကာဝီကျွန်းမှာဖမ်းမိတဲ့ ရိုဟင်ဂျာများကို ထိန်းသိမ်းထားစဉ် (ဇန်နဝါရီ ၃၊ ၂၀၂၅)
 
ရိုဟင်ဂျာ ဒုက္ခသည် ၂၀၀ နီးပါး လိုက်ပါလာတဲ့ စက်လှေ တစင်းကို မလေးရှားနိုင်ငံ လန်ကာဝီကျွန်းမှာ မလေးကမ်းခြေစောင့် တပ်ဖွဲ့က ဇန်နဝါရီ ၃ ရက် မှာ ဖမ်းဆီးလိုက်ပါတယ်။ အလားတူ စက်လှေ နောက် ၂ စီးကိုလည်း မလေးရှား ရေပိုင်နက်ထဲမှာ ဆက်လက် ရှာဖွေနေတယ်လို့ မလေးရှား ရေကြောင်း ဆိုင်ရာ တရားဥပဒေ စိုးမိုးရေး အေဂျင်စီက သတင်းထုတ်ပြန်ထားပါတယ်။ VOA သတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

Sunday, October 6, 2024

ရိုဟင်ဂျာတွေနေရပ်ပြန်ရေး ကူညီဆောင်ရွက်ပေးဖို့ မလေးရှားကို ဘင်္ဂလားဒေ့ရှ်တောင်းဆို

RFA
RFA Burmese
2024.10.04 

၂၀၂၄ ခုနှစ် အောက်တိုဘာလ ၄ ရက်နေ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့တွင် ပူးတွဲသတင်းစာရှင်းလင်းပွဲပြုလုပ်ပြီးနောက် တွေ့ရသည့် မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင် (ဝဲ)နှင့် ဘင်္ဂလားဒေ့ရှ်ကြားဖြတ်အစိုးရခေါင်းဆောင် မိုဟာမက် ယူနွတ် (ယာ) တို့အား တွေ့ရစဉ်။ AFP

မြန်မာရိုဟင်ဂျာဒုက္ခသည်တွေ နေရပ်ပြန်ရေးအတွက် မလေးရှားအစိုးရက ကူညီဆောင်ရွက်ပေးဖို့ ဘင်္ဂလားဒေ့ရှ် ကြားဖြတ်အစိုးရခေါင်းဆောင် နိုဘယ်ငြိမ်းချမ်းရေးဆုရှင် မိုဟာမက် ယူနွတ်ကတောင်း ဆိုလိုက်ပါတယ်။

Monday, March 11, 2024

မလေးရှားရောက်ရိုဟင်ဂျာတွေ လူ့အခွင့်အရေးချိုးဖောက်ခံနေရ

VOA
ဆုမွန်
၁၁ မတ်၊ ၂၀၂၄

မလေးရှားရောက်ရိုဟင်ဂျာတွေ လူ့အခွင့်အရေးချိုးဖောက်ခံနေရ
 
နေထိုင်ခွင့် အလုပ်လုပ်ကိုင်ခွင့် ကျန်းမာရေးစောင့်ရှောက်မှုစတဲ့ အခက်အခဲ စိန်ခေါ်မှုမျိုးစုံနဲ့ ရင်ဆိုင်နေရတဲ့ မလေးရှားနိုင်ငံရောက် ရိုဟင်ဂျာတွေကို တရားဝင်အသိအမှတ်ပြုပေးဖို့နဲ့ ကုလသမဂ္ဂရဲ့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ပဋိညာဉ်ကြေညာစာတမ်းနဲ့အညီ ရိုဟင်ဂျာတွေကို လူ့အခွင့်အရေးတွေဖော်ဆောင်ပေးဖို့ မလေးရှားလူငယ်ကွန်ရက် Rohingya Youth Network in Malaysia (RYNM) ဥက္ကဋ္ဌ ကိုမေယုအီစံ Mayyu Ahsan က တောင်းဆိုလိုက်ပါတယ်။ မလေးရှားရောက်ရိုဟင်ဂျာတွေ လူ့အခွင့်အရေးချိုးဖောက်ခံနေရတဲ့အခြေအနေ VOA Rohingya Lifeline အစီအစဉ်ကနေ Hamid Hussain စီစဉ်တင်ဆက်ထားတဲ့သတင်းကို အခြေခံပြီး ဗွီအိုအေမြန်မာပိုင်းက မဆုမွန်က စုစည်းတင်ဆက်ပေးထားပါတယ်။

Wednesday, March 6, 2024

မလေးရှားမှာ အဖမ်းခံထားရတဲ့ ရွှေ့ပြောင်းလုပ်သားနဲ့ ဒုက္ခသည်တွေ နှိပ်စက်ခံနေရ

RFA
RFA Burmese
2024.03.06

၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁၉ ရက်နေ့တွင် မလေးရှား လူဝင်မှုကြီးကြပ်ရေး အာဏာပိုင်များမှ ရွှေ့ပြောင်းအလုပ်သမားများအား စစ်ဆေးနေသည့်ကို တွေ့ရစဉ်။ Jabatan Imigresen Malaysia

မလေးရှားနိုင်ငံမှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ရွှေ့ပြောင်းလုပ်သားနဲ့ ဒုက္ခသည်တွေ ညှဉ်းပန်းနှိပ်စက်ခံနေရတယ်လို့ မြန်မာနိုင်ငံက ရိုဟင်ဂျာဒုက္ခသည်တစ်ဦးနဲ့ စစ်ဘေးဒုက္ခသည်တစ်ဦးရဲ့ ထုတ်ဖော်ပြောကြားချက်ကို ကိုးကားပြီး လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ (HRW) က မတ်လ ၅ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

Wednesday, February 7, 2024

မလေး ထိန်းသိမ်းရေးစခန်းမှ ထွက်ပြေးသူများကြောင့် လူတွေ့ခွင့်ပိတ်ပင်လာ

CNI
CNI News
၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၇

မလေးရှားနိုင်ငံရှိ ထိန်းသိမ်းရေးစခန်းတစ်ခု၌ မြန်မာ အပါအဝင် လူပေါင်း ၁၀၀ ကျော် ထွက်ပြေးသွားသည့် ဖြစ်စဉ်ကြောင့် အချို့ လ.ဝ.က ထိန်းသိမ်းရေးစခန်းများတွင် လူတွေ့ခွင့်များ ပိတ်ပင်လာကြောင်း မလေးရှားမှာ မြန်မာနိုင်ငံသားများအရေး ကူညီဆောင်ရွက်ပေးနေသူများက CNI သတင်းဌာနသို့ ပြောသည်။

မြန်မာ့အရေး သုံးနိုင်ငံ ပူးပေါင်းဆောင်ရွက်မှုပုံစံသစ် အရေးကြီးကြောင်း အင်ဒိုနီးရှား ပြော

RFA
RFA Burmese
2024.02.07

အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး ရက်တီနို မာဆူဒီအား ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၇ ရက်နေ့က အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့တွင် ကျင်းပသည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ သတင်းစာရှင်းလင်းပွဲတွင် တွေ့ရစဉ်။ Reuters


မြန်မာ့အရေးကို ကိုင်တွယ်ဖြေရှင်းရာမှာ အဆက်မပြတ်သွားစေဖို့ သုံးနိုင်ငံပူးပေါင်းဆောင်ရွက်မယ့် ပုံစံသစ်က အလွန်အရေးကြီးတယ်လို့ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး ရက်တီနို မာဆူဒီ က ပြောကြောင်း အင်ဒိုနီးရှား Antara သတင်းဌာနက ဖေဖော်ဝါရီ ၇ ရက်နေ့မှာ ဖော်ပြထားပါတယ်။

Monday, February 5, 2024

မလေးရှားအချုပ်မှ ထွက်ပြေးသူများထဲမှ ၄၀ ကျော် ပြန်အဖမ်းခံရ

Myanmar Now
February 5, 2024

ရိုဟင်ဂျာ ၁၁၅ ဦးနှင့် မြန်မာနိုင်ငံသား ၁၆ ဦး ထိန်းသိမ်းရေးစခန်းမှ ထွက်ပြေးသွားပြီးနောက် ရက်အနည်းငယ် အကြာတွင် တချို့ကို ပြန်ဖမ်းမိသွားသည်။

မလေးရှားနိုင်ငံ ထိန်းသိမ်းရေးစခန်းမှ ထွက်ပြေးသွားသည့် ရိုဟင်ဂျာနှင့် မြန်မာ ၁၃၁ ဦးအနက် အယောက် ၄၀ ကျော်ကို ယမန်နေ့ (ဖေဖော်ဝါရီ ၄) ရက်တွင် ပြန်ဖမ်းမိသည်ဟု မလေးရှားရဲတပ်ဖွဲ့က ပြောဆိုကြောင်း AFP သတင်းတစ်ပုဒ်တွင် ဖော်ပြထားသည်။

Sunday, February 4, 2024

မလေးရှားထိန်းသိမ်းရေးစခန်းက ထွက်ပြေးတဲ့ ရိုဟင်ဂျာ ၄ဝ ကျော်ကို ပြန်ဖမ်းဆီးမိ

RFA
RFA Burmese
2024.02.04

၂ဝ၂၄ ခုနှစ် ဖေဖော်ဝါရီလ ၂ ရက်နေ့က မြင်တွေ့ရသည့် မလေးရှားနိုင်ငံမြောက်ပိုင်း ပီရတ်ပြည်နယ်ရှိ ဘီဒေါထိန်းသိမ်းရေးစခန်း အဝင်မျက်နှာစာ မြင်ကွင်း။ Photo: AFP

မလေးရှားနိုင်ငံ ထိန်းသိမ်းရေးစခန်းက ထွက်ပြေးသွားသူ ၁၃၁ ယောက်ထဲက ရိုဟင်ဂျာ ၄ဝ ကျော်ကို ရဲတပ်ဖွဲ့ဝင်တွေက ပြန်လည်ဖမ်းဆီးမိတယ်လို့ အထက်တန်းတာဝန်ရှိ ရဲတစ်ယောက်က ပြောကြားတဲ့အကြောင်း AFP သတင်းက ဖေဖော်ဝါရီ ၄ ရက်နေ့မှာ ဖော်ပြပါတယ်။

Friday, February 2, 2024

မလေးရှား လဝက ထိန်းသိမ်းရေးစခန်းကနေ ရိုဟင်ဂျာဒုက္ခသည် ၁၀၀ ကျော် ထွက်ပြေးလွတ်မြောက်

VOM
ကွာလာလမ်ပူ၊ ဖေဖော်ဝါရီ-၂-၂၀၂၄
မျိုးဆက်(VOM)

မလေးရှားနိုင်ငံ ထိန်းသိမ်းရေးစခန်းတခုမှာ ဖေဖော်ဝါရီ ၁ ရက်နေ့ နှောင်းပိုင်းက အဓိကရုဏ်းတခုဖြစ်ပွားပြီးနောက် ရိုဟင်ဂျာဒုက္ခသည် ထွက်ပြေးလွတ်မြောက်သွားပြီး အဝေးပြေးလမ်းပေါ်မှာ ကားတိုက်မိပြီး တယောက်သေဆုံးခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

မလေးရှား ထိန်းသိမ်းရေးစခန်းမှ ရိုဟင်ဂျာ ၁၀၀ ကျော် ထွက်ပြေး၊ ကားတိုက်ခံရပြီး ၁ ဦး သေဆုံး

DVB
February 2, 2024

မလေးရှားနိုင်ငံ ပီရတ်ပြည်နယ်မှာရှိတဲ့ လူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းရေးစခန်းတခုမှ မြန်မာနိုင်ငံသား ၁၆ ဦး နဲ့ ရိုဟင်ဂျာ ၁၁၅ ဦးတို့ ထွက်ပြေးခဲ့ရာ ၁ ဦး ကားတိုက်ခံရလို့ သေဆုံးခဲ့တယ်လို့ မလေးရှား လဝကက ထုတ်ပြန်ပါတယ်။

မလေးရှား လူဝင်မှုထိန်းသိမ်းရေးစခန်းက မြန်မာနဲ့ ရိုဟင်ဂျာ ၁၃၀ ကျော် ထွက်ပြေး

VOA
၀၂ ဖေဖော်ဝါရီ၊ ၂၀၂၄ 

မလေးရှာနိုင်ငံအနောက်ပိုင်း Perak ပြည်နယ် Bidor လူဝင်မှုကြီးကြပ်ရေးထိန်းသိမ်းရေးစခန်းက မြန်မာနဲ့ ရိုဟင်ဂျာ ၁၃၁ ယောက်ဟာ ကြာသပတေးညကထွက်ပြေးလွတ်မြောက်သွားခဲ့တယ်လို့ လူဝင်မှုကြီးကြပ်ရေး ညွှန်ကြားရေးမှူး ရပ်စ်လင်ဂျူဆိုက ဖေဖေါ်ဝါရီလ ၂ရက်နေ့က ထုတ်ပြန်ပြောဆိုပါတယ်။ 

Link : Here

Friday, January 26, 2024

ရခိုင်ပြည်နယ်မှ ထွက်လာသည့် ရိုဟင်ဂျာ ၁၀၀ ကျော်ကို စစ်ကောင်စီဖမ်းထား

Myanmar Now
သူရမောင်
January 26, 2024

ရိုဟင်ဂျာ ၁၁၇ ဦး မြန်မာ-ထိုင်း နယ်စပ်တွင် အဖမ်းခံကြောင်း၊ ပြည်ပထွက်ရန် ကြိုးပမ်းစဉ် ယခုနှစ်အတွင်း ပထမ ဆုံးအကြိမ် အစုလိုက် ဖမ်းဆီးမှု ဖြစ်ကြောင်း NUG တာဝန်ရှိသူတစ်ဦးက ပြောသည်။

အင်ဒိုနီးရှားနိုင်ငံ အာချေးမြောက်ပိုင်းကမ်းလွန် လှေတစ်စီးပေါ်တွင် ရိုဟင်ဂျာဒုက္ခသည်များ ၂၀၂၀ ခုနှစ် ဇွန်လအတွင်းက တွေ့ရစဉ်။ (ဓာတ်ပုံ − EPA)

မလေးရှားနိုင်ငံသို့ ထွက်ခွာရန် ကြိုးစားသည့် ရိုဟင်ဂျာ ၁၁၇ ဦး မွန်ပြည်နယ်အတွင်း ရှိနေစဉ် ဇန်နဝါရီ ၂၄ ရက်နေ့က အဖမ်းခံလိုက်ရကြောင်း သိရသည်။

Wednesday, January 24, 2024

မလေးရှားသွားမယ့် ရိုဟင်ဂျာ ၁၁၀ ကျော် မြန်မာနိုင်ငံတောင်ပိုင်းမှာ ဖမ်းမိ

VOA
ဗွီအိုအေ (မြန်မာဌာန)
၂၄ ဇန်နဝါရီ၊ ၂၀၂၄ 

အင်ဒိုနီးရှားနိုင်ငံ အာချေ့ဒေသကို စက်လှေတစင်းနဲ့ ရောက်ရှိလာတဲ့ ရိုဟင်ဂျာဒုက္ခသည်များ (နိုဝင်ဘာ ၁၆၊ ၂၀၂၃)
 
မလေးရှားနိုင်ငံကို ထွက်ခွာဖို့ ကြိုးပမ်းကြတဲ့ ရိုဟင်ဂျာ ၁၁၀ ကျော်ဟာ မြန်မာနိုင်ငံတောင်ပိုင်းမှာ ဖမ်းဆီးခံလိုက်ရပါတယ်။ ရိုဟင်ဂျာအမျိုးသား ၅၉ ယောက်၊ အမျိုးသမီး ၅၈ ယောက်ကို မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့မှာ မနေ့တုန်းက ဖမ်းဆီးလိုက်ကြောင်း ဒေသခံလုံခြုံရေး အာဏာပိုင်တွေကိုကိုးကားပြီး AFP သတင်းက ဖော်ပြခဲ့တာပါ။

မလေးရှားသွားမယ့် ရိုဟင်ဂျာ ၁၁၀ ကျော် မြန်မာနိုင်ငံတောင်ပိုင်းမှာ ဖမ်းမိ

VOA
၂၄ ဇန်နဝါရီ၊ ၂၀၂၄ 

မလေးရှားနိုင်ငံကို ထွက်ခွာဖို့ ကြိုးပမ်းကြတဲ့ ရိုဟင်ဂျာ ၁၁၀ ကျော်ဟာ မြန်မာနိုင်ငံတောင်ပိုင်းမှာ ဖမ်းဆီးခံလိုက်ရပါတယ်။ ရိုဟင်ဂျာအမျိုးသား ၅၉ ယောက်၊ အမျိုးသမီး ၅၈ ယောက်ကို မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့မှာ မနေ့တုန်းက ဖမ်းဆီးလိုက်ကြောင်း ဒေသခံလုံခြုံရေး အာဏာပိုင်တွေကိုကိုးကားပြီး AFP သတင်းက ဖော်ပြခဲ့တာပါ

Link : Here

Sunday, January 14, 2024

ဖမ်းဆီးထောင်ချခံနေရပေမယ့် ရိုဟင်ဂျာဒုက္ခသည်တွေ မလေးရှားကိုထွက်ဖို့ ကြိုးစားနေဆဲ

RFA
ဇင်မာဝင်း (ဝါရှင်တန်ဒီစီ)
2022.12.15

၂ဝ၂၂ ခုနှစ် နိုဝင်ဘာ ၁၆ ရက်နေ့က အင်ဒိုနီးရှားနိုင်ငံ အာချေးကမ်းခြေကို ရောက်ရှိလာသည့် စက်လှေပေါ်မှ ရိုဟင်ဂျာဒုက္ခသည်များ။ AP

ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းက ရိုဟင်ဂျာတွေဟာ စားဝတ်နေရေး အခက်အခဲ၊ အလုပ်အကိုင်အခွင့် အလမ်းရှားပါးမှုနဲ့ လွတ်လပ်စွာသွားလာခွင့်မရှိတာတွေကြောင့် ပြည်ပနိုင်ငံတွေကို သွားဖို့ နည်းလမ်း ပေါင်းစုံနဲ့ ကြိုးစားနေကြပါတယ်။

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */