By ဧရာဝတီ
22 February 2022
ဖေဖေါ်ဝါရီ ၂၁ရက်က နယ်သာလန်နိုင်ငံ သည်ဟိဂ်မြို့တွင် မြန်မာအပေါ် ဂမ်ဘီယာက တရားစွဲထား သည့်အမှုကို ပြန်လည်ချေပနေသည့် စစ်ကောင်စီ ကိုယ်စားလှယ်အဖွဲ့ / အိုင်စီဂျေ ဝက်ဘ်ဆိုဒ်
မြန်မာနိုင်ငံအပေါ် ဂမ်ဘီယာနိုင်ငံက စွဲဆိုထားသောအမှုတွင် နောက်ကွယ်၌ အစ္စလာမ်နိုင်ငံများ ပူးပေါင်ဆောင် ရွက် ရေးအဖွဲ့ (OIC) က ကြိုးကိုင်နေသဖြင့် အမှုကို လက်မခံသင့်ကြောင်း အာဏာသိမ်းမြန်မာ စစ်ကောင်စီ၏ ကိုယ်စား လှယ်က အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) တွင် ပြောကြားသည်။
ဖေဖော်ဝါရီလ ၂၁ ရက်က နယ်သာလန်နိုင်ငံ The Hague တွင် ပြုလုပ်သည့် မြန်မာနိုင်ငံက ရိုဟင်ဂျာများအပေါ် လူမျိုးတုန်းသတ်ဖြတ်သည်ဆိုသော ဂမ်ဘီယာက မြန်မာအပေါ်စွဲဆိုထားသော အမှုဆိုင်ရာ ကြားနာပွဲတွင် မြန် မာ စစ်ကောင်စီငှားရမ်းထားသော ဗြိတိန်အခြေစိုက် ဥပဒေပညာရှင် ရှေ့နေများက ပြောဆိုခြင်းဖြစ်သည်။