Showing posts with label ပျောက်ဆုံး. Show all posts
Showing posts with label ပျောက်ဆုံး. Show all posts

Tuesday, March 25, 2025

နတ်မြစ်တွင် စက်လှေ ၁ စီး နစ်မြုပ်ပြီး ရိုဟင်ဂျာ ၁၀ ဦးနှင့် BGB တပ်ဖွဲ့ဝင် ၁ ဦး ပျောက်ဆုံးနေ

DVB
March 24, 2025 

Photo : RK News Desk၊ Courtesy

ရခိုင်ပြည်နယ်ကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံ တက္ကနဖ်မြို့နယ်ဘက်ကို တိမ်းရှောင်လာကြတဲ့ ရိုဟင်ဂျာ စက်လှေတစီးဟာ မတ် ၂၂ ရက် အစောပိုင်းက နတ်မြတ်အတွင်း နစ်မြုပ်ခဲ့ပြီး စက်လှေပေါ် ပါလာတဲ့ ရိုဟင်ဂျာ ၁၀ ယောက်နဲ့ ကယ်ဆယ်ရေးပြုလုပ်နေတဲ့ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့် (BGB) တပ်ဖွဲ့ဝင်တယောက် ပျောက်ဆုံးတယ်လို့ ဘင်္ဂလားဒေ့ရှ်အခြေစိုက် သတင်းဌာနတွေမှာ ရေးကြပါတယ်။

Tuesday, November 1, 2022

အမာမြို့မှာ ရိုဟင်ဂျာ စက်လှေတစ်စင်း နစ်မြုပ်ပြီး ၂၀ ခန့် ပျောက်ဆုံးနေ

RFA
လွတ်လပ်ဲ့အာရှအသံ
2022-11-02 

ဘိုကလေး ရဲစခန်းတွင် ဖမ်းဆီးခံထားရသည့် ရိုဟင်ဂျာများအား တွေ့ရစဉ်။
  Photo: Citizen Journalist 

ဧရာဝတီတိုင်း၊ ဖျာပုံခရိုင် အမာမြို့နယ်ခွဲ ကတုံးလေးရွာအနီးမှာ ပြီးခဲ့တဲ့ အောက်တိုဘာ ၃၀ ရက်နေ့က ရိုဟင် ဂျာ ၈၀ ကျော်လိုက်ပါလာတဲ့ စက်လှေတစ်စင်း နစ်မြုပ်ခဲ့ပြီး ၂၀ ဦးခန့် ပျောက်ဆုံးနေတယ်လို့ ဖျာပုံဒေသခံတွေ က RFA ကို အောက်တိုဘာ ၃၁ ရက် မနေ့ညပိုင်း က ပြောပါတယ်။

အဲဒီစက်လှေဟာ အဲဒီကတုံးလေးရွာအနီးမှာ သောင်တင်ပြီး နစ်မြုပ်သွားတာကြောင့် လှေပေါ်ပါလာသူ ၆၀ ခန့် ကိုပဲ ကယ်တင်နိုင်ခဲ့ပြီး ကျန်တာတွေ ပျောက်ဆုံးနေတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဖျာပုံဒေသခံတစ် ဦးက RFA ကို ပြောပါတယ်။

Sunday, August 15, 2021

Bhasan Char ကျွန်းကထွက်ပြေးတဲ့ ရိုဟင်ဂျာတချို့လှေ မှောက်ပျောက်ဆုံး

VOA
ဗွီအိုအေ (မြန်မာဌာန)
15 သြဂုတ်၊ 2021
ဘာဆန် ချာကျွန်း
 
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ Bhasan Char ကျွန်းပေါ်ကနေ ထွက်ပြေးဖို့ကြိုးစားရင်း ဘင်္ဂလားပင်လယ်အော်အတွင်း သူတို့စီးလာတဲ့လှေ မှောက်သွားတာကြောင့် ရိုဟင်ဂျာဒုက္ခသည် ၂ ဒါဇင်ထက်မနည်း ပျောက်ဆုံးနေကြောင်း ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေက ဒီကနေ့ ပြောတာကို ကိုးကားပြီး ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */