Showing posts with label ရခိုင်အရေး. Show all posts
Showing posts with label ရခိုင်အရေး. Show all posts

Friday, May 3, 2024

"အထက်က ပြောတဲ့စကားနဲ့ အောက်ခြေမှာ ဖြစ်နေတာနဲ့ တစ်ထပ်တည်းဖြစ်နေရမယ်။"

Myanmar Photo Agency
2 May 2024 By MPA (အင်တာဗျူး)

ရခိုင်ပြည်နယ်မြောက်ပိုင်း ဘူးသီးတောင်နှင့် မောင်တောမြို့များတွင် လတ်တလောဖြစ်ပျက်နေသည့် လူမျိုးရေးအသွင်ဆောင်သည့် ပဋိပက္ခများနှင့် ပတ်သက်ပြီး Free Rohingya Coalition တည်ထောင်သူ ကိုနေဆန်းလွင်နှင့် တွေ့ဆုံမေးမြန်းထားပါသည်။
 
"အထက်က ပြောတဲ့စကားနဲ့ အောက်ခြေမှာ ဖြစ်နေတာနဲ့ တစ်ထပ်တည်းဖြစ်နေရမယ်။ အပေါ်မှာတော့ လူထုအားလုံး လက်ခံနိုင်တဲ့ စကားပြောပေမဲ့ မြေပြင်ရဲ့ အခြေအနေ ကွာခြားမှုတွေတော့ ရှိတယ်"
ကိုနေဆန်းလွင် (Free Rohingya Coalition တည်ထောင်သူ)
 

 

Link : Here

Wednesday, January 12, 2022

မောင်တော ဘူးသီးတောင် ခွဲထွက်မယ် ဆိုတာ ကလေးက လား စကားတွေပါ

ဧရာဝတီ
စာရေးဆရာ ဦးအောင်ခင် (စစ်တွေ)
12 January 2022

ရခိုင်ပြည်နယ်အတွင်း ရခိုင် တိုင်းရင်းသားများနှင့် မွတ်စလင် ကျေးရွာသားတို့မှာ ၂၀၁၂ ခုနှစ် အရေးအခင်း ကာလ နောက်ပိုင်းကတည်းက ကူးလူး ဆက်ဆံမှု ပြတ်တောက်သွားပြီး နှစ်ဖက်စလုံး သံသယများဖြင့်သာ နေထိုင်ခဲ့ကြသည်။ ၂၀၁၆ – ၂၀၁၇ ခုနှစ် မောင်တောအရေးအခင်း ဖြစ်ပေါ်မှုကြောင့်လည်း ရခိုင်တိုင်းရင်း သားများနှင့် မွတ်စလင်တို့မှာ ပို၍ပင် စည်းခြားသကဲ့သို့ ဆက်ဆံ သွားလာမှုများ မရှိကြတော့ပေ။

Monday, November 16, 2020

အာဆီယံ-ကုလသမဂ္ဂ ထိပ်သီးတွေ ရခိုင်အရေးဆွေးနွေး

VOA
ဗွီအိုအေ (မြန်မာဌာန)  
မသိင်္ဂီထိုက်
16 နိုဝင်ဘာ၊ 2020 
ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခများကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးတိမ်းရှောင်ကြတဲ့ ရိုဟင်ဂျာဒုက္ခသည်များ။ (အောက်တိုဘာ ၁၆၊ ၂၀၁၇)
 
အရှေ့တောင်အာရှနိုင်ငံများအသင်း အာဆီယံနဲ့ ကုလသမဂ္ဂ ထိပ်သီးဆွေးနွေးပွဲမှာ ရိုဟင်ဂျာ ဒုက္ခသည်တွေ အပါ အဝင် ရခိုင်ပြည်နယ်အရေး ဆွေးနွေးခဲ့ကြပါတယ်။ အပြည့်အစုံကို မသိင်္ဂီထိုက် စုစည်းတင်ပြထား ပါ တယ်။

Sunday, September 13, 2020

အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ ရခိုင်အရေး ဆွေးနွေး

VOA  
ဗွီအိုအေ (မြန်မာပိုင်း)
13 စက်တင်ဘာ၊ 2020 
 အွန်လိုင်း ဗွီဒီယိုကတဆင့် ပြုလုပ်ခဲ့တဲ့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး။ (စက်တင်ဘာ ၉၊ ၂၀၂၀)

အွန်လိုင်းဗွီဒီယိုကတဆင့် ကျင်းပပြုလုပ်ခဲ့တဲ့ ၄ ရက်ကြာ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်း အေ ဝးမှာ ကိုရိုနာဗိုင်းရပ်စ်ကို တုံ့ပြန်တိုက်ဖျက်ရေး ပူးပေါင်း ဆောင်ရွက်ကြဖို့နဲ့ အငြင်းပွားနေတဲ့ တောင် တ ရုတ်ပင်လယ်ကိစ္စ တွေ့ဆုံဆွေးနွေးပွဲတွေ အရှိန်မြှင့် လုပ်ဆောင်ဖို့ ကတိကဝတ် ပြုခဲ့ကြတဲ့အပြင် ကိုရီး ယားကျွန်းဆွယ် လုံခြုံရေး၊ မြန်မာက ရခိုင်ပြည်နယ်ကိစ္စ အပါအဝင် ဆိုက်ဘာလုံခြုံရေးကိစ္စ၊ အကြမ်းဖက်မှု တိုက်ဖျက်ရေးကိစ္စ၊ နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုခင်း စတဲ့ ကိစ္စရပ် တော်တော်များများကိုလည်း ဆွေးနွေး ခဲ့တယ်လို့ ဗီယက်နမ် နိုင်ငံခြားရေးဝန်ကြီး Pham Binh Minh က ပြောပါတယ်။

Friday, March 6, 2020

ရခိုင်အရေးဆန္ဒပြခဲ့တဲ့ ကျောင်းသားတွေ ဖမ်းဆီးခံရ

လွတ်လပ်တဲ့အာရှအသံ ( RFA )
မြန်မာဌာန | သတင်းများ 
2020-03-05

ငြိမ်းစုစီပုဒ်မ ၁၉ နဲ့ တရားစွဲခံထားရတဲ့ ကျောင်းသား ၅ ယောက်ကို ရန်ကုန်မြို့ ပညာရေးတက္ကသိုလ်မှာ ရဲ တပ်ဖွဲ့တွေက မနေ့က လာရောက် ဖမ်းဆီးသွားပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလထဲမှာ ရခိုင်အရေး ဆန္ဒပြ ခဲ့ကြလို့ သူတို့ကို ဖမ်းလိုက်တာပါ။


Link : Here

Saturday, February 29, 2020

ရခိုင်အရေး မည်သည့်နိုင်ငံတကာတရားရေးအဖွဲ့၏ ကြိုးပမ်းမှုကိုမှ မြန်မာလက်မခံ

DVB
28 February 2020
ရခိုင်အရေးနဲ့ပတ်သက်ပြီး မြန်မာပြည်တွင်းမှာ ဆောင်ရွက်နိုင်တဲ့ နည်းလမ်းတွေ ရှိနေသေးလို့ ဘယ်နိုင်ငံ တကာတရားရေး (သို့မဟုတ်) ဥပဒေအဖွဲ့ရဲ့ ကြိုးပမ်းမှုကို မဆို လက်မခံကြောင်း မြန်မာအမြဲတမ်းကိုယ်စား လှယ် ဦးကျော်မိုးထွန်းက ပြောပါတယ်။

ရခိုင်အရေးပိုရှုပ်ထွေးလာမှုမှာ တပ်မတော်နှင့် AA ပဋိပက္ခ ကြောင့်ဟု မြန်မာကိုယ်စားလှယ်ပြော

မြန်မာတိုင်းမ်နေ့စဉ်
စိုင်းဝဏ္ဏ 
29 FEB 2020

ရခိုင်ပြည်နယ်အတွင်း ပိုမိုရှုပ်ထွေးလာသည့် အခြေအနေမှာ တပ်မတော်နှင့် AA အဖွဲ့တို့၏ ပဋိပက္ခကြောင့် ဖြစ်ကြောင်း မြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးကျော်မိုးထွန်းက ကုလသမဂ္ဂတွင် ပြောသည်။

'ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး၏ မြန်မာနိုင်ငံရှိ ရိုဟင်ဂျာနှင့် အခြားလူနည်းစုတို့နှင့် လူ့အ ခွင့်အရေးဆိုင်ရာ အစီရင်ခံစာအပေါ် အပြန်အလှန်ဆွေးနွေးပွဲကို ဖေဖော်ဝါရီ ၂၇ ရက်က ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့တွင် ပြုလုပ်ခဲ့ရာဦးကျော်မိုးထွန်းက အထက်ပါအတိုင်း ထည့်သွင်းပြောသည်။

Friday, January 31, 2020

ရခိုင်အရေး ASEAN ပူးပေါင်းဆောင်ရွက်မှု ကုလအတွင်း ‌ရေးမှူးချုပ် ကြိုဆို

VOA
31 ဇန်နဝါရီ၊ 2020
ဗွီအိုအေ (မြန်မာဌာန)
မြန်မာနိုင်ငံ ရခိုင်ပြည်နယ် အခြေအနေနဲ့ပတ်သက်လို့ အာဆီယံ ပါဝင်ဆောင်ရွက်လာတာဟာ ကုလသမဂ္ဂအ တွက် လွန်စွာအရေးပါတယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် António Guterres က ပြောကြားလိုက်ပါတယ်။

အာဆီယံ-ကုလသမဂ္ဂ ပူးပေါင်းဆောင်ရွက်ရေးနဲ့ ပတ်သက်ပြီး လုံခြုံရေးကောင်စီကို မိန့်ခွန်းပြောကြားရာမှာ အတွင်းရေးမှူးချုပ်က အဲဒီလို ထည့်သွင်း ပြောကြားသွားတာ ဖြစ်ပါတယ်။ အခုအခါ နေရပ်စွန့်ခွာ သွားကြသူ တွေ နဲ့ ဒုက္ခသည်တွေ ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို နိုင်ငံတကာက ပူးပေါင်းအဖြေရှာရေးဟာ မရှိ မ ဖြစ် လိုအပ်ပြီး၊ ရခိုင်ပြည်နယ် အကြံပေးကော်မရှင်ရဲ့ ထောက်ခံတင်ပြချက်တွေနဲ့အညီ အာဆီယံနဲ့ ကုလသမဂ္ဂက ရှေ့တိုးဆောင်ရွက် သွားနိုင်လိမ့်မယ်လို့ ပြောကြားသွားပါတယ်။  

Monday, January 27, 2020

ရခိုင်အရေး ကုလကို ဘယ်လောက်ယုံကြည်လို့ရနိုင်မလဲ

မြန်မာတိုင်းမ်နေ့စဉ်
27 JAN 2020
ဇန်နဝါရီ ၂၃ ရက်က သည်ဟိတ်ရှိ အပြည်ပြည်ဆိုင်တရားရုံး၌ တရားသူကြီးများကိုတွေ့ရစဉ်။ ဓာတ်ပုံ -အီးပီအေ

ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများအရေးနှင့်ပတ်သက်၍ ကမ္ဘာလုံးဆိုင်ရာ လူသိရှင်ကြား ဖြစ်ခဲ့ခြင်းနှင့်ယင်းနေ ရပ်စွန့်ခွာသူများအရေး ပြင်းပြင်းထန်ထန် လှုပ်ရှားဆောင်ရွက်မှုများ ကြောင့် ဇန်နဝါရီ ၂၃ ရက်တွင် သည်ဟိတ်ရှိ အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ)က မြန်မာ အစိုးရအား ကြားဖြတ်စီမံဆောင်ရွက်ချက်များ ပြုလုပ်ရန် ညွှန်ကြား ချက်ထုတ်ပြန်လိုက်ခြင်းသည် အံ့သြစရာတော့ သိပ်မရှိခဲ့ချေ။

Tuesday, January 21, 2020

ရခိုင်မှာဖြစ်ခဲ့တဲ့ စစ်ရာဇဝတ်မှုတွေအပါအဝင် ရာဇဝတ်မှု တိုင်းကိုအရေးယူဆောင်ရွက်ဖို့ သမ္မတ ညွှန်ကြား


B B C
ဘီဘီစီ မြန်မာပိုင်း
2020.01.21
စစ်ရာဇဝတ်မှုတွေကို အရေးယူဆောင်ရွက်ဖို့ နိုင်ငံတော်သမ္မတ ညွှန်ကြား

ရခိုင်မှာဖြစ်ပေါ်ခဲ့တဲ့ စစ်ရာဇဝတ်မှုတွေ အပါအဝင် ရာဇဝတ်မှုအားလုံးကို ဖော်ထုတ်အရေးယူဖို့အတွက် နိုင်ငံတော်သမ္မတကနေ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အပါအဝင် သက်ဆိုင်တဲ့ဌာနအားလုံးကို ပေးပို့ညွှန်ကြားထားပြီးဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံးကနေ ဇန်နဝါရီ ၂၁ ရက်နေ့မှာ ထုတ်ပြန် ကြေညာလိုက်ပါတယ်။

Monday, January 20, 2020

ICOE နောက်ဆုံး အစီရင်ခံစာတွင် လူမျိုးတုန်း သတ်ဖြတ်မှု မခိုင်လုံကြောင်း ပါရှိ

ဧရာဝတီ 
ထက်ခေါင်လင်း
20 January 2020
ICOE အစီရင်ခံစာကို သမ္မတ ဦးဝင်းမြင့်ထံ ပေးအပ်နေစဉ် / ဧရာဝတီ
 
 ရခိုင်ပြည်နယ်အရေး ဆိုင်ရာ မြန်မာအစိုးရက ဖွဲ့စည်းထားသည့် လွတ်လပ်သော စုံစမ်းစစ်ဆေးရေး ကော်မ ရှင် (ICOE) ၏ နောက်ဆုံး အစီရင်ခံစာတွင် နိုင်ငံတကာက စွပ်စွဲနေသည့် လူမျိုးတုန်း သတ်ဖြတ်မှုများ ရှိ သည် ဆို ခြင်းနှင့် ပတ်သက်ပြီး ခိုင်လုံသော အထောက်အထား မတွေ့ရှိရဟု ပါရှိကြောင်း သိရသည်။

ယင်း အစီရင်ခံစာကို နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်နှင့် နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်တို့ ထံသို့ ကော်မရှင်က ယနေ့ ပေးအပ်လိုက်သည်။

ရခိုင်မှာ လူမျိုးသုဉ်းသတ်ဖြတ်မှု အထောက်အထားမတွေ့ လို့ ICOE ထုတ်ပြန်


B B C
ဘီဘီစီ မြန်မာပိုင်း
2020.01.20
 ရခိုင်ပြည်နယ်မြောက်ပိုင်းက မူဆလင်များနဲ့ အခြားလူမှုအသိုင်းအဝန်းတွေ ရွှေ့ပြောင်းခံရမှုနဲ့ သတ်ဖြတ်ခံရ မှုတွေက ဖျက်ဆီးလိုတဲ့ ရယ်ရွယ်ချက်မျိုးနဲ့ ကျူးလွန်းခဲ့တဲ့ သက်သေမျိုးကိုမတွေ့ခဲ့ရဘူး
 
လူမျိုးသုဉ်းသတ်ဖြတ်ခြင်းနဲ့ ကိုက်ညီတဲ့ ကျူးလွန်မှုမျိုးအတွက် ကျိုးကြောင်းဆီလျော်တဲ့ ကောက်ချက် ချနိုင်မှု တစုံတရာသက်သေ အထောက် အထားမျိုးကို အထောက်အထားစုဆောင်းခြင်းနဲ့ အတည်ပြုခြင်း ကော်မတီအနေနဲ့မတွေ့ရဘူးလို့ ရခိုင်အရေး လွတ်လပ်တဲ့စုံစမ်းစစ်ဆေးရေးကော်မရှင် ICOE ရဲ့ ထုတ် ပြန် ချက်မှာပါရှိပါတယ်။

Sunday, January 19, 2020

ရခိုင်အရေး အကူအညီဆက်ပေးမယ်လို့ တရုတ်ကတိပြု

VOA
ဗွီအိုအေ (မြန်မာဌာန)

နယ်စပ်ဖြတ်ကျော်ပြီး အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးလာကြတဲ့ ရိုဟင်ဂျာဒုက္ခသည်များ (နိုဝင်ဘာလ ၂၊ ၂၀၁၇)

ရခိုင်ပြည်နယ်ကနေ နေရပ်စွန့်ခွာသူတွေကို ပြန်လည်လက်ခံရေး၊ ပြန်လည် နေရာချထားရေးအတွက် တတ် နိုင် သလောက် ဆက်လက် ကူညီသွားမယ်လို့ တရုတ်ဘက်က ကတိပြုလိုက်သလို ဘင်္ဂလားဒေရှ့်ဘက် ရောက်နေတဲ့ မြန်မာနိုင်ငံက လူတွေကို ပြန်လည်လက်ခံမယ်လို့ မြန်မာဘက်က ထပ်ပြီး ကတိပြုလိုက်ပါ တယ်။
                                                                             

Friday, January 10, 2020

အင်ဒိုနီးရှားနဲ့ ဂျပန်နိုင်ငံခြားရေးဝန်ကြီး ရခိုင်ပြည်နယ် အ ရေးဆွေးနွေး

VOA
ဗွီအိုအေ (မြန်မာပိုင်း)
10 ဇန္နဝါရီ၊ 2020
                                            ဂျပန်နိုင်ငံခြားရေးဝန်ကြီးနဲ့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးတို့ တွေ့ဆုံ

အင်ဒိုနီရှားနိုင်ငံ ဂျကာတာမြို့တော်ကို ရောက်ရှိနေတဲ့ ဂျပန်နိုင်ငံခြားရေးဝန်ကြီးနဲ့ အင်ဒိုနီးရှားနိုင်ငံခြားရေး ဝန်ကြီးတို့ တွေ့ဆုံမှုအတွင်း ရခိုင်ပြည်နယ်အရေးကိစ္စအပါအဝင် နိုင်ငံတကာရေးရာတွေကို ဆွေးနွေး ခဲ့ကြပါတယ်။

Monday, December 30, 2019

ရခိုင်အရေးကို လွဲမှားစွာပုံဖော်ထားသည့် တတိယကော် မတီ၏ အဆိုမူကြမ်း မြန်မာကန့်ကွက်

မြန်မာတိုင်းမ်နေ့စဉ်
မင်းဝဿန်
30 DEC 2019
ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ ဘုန်းတော်ကြီးကျောင်းတစ်ခု၌ စစ်ဘေးရှောင်ရခိုင်ဒေသခံများအား ဇူလိုင် ၁၀ ရက်က ကုလသမဂ္ဂအထူးကိုယ်စားလှယ် မစ္စ ခရစ္စတင်း ရှရာနာ ဘူဂင်နာ ရောက်ရှိ တွေ့ဆုံခဲ့စဉ်။ ဓာတ်ပုံ- အီးပီအေ

ဒေသတွင်း မတူညီသည့် အသိုက်အဝန်းများအကြား နိုင်လိုမင်းထက် ပြုမှုနှင့် ယုံကြည်မှု ပျက်ပြားမှုကိုသာ အားပေးအားမြှောက်ပြုမည့် အဆိုမူကြမ်းဖြစ်ကြောင်း၊ ရခိုင်ဒေသ၏ ထိရှလွယ်သည့် ငြိမ်းချမ်း ရေးနှင့် သဟ ဇာတဖြစ်ရေးအပြင် နေရပ်ပြန်ရေး လုပ်ငန်းစဉ်ကိုလည်း ဆုတ်ယုတ်ပျက်ပြားစေမည့်အပြင် နိုင်ငံတကာ အသိုက်အ ဝန်း နှင့် မြန်မာနိုင်ငံပြည်သူများအကြား သဘောထား ပိုမိုကွဲလွဲစေမည့် အဆိုမူကြမ်းဖြစ်ကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ်က ပြောသည်။

Wednesday, December 18, 2019

ရခိုင်အရေး မြန်မာဘက်ကနေ ထောက်ခံဆောင်ရွက်သွား မယ်လို့ ဗီယက်နမ်နိုင်ငံဝန်ကြီးချုပ်ပြောကြား

KUMUDRA
နေပြည်တော်သတင်း 
17 DEC 2019
ရခိုင်အရေး မြန်မာဘက်ကနေ ထောက်ခံဆောင်ရွက်သွားမယ်လို့ ဗီယက်နမ်နိုင်ငံဝန်ကြီးချုပ်ပြောကြား


နေပြည်တော်၊ဒီဇင်ဘာလ-၁၇ ရက်။ရခိုင်အရေးနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံရဲ့ ကိုင်တွယ်ဖြေရှင်းဖို့ ကြိုးပမ်းမှု တွေကို ဗီယနမ်နိုင်ငံအနေနဲ့ နားလည်ပြီး ရခိုင်အရေးကိစ္စအပါအဝင် နိုင်ငံရဲ့အခြားအခက်အခဲတွေ အဆင် ပြေစွာဖြေရှင်းနိုင်ဖို့ ထောက်ခံဆောင်ရွက်သွားမယ်လို့ ဗီယက်နမ်နိုင်ငံဝန်ကြီးချုပ် မစ္စတာ ငုယင်စွမ်းဖုက ပြောကြားလိုက်တယ်လို့ သိရပါတယ်။

Tuesday, September 10, 2019

DVB Debate:"နေရပ် စွန့်ခွာသူတွေ ဘယ်အေခြေအေ န မှာ ပြန်လာမလဲ?" ( Part A,B,C )

DVB Debate
Sep 9, 2019

DVB Debate:"နေရပ် စွန့်ခွာသူတွေ ဘယ်အခြေအနေမှာ ပြန်လာမလဲ?" (Part A ) 
<><><><><><><><><><><><><><><><><><><><><><><><><><><><><><><><><><><><><><><><><>
DVB Debate:"နေရပ် စွန့်ခွာသူတွေ ဘယ်အခြေအနေမှာ ပြန်လာမလဲ?" (Part  B )

 
 <><><><><><><><><><><><><><><><><><><><><><><><><><><><><><><><><><><><><><><><><

  DVB Debate:"နေရပ် စွန့်ခွာသူတွေ ဘယ်အခြေအနေမှာ ပြန်လာမလဲ?" (Part  C )

Wednesday, August 7, 2019

တိုင်းရင်းသားတို့ရဲ့ အမျိုးသားစိတ်ဓါတ် နှင့် ပြည် ထောင် စုနိုင်ငံ ဖော်ဆောင်ရေး

VOA
ဗွီအိုအေ (မြန်မာဌာန)
သတင်းသုံးသပ်ချက်
07 သြဂုတ်၊ 2019
ဦးကျော်ဇံသာ

 မြန်မာနိုင်ငံမှာ တိုင်းရင်းသားပြဿနာပြေလည်ရေး ပြည်ထောင်စုနိုင်ငံ ဖော်ဆောင်ရေးအတွက် သမိုင်းဖြစ် ရပ်တွေကို ထိန်ချန်မထားဘဲ၊ အဲဒီထဲကအမှားတွေကို ပြန်ပြင်နိုင်မယ့် စနစ်တရပ် လိုအပ်တယ်။ တိုင်းရင်း သားး တို့ရဲ့အမျိုးသားစိ်တ်ဓါတ်ကို သိမ်သိမ်မွေ့မွေ့ကိုင်တွယ်ပြီး၊ ဒီပြဿနာတွေကို အောင်အောင်မြင်မြင် ကျော်လွှားနိုင်ခဲ့တဲ့ နိုင်ငံတွေရဲ့ နမူနာကို အတုယူသင့်တယ်လို့ အမရေိကန်ပြည်ထောင်စု Gerogetown တက္ကသိုလ် ဂုဏ်ထူးဆောင်ပါမောက္ခ David Steinberg က ဆိုပါတယ်။ အသေးစိတ်ကို ပါမောက္ခ Steinberg နဲ့ ဦးကျော်ဇံသာတို့ ဆွေးနွေးသုံးသပ်ထားပါတယ်။

Friday, July 19, 2019

ရခိုင်ပြည်နယ်မှာ IDP တွေအပေါ် ကန့်သတ်မှုတွေအ တွက် ကုလအထူးကိုယ်စားလှယ် စိတ်ပျက်

VOA
19 ဇူလိုင်၊ 2019
ဗွီအိုအေ (မြန်မာပိုင်း)
  ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Christine Schraner Burgener 

ရခိုင်ပြည်နယ် မြေပုံမြို့နယ်အတွင်း အိုးအိမ်စွန့်ခွာထွက်ပြေးသူ ၈၀ ရာခိုင်နှုန်းဟာ နိုင်ငံသားတွေ ဖြစ်ပေမဲ့လည်း အဲဒီလူတွေရဲ လွတ်လပ်စွာ လှုပ်ရှားသွားလာခွင့်ကို အလွန်အကျွံကန့်သတ်ထားတဲ့အပေါ်မှာ စိတ် ပျက် မိတယ်လို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Christine Schraner Burgener က ပြောလိုက်ပါတယ်။

Tuesday, July 9, 2019

အာဆီယံ၏ ရခိုင်အရေးချဉ်းကပ်မှု အကျိုးဖြစ်ထွန်း နိူင်မလား

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */