" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label နစ်နာမှု. Show all posts
Showing posts with label နစ်နာမှု. Show all posts

Monday, September 25, 2023

ရိုဟင်ဂျာတွေ နစ်နာမှုအတွက် Facebook လျော်ကြေးပေးဖို့ AI အဖွဲ့တောင်းဆို

VOA
ဗွီအိုအေ (မြန်မာပိုင်း)

၂၅ စက်တင်ဘာ၊ ၂၀၂၃ 

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဇ်ဘဇားဒေသအနီး လယ်ကွင်းတွေထဲ မြန်မာဘက် ထွက်ပြေးလာတဲ့ ရိုဟင်ဂျာဒုက္ခသည်များကို တွေ့ရစဉ် (နိုင်ဝင်ဘာ ၂၊ ၂၀၁၇)

မြန်မာနိုင်ငံမှာ လူနည်းစု ရိုဟင်ဂျာတွေကို စစ်တပ်က ရှင်းလင်းသုတ်သင်ရာမှာ Facebook ရဲ့ တာဝန်မကင်းခဲ့ တာကြောင့် မိခင်ကုမ္ပဏီဖြစ်တဲ့ META က နစ်နာကြေး အမြန်ဆုံးပေးဖို့ နိုင်ငံတကာ လူ့အခွင့်ရေး လှုပ်ရှားမှုအဖွဲ့ Amnesty International ကတောင်းဆိုလိုက်ပါတယ်။

သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာတွေ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံကို ထွက်ပြေးခဲ့ရတဲ့ ၂၀၁၇ ခုနှစ်က စစ်တပ်ရဲ့ နယ် မြေရှင်းလင်းတဲ့ စစ်ဆင်ရေး ၆ နှစ်ပြည့်ချိန်အထိ နစ်နာမှုတွေအတွက် တာဝန်ယူမှု မရှိသေးဘူးလို့လည်း ဒီကနေ့ ထုတ်ပြန်ချက်မှာ ဖော်ပြခဲ့တာပါ။

Tuesday, May 30, 2023

ရိုဟင်ဂျာတွေ နစ်နာမှုအတွက် တာဝန်ယူဖို့ META ရှယ်ယာ ဝင်တွေကို AI အဖွဲ့တိုက်တွန်း

VOA
ဗွီအိုအေ (မြန်မာဌာန)
၂၉ မေ၊ ၂၀၂၃ 

အင်ဒိုနီးရှားနိုင်ငံ အာချေးပြည်နယ် အရှေ့အာချေးမြို့ကိုရောက်လာတဲ့ ရိုဟင်ဂျာဒုက္ခသည်များ (နိုဝင်ဘာ၊ ၂၀၂၂)


Facebook လူမှုကွန်ရက်ရဲ့ မိခင်ကုမ္ပဏီဖြစ်တဲ့ META အစုရှယ်ယာဝင်တွေ ဒီသီတင်းပတ်ထဲ နှစ်ပတ်လည် အ စည်းအဝေး ကျင်းပတဲ့အခါ ရိုဟင်ဂျာတွေ နစ်နာခဲ့ရမှုတွေအတွက် တာဝန်ယူမှုရှိစေရေး ဦးစားပေးဖို့ နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့တခုဖြစ်တဲ့ Amnesty International ကပြောလိုက်ပါတယ်။ ၂၀၁၇ ခုနှစ်က မြန်မာစစ်တပ်ရဲ့ ရခိုင်ပြည်နယ်က စစ်ဆင်ရေးအတွင်း ရိုဟင်ဂျာတွေအပေါ် ကျုးလွန်ခဲ့တဲ့ ရက်စက်ကြမ်းကြုတ်မှုတွေအတွက် Facebook ကုမ္ပဏီမှာလည်း တစိတ်တပိုင်း တာဝန်ရှိခဲ့တာကြောင့် နစ်နာမှုတွေကို ကုစားဖို့ လိုတယ်လို့လည်း ဒီ ကနေ့ ထုတ်ပြန်တဲ့ ကြေညာချက်မှာ AI အဖွဲ့ရဲ့ နည်းပညာဆိုင်ရာ ဒုတိယညွှန်ကြားရေးမှူး Pat de Brún ပြော ဆိုထားတာပါ။

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */