Showing posts with label မှူးဇော်. Show all posts
Showing posts with label မှူးဇော်. Show all posts

Saturday, March 18, 2023

ရိုဟင်ဂျာအရေး ဦးသိန်းစိန်အစိုးရ မီးမွှေးခဲ့သည့် သတင်း ၃ ပုဒ်

ဧရာဝတီ
18 March 2023

ရိုဟင်ဂျာအရေး ဦးသိန်းစိန်အစိုးရ မီးမွှေးခဲ့သည့် သတင်း ၃ ပုဒ်


၂၀၁၂ ခုနှစ်၊ မေလတွင် ရခိုင်တိုင်းရင်းသူအမျိုးသမီးတဦး အဓမ္မပြုကျင့် သတ်ဖြတ်ခံရသည့် ကိစ္စအတွက် လူမှု အသိုက်အဝန်းများအကြား တင်းမာမှုမြင့်မားနေချိန်တွင် ပြန်ကြားရေးဝန်ကြီးဌာနထံမှ နိုင်ငံပိုင် မြန်မာ့အ လင်း သတင်းစာတိုက် သတင်းခန်းသို့ သတင်း သုံးပုဒ်ရောက်လာပြီး မပျက်မကွက် ထည့်သွင်းဖော်ပြရန် အမိန့်လည်း ပါဝင်လာသည်။

ထိုသတင်း သုံးပုဒ်သည် ၂၀၁၂ ခုနှစ်၊ ဇွန်လ ၄ ရက်နေ့ ည ၁၁ နာရီခန့်တွင် ရောက်လာပြီး စာလုံးပေါင်းမှအပ အခြားမည်သည်ကိုမျှ မပြင်ရန် ညွှန်ကြားချက်လည်း ပါလာကြောင်း ထိုစဉ်က မြန်မာ့အလင်းသတင်းစာ အယ်ဒီ တာချုပ် ဦးလှိုင်ဝင်း (ကလောင်အမည် တက္ကသိုလ် မောင်သုလှိုင်) က မကြာသေးမီက ထုတ်ဝေသည့် စာအုပ်ဖြစ် သော “နိုင်ငံပိုင်သတင်းစာများသမိုင်းနှင့် ဆုံရကြုံရ သတင်းစာသမားဘဝ” စာအုပ်တွင် ရေးသားခဲ့သည်။

နောက်တနေ့တွင် မြန်မာ့အလင်းနှင့် အခြားနိုင်ငံပိုင် မြန်မာဘာသာ သတင်းစာဖြစ်သည့် ကြေးမုံတို့သည် ထိုသ တင်း သုံးပုဒ်ကို ပုံနှိပ်ဖော်ပြလိုက်သည်။ သတင်း သုံးပုဒ်မှာ ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်တွင် မသီတာထွေးကို ရိုဟင်ဂျာ အမျိုးသား သုံးဦးက အဓမ္မပြုကျင့် သတ်ဖြတ် လိုက်သည့်သတင်း၊ လက်စားချေသည့်အနေဖြင့် လူအုပ် တအုပ်က မွတ်ဆလင် ၁၀ ဦးကို သတ်ဖြတ်လိုက်သည့် သတင်းနှင့် ထိုသတ်ဖြတ်မှုကို ကန့်ကွက်ပြီး မွတ်ဆ လင် လူအုပ်က ရခိုင်ပြည်နယ်မြို့တော် စစ်တွေမှ ရဲစခန်းတခုကို တိုက်ခိုက်သည့် သတင်းတို့ဖြစ်သည်။ 

၂၀၁၂ ခုနှစ်၊ ဇွန်လ ၅ ရက်နေ့တွင် အစိုးရပိုင် မြန်မာ့အလင်းသတင်းစာက သတင်း နှစ်ပုဒ် ဖော်ပြခဲ့သည်။ တပုဒ်မှာ “သံတွဲမှ ရန်ကုန်သို့ မောင်းနှင်လာသော ရိုးမသစ္စာ ခရီးသည်တင် မှန်လုံယာဉ်ပေါ်မှ မွတ်ဆလင် ကုလား ၁၀ ဦး အသတ်ခံရ” ဟူ၍ ဖြစ်သည်။
 

ဒုတိယ သတင်း၏ ခေါင်းစဉ်မှာ “သံတွဲမှ ရန်ကုန်သို့ မောင်းနှင်လာသော ရိုးမသစ္စာ ခရီးသည်တင်မှန်လုံယာဉ်ပေါ် မှ မွတ်ဆလင် ကုလား ၁၀ ဦး အသတ်ခံရ” ဟုဖြစ်ပြီး ထိုခေါင်းစဉ်သည် ဖြစ်ပွားနေသည့် လူမှုအသိုက်အဝန်းများ အကြား တင်းမာမှု မီးတောက်ပေါ်သို့ လောင်းချလိုက်သည့် လောင်စာဆီပင်ဖြစ်သည်။

ကုလားဆိုသည်မှာ အိန္ဒိယနွယ်ဖွားများကို လူမျိုးရေးချိုးနှိမ်သည့် စကားလုံးဖြစ်ပြီး “မွတ်ဆလင်ကုလားများ” ဆို သည့် စကားစုကို ရွေးချယ်သုံးစွဲသောကြောင့် ဝေဖန်မှုများဖြစ်စေသည်။ ရန်ကုန်ရှိ ဆူးလေဘုရားလမ်းမှ ဗလီတခု ပြင် ပတွင် မွတ်ဆလင်များ စုဝေးပြီး ငြိမ်းချမ်းစွာ ဆန္ဒပြကာ ပြန်လည်တောင်းပန်ရန် ထိုစဉ်က စစ်တပ်လက်ဝေခံ ဦးသိန်းစိန်အစိုးရ ပြန်ကြားရေးဝန်ကြီးဌာနကို တောင်းဆိုသည်။

“ရခိုင်ပြဿနာကို ငြိမ်းချမ်းစွာ ဖြေရှင်းစေလိုတယ်။ လူမျိုးရေး၊ လူမှုရေး အကွဲအပြဲတွေ ကျနော်မမြင်လိုဘူး။ အာ ဏာပိုင်တွေအနေနဲ့ မီးလောင်ရာလေပင့်တဲ့ စကားလုံးတွေ မသုံးသင့်ဘူး” ဟု ကွယ်လွန်သူ သတင်းစာဆရာနှင့် နိုင်ငံရေးအကျဉ်းသားဟောင်း ဟံသာဝတီ ဦးဝင်းတင်က ထိုစဉ်က ပြောကြားခဲ့သည်။

ယင်းအချိန်က ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရဲထွဋ်က ပြန်ကြားရေးဝန်ကြီးဌာနသည် အများပြည်သူ ကန့်ကွက်မှုများ ဖြစ်လာသောကြောင့် ထိုဝေါဟာရ အသုံးအနှုန်းကို ပြန်လည်သုံးသပ်နေကြောင်း အမေရိကန်အသံ (VOA) သို့ ပြောကြားခဲ့သည်။

ပြင်းထန်သောတင်းမာမှုများ ဖြစ်ပြီးနောက် ၂၀၁၂ ခုနှစ်၊ ဇွန်လ ၁၅ ရက်နေ့က ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် မီးလောင်နေသည့် အိမ်များကို ငြှိမ်းသတ်ရန် ကြိုးစားနေသည့် မီးသတ်သမားများ / AFP

ဇွန်လ ၆ ရက်နေ့တွင် နိုင်ငံပိုင်သတင်းစာများသည် အမှားပြင်ဆင်ချက် ထုတ်ပြန်ပြီး အထက်ပါသတင်းခေါင်းစဉ်မှ “မွတ်ဆလင်ကုလား” ဆိုသော စကားလုံးကို “ပြည်တွင်းနေ အစ္စလမ်ဘာသာ ကိုးကွယ်သူ” ဟူသောစကားဖြင့် အ စား ထိုးသည်။ သို့သော် ထိခိုက်နစ်နာမှုများ ဖြစ်ပွားခဲ့ပြီးဖြစ်သည်။

ဇွန်လ ၁၀ ရက်နေ့တွင် ရခိုင်ပြည်နယ်မှ လူမျိုးရေး အကြမ်းဖက်မှု ပြင်းထန်လာသောကြောင့် အစိုးရက အရေး ပေါ်အခြေအနေ ကြေညာသည်။ ရခိုင်ပဋိပက္ခသည် ထို့နောက် ပိုမိုပြင်းထန်လာပြီး နှစ်အနည်းငယ် ကြာသော အ ခါ မွတ်ဆလင် ရိုဟင်ဂျာများကို လူမျိုးတုံးသတ်ဖြတ်မှုဟု ကုလသမဂ္ဂက ခေါ်ရသည့် မြန်မာလုံခြုံရေးတပ်ဖွဲ့များ၏ ဖြိုခွင်းနှိမ်နင်းမှု ဖြစ်လာသည်။

ဦးလှိုင်ဝင်းက “ကုလား” ဆိုသည့် စကားလုံးကို သတင်းစာများတွင် မသုံးရန်နှင့် “မွတ်ဆလင်” ဟု ရေးလျှင် လုံ လောက်ကြောင်း အထက်အရာရှိများကို အကြံပေးခဲ့သည်ဟု သူ၏စာအုပ်တွင် ရေးသားခဲ့သည်။ သို့သော် ထိုစ ကားလုံးကိုပင် သုံးရန် သူ့ကို ညွှန်ကြားခဲ့ကြောင်း ရေးသားခဲ့သည်။ အယ်ဒီတာ တဦးအနေဖြင့် စကားအသုံးအ နှုန်း များကို ပြင်ဆင်ရန်မှာ သူ့တာဝန်ဖြစ်သော်လည်း သူ့အလုပ်သူလုပ်ခွင့် မပေးခဲ့ကြောင်း ဖော်ပြထားသည်။

ညွှန်ကြားချက်မှာ ထိုစဉ်က ဗိုလ်မှူးချုပ်ဟောင်း ကျော်ဆန်း ဦးဆောင်သည့် ပြန်ကြားရေးဝန်ကြီးဌာနမှ လာသော ညွှန်ကြားချက်ဖြစ်သည်။ သူသည် စစ်တက္ကသိုလ် (DSA) အပတ်စဉ် ၁၁ မှဆင်းသူ ဖြစ်သည်။ သူ့လက်အောက်မှ ပြည်သူ့ဆက်ဆံရေးအကြီးအကဲ ဦးရဲထွဋ်သည် DSA အပတ်စဉ် ၂၂ မှဖြစ်ပြီး ၂၀၁၂ ခုနှစ်တွင် ဒုဝန်ကြီးဖြစ် လာ ကာ အစိုးရပြောခွင့်ရသူနှင့် ပြန်ကြားရေးဝန်ကြီးအဖြစ် ရာထူးများတက်လာသည်။

၂၀၁၃ ခုနှစ်က သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ် / ဧရာဝတီ

သို့သော် အစိုးရ၏ မွတ်ဆလင်မုန်းတီးရေးလေသံကို အခြားစစ်အရာရှိတဦးဖြစ်သူ သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေး (ကလောင်အမည် မှူးဇော်) က ချမှတ်ထားပြီးဖြစ်သည်။ သူသည် DSA အပတ်စဉ် ၃၇ မှဆင်းသည့် ဗိုလ်မှူးဟောင်း ဖြစ်သည်။ သူသည် ဖြုတ်ချခံ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရတွင်လည်း ပြောရေး ဆို  ခွင့်ရှိသူအဖြစ် ဆက်လက်ထမ်းဆောင်ပြီး လွန်ခဲ့သောနှစ်က ကွယ်လွန်သည်။ သူသည် အမုန်းတရား လှုံ့ဆော် သည့် စာများကို Facebook တွင် ရေးသားပြီး ရခိုင်ဗုဒ္ဓဘာသာနှင့် မွတ်ဆလင် လူမှုအသိုက်အဝန်းများအကြား အမုန်းတရား လှုံ့ဆော်ခဲ့သည်။

၂၀၁၂ ခုနှစ်တွင် ရခိုင်ဗုဒ္ဓဘာသာများနှင့် ရိုဟင်ဂျာ မွတ်ဆလင်များအကြား လူမှုအသိုက်အဝန်း ပဋိပက္ခ ဖြစ်လာ သောအခါ ဦးဇော်ဌေးက ထိုလူမှုအသိုက်အဝန်း နှစ်ခုကြား တင်းမာမှု မြင့်မားစေသည့် ဓာတ်ပုံများကို Facebook တွင် တင်ခဲ့ပြီး နောင်မှ ပြန်ဖြုတ်ချခဲ့သည်။

ပြန်ကြားရေး ဝန်ကြီးဟောင်း ဦးရဲထွဋ်သည် ရခိုင်ပဋိပက္ခအကြောင်းကို သူ၏စာအုပ်ဖြစ်သည့် “မြန်မာ့နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုနှင့် လက်လွတ်ဆုံးရှုံးခဲ့ရသော အခွင့်အလမ်းများ (၂၀၁၀-၂၀၁၆)” စာအုပ်တွင် ရေးသားခဲ့သည်။ သူသည် ဦးသိန်းစိန်အစိုးရကို ရက်ရက်ရောရော ချီးကျူးရေးသားသော်လည်း သူညွှန်ကြားရေးမှူးချုပ်တာဝန် ထမ်းဆောင်နေစဉ် ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ဝေခဲ့သည့် အထက်တွင်ဖော်ပြခဲ့သော မီးမွေးသည့်သတင်း သုံးပုဒ်အကြောင်း ချန်လှပ်ထားခဲ့သည်။

(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ The Inside Story of Myanmar Govt’s Info War on Rohingya ကို ဘာသာပြန်သည်။)

You may also like these stories:

Link : Here

Monday, March 11, 2019

ရခိုင်ပြည်နယ်အရေးသည် ပြည်ထောင်စုအတွက်ပါ စိုးရိမ်စရာဖြစ်လာကြောင်း ဦးဇော်ဌေးပြော

မြန်မာတိုင်းမ်
မတ်လ ၁၁ ရက်၊ ၂၀၁၉၊ တနင်္လာနေ့ 
ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက မီဒီယာများကိုပြောကြားနေစဉ်။ထူးသန့်/မြန်မာတိုင်းမ်
 
 ရခိုင်ပြည်နယ်အတွင်း အေအေ၏တိုက်ခိုက်မှုကြောင့် ရဲကင်းစခန်းအချို့ကို ပြန်လည်ရုပ်သိမ်း ရသည့်အခြေ အနေမျိုး အထိဖြစ်ပေါ်လျက်ရှိရာ အဆိုပါအခြေအနေသည် ပြည်နယ်အတွက်သာမက ပြည်ထောင်စု အ တွက် ပါ စိုးရိမ်စရာအနေအထား ဖြစ်လာကြောင်း နိုင်ငံတော်သမ္မတရုံး၏ ပြောရေးဆိုခွင့်ရှိသူ ညွှန်ကြားရေး မှူးချုပ် ဦးဇော်ဌေးကပြောသည်။

Saturday, January 19, 2019

ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်တဲ့ကိစ္စ ထင်မြင်ချက် မပေးလိုကြောင်း ဦးဇော်ဌေးပြော

RFA 
လွတ်လပ်တဲ့အာရှအသံ 
2019.01.19
သမ္မတရုံး ပြောခွင့်ရပုဂ္ဂိုလ် ဦးဇော်ဌေး ၂၀၁၉၊ ဇန်နဝါရီ ၇ ရက်နေ့က သတင်းစာရှင်းလင်းစဉ်

နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အကြမ်းဖက်သောင်းကျန်းသူ AA အဖွဲ့ကို ပြတ် ပြတ် သားသား ချေမှုန်းဖို့ပြောဆိုခဲ့ကြောင်း တပ်မတော်က မနေ့က ပြောကြားလိုက်တဲ့အပေါ် အစိုးရ အနေနဲ့ တစ်စုံတစ်ရာ ထင်မြင်ချက် မပေးလိုကြောင်း နိုင်ငံတော် သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြော လိုက်ပါတယ်။

Thursday, January 17, 2019

ရခိုင်အရေး ဦးဇော်ဌေး ပြောကြားချက် တိုင်းရင်း သားတွေ စိတ်ဝမ်းကွဲစေတာကြောင့် ကန့်ကွက်

RFA 
2019.01.17
ရခိုင်တစ်မျိုးသားလုံး ညီညွတ်ရေးကော်မတီ ဖြစ်မြောက်ရေးအဖွဲ့ အစည်းအဝေးကို စစ်တွေမြို့ ANP ပါတီရုံးချုပ်မှာ ဇန်နဝါရီလ ၇ ရက်နေ့ကကျင်းပစဉ်

သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးရဲ့ ပြောကြားချက်တွေဟာ ရခိုင်တစ်မျိုးသားလုံးရဲ့ စိတ်ပိုင်း ဆိုင်ရာ ထိ ခိုက်စေတဲ့အပြင် တိုင်းရင်းသား အချင်းချင်းကြား စိတ်ဝမ်းကွဲပြားမှု ဖြစ်ခဲ့တာကြောင့် ကန့်ကွက်ရှုတ်ချ ကြောင်း ရခိုင်တစ်မျိုးသားလုံး ညီညွတ်ရေးကော်မတီ ဖြစ်မြောက်ရေးအဖွဲ့က ကြေညာချက်ထုတ်ပြန်လိုက် ပါတယ်။ စစ်တွေမြို့ ရခိုင်အမျိုးသားပါတီ ANP ပါတီ ရုံးချုပ်မှာ မနေ့က ပြုလုပ်ခဲ့တဲ့ ရခိုင်တစ်မျိုးသားလုံး ညီ ညွတ်ရေးကော် မတီ ဖြစ်မြောက်ရေးအဖွဲ့ အစည်းအဝေးကနေ ဇန်နဝါရီလ ၇ ရက်နေ့က ကျင်းပခဲ့တဲ့ သမ္မ တရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေး သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တာနဲ့ ပတ်သက်ပြီး ကန့် ကွက် လိုက်တာဖြစ်ပါတယ်။

Tuesday, January 8, 2019

ဦးဇော်ဌေး ပြောကြားချက်တွေကို AA ကန့်ကွက်

RFA
လွတ်လပ်တဲ့အာရှအသံ
January 08, 2019
                                                      ရက္ခိုင့်တပ်မတော် AA ရဲ့ ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၇ ရက်နေ့ ထုတ်ပြန်ချက်ကို တွေ့ရစဉ်
 
  
နိုင်ငံတော်သမ္မတရုံး ညွန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက မနေ့က နေပြည်တော်မှာပြုလုပ်ခဲ့တဲ့ သတင်းစာရှင်း လင်းပွဲ မှာ ရက္ခိုင့်တပ်မတော် AA နဲ့ ပတ်သက်လို့ ပြောဆိုခဲ့တာတွေဟာ အခြေအမြစ်မရှိတဲ့ စွပ်စွဲပြော ဆို ချက်တွေဖြစ်ကြောင်းနဲ့ ဒါတွေကို ကန့်ကွက်ကြောင်း ထုတ်ပြန်ချက်ကို AA က ထုတ်ပြန် လိုက်ပါတယ်။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */