Showing posts with label ပလက်ဝမြို့. Show all posts
Showing posts with label ပလက်ဝမြို့. Show all posts

Saturday, January 11, 2020

ကျောင်းဆရာတစ်ဦးအပါအဝင် ပလက်ဝမှာ အေအေဖမ်း သွားတဲ့ သူ ၃ဦးစလုံး သေဆုံးလျှက် ပြန်တွေ့

B B C
ဘီဘီစီ ၿမန္မာပိုင္း
2020.01.11
သေဆုံးသွားတဲ့ ကျောင်းဆရာ ဦးအောဗေလ

ချင်းပြည်နယ် ပလက်ဝမြို့နယ်အတွင်းက ဆီးဖလောင်းကျေးရွာမှာနေထိုင်တဲ့ ကျောင်းဆရာ ဦးအာဗေလ (၅၅ နှစ်) နဲ့ အခြားရွာက ရွာသား ၂ဦးတို့ကို ရက္ခိုင့်တပ်တော် (အေအေ) က ဇန်နဝါရီ ၇ ရက်နေ့က ဖမ်းခေါ် သွားပြီးနောက် အဆိုပါ ၃ဦးစလုံးကို ဇန်နဝါရီ ၁၀ ရက်နေ့မှာတောထဲကနေ သေဆုံးလျှက် ပြန်လည် တွေ့ရှိ ခဲ့ရတယ်လို့ ခူမီးချင်းမျိုးနွယ်စုများပေါင်းစပ်ညှိနှိုင်းရေးကောင်စီ ပြောခွင့်ရ ဦးစောမြကဘီဘီစီကို ပြောပါ တယ်။

Saturday, November 9, 2019

မင်းတပ်ခရိုင် ပလက်ဝမြို့ နယ်မြေလုံခြုံရေး တဖြည်းဖြည်း စိုးရိမ်လာရသဖြင့် ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ ထုတ်ပြန်

ELEVEN 
9 NOVEMBER 2019
 အောင်သူထွန်း
ချင်းပြည်နယ် မင်းတပ်ခရိုင် ပလက်ဝမြို့ နယ်မြေလုံခြုံရေး တဖြည်းဖြည်း စိုးရိမ်လာရသဖြင့် ညမထွက်ရ အ မိန့် ပုဒ်မ ၁၄၄ ကို နိုဝင်ဘာ ၉ ရက်မနက်ပိုင်းမှ စတင်၍ ထုတ်ပြန်ုလိုက်သည်ဟု ချင်းပြည်နယ်အစိုးရ အဖွဲ့ ၏ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် ပြည်နယ်ဝန်ကြီး ဦးစိုးထက်က ပြောကြားသည်။

Saturday, August 10, 2019

ပလက်ဝမှာ တပ်မတော်နဲ့ AA တိုက်ပွဲတွေကြောင့် ဒေသခံ ၂၅၀ ကျော်ထွက်ပြေးနေရ

RFA
လွတ်လပ်တဲ့ အာရှအသံ 
2019-08-10
ပလက်ဝမြို့အဝင်ဆိုင်းဘုတ်ကို တွေ့ရစဉ်
                                      
ချင်းပြည်နယ် ပလက်ဝမြို့နဲ့ ၁၀ မိုင်ခန့်ဝေးတဲ့ နမ္မတာကျေးရွာမှာ တပ်မတော်နဲ့ AA အဖွဲ့တို့ ပြီးခဲ့တဲ့ ရက် ပိုင်းက တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဒေသခံ ၂၅၀ ကျော် နေရပ်စွန့်ခွာ ထွက်ပြေးနေရကြောင်း ဒုက္ခသည်တွေကို ကူ ညီပေးနေသူတွေက ပြောပါတယ်။

Saturday, July 13, 2019

ပလက်ဝမြို့နယ်မှာ တပ်စွဲထားတဲ့ AA အဖွဲ့ထွက်ခွာ သွားဖို့ တောင်းဆို

RFA
လွတ်လပ်တဲ့ အာရှအသံ
2019-07-13
တိုက်ပွဲတွေရပ်တန့်ပေးရေး နဲ့ AA က ဖမ်းဆီးထားတဲ့ ချင်းတိုင်းရင်းသားတွေကို ပြန်လွှတ်ပေးဖို့ ရန်ကုန် ရောက် ချင်းတိုင်းရင်းသားတွေ ၂၀၁၉၊ ဇူလိုင် ၁၃ ရက်နေ့က လမ်းလျှောက်ဆန္ဒပြ တောင်းဆိုကြစဉ်
ဓါတ်ပုံ - ထက်အာကာ/ RFA 

ချင်းအမျိုးသားတပ်ဦးနဲ့ အစိုးရတို့ အပစ်ရပ်စာချုပ်မှာ သဘောတူထားတဲ့အချက်တွေအရ ချင်းပြည်နယ်ထဲ မှာ AA အဖွဲ့ တပ်စွဲနေတာကြာပြီဖြစ်လို့ ရေရှည်မှာမဖြစ်နိုင်တဲ့အတွက် ချင်းပြည်နယ်ထဲကနေ ထွက်ခွာပေး ဖို့ ချင်း တိုင်းရင်းသား အရပ်ဖက်အဖွဲ့အစည်းတွေက တောင်းဆိုလိုက်ကြပါတယ်။

Monday, May 13, 2019

ကျောက်တော်-ပလက်ဝနဲ့ အမ်းမြို့နယ်မှာ တိုက်ပွဲ တွေ ဆက်တိုက်ဖြစ်နေ

RFA
လွတ်လပ်တဲ့ အာရှအသံ
2019-05-13
ပလက်ဝမြို့ အဝင်ဝကို တွေ့ရစဉ်


 ရခိုင်ပြည်နယ် ကျောက်တော်နဲ့ ချင်းပြည်နယ် ပလက်ဝမြို့ကြားမှာ ဒီနေ့ တနင်္လာမနက်ကစလို့ မြန်မာ့ တပ်မတော်နဲ့ AA ရခိုင့်တပ်မတော်တို့ တိုက်ပွဲတွေဖြစ်နေပြီး နှစ်ဖက် အထိအခိုက် အကျအဆုံး ရှိတယ်လို့ သတင်းရရှိပါတယ်။

Monday, February 4, 2019

ဒုက္ခသည် ၂၄ ဦးကို ဖမ်းဆီးအမှုဖွင့်

RFA
2019.02.04
ကျောက်တော်မြို့ အဝင်ကို တွေ့ရစဉ်

ရက္ခိုင့်တပ်မတော် AA နဲ့ အစိုးရတပ်မတော်တို့ကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် ရှင်းလက်ဝကျေးရွာကနေ ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့ကို ထွက်ပြေး တိမ်းရှောင် လာသူ ၂၄ ဦး အပါအဝင် သူတို့ကို တည်းခိုခွင့်ပြုခဲ့သူ ကျောက်တော်ဒေသခံ ၂ ဦး ကို ဒီနေ့ မနက်ပိုင်းက ကျောက်တော်မြို့နယ် ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပါတယ်။

စစ်ပြေးဒုက္ခသည်တချို့ ကျောက်တော်မှာ ဖမ်းဆီး ခံရ

VOA
February 04, 2019
 စစ်ပြေးဒုက္ခသည်များ (photo-Rakhine Ethnics Congress)
 
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ဘက်က ရွာသားတွေဟာ သူတို့ဒေသမှာ စစ်ရေးတင်းမာနေတဲ့ အခြေအနေ ကြောင့် ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့ကို စစ်ဘေးတိမ်းရှောင်ရာကနေ အခုတော့ ရက္ခိုင့်တပ်မတော် AA နဲ့ ဆက်သွယ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးခံထားရတယ်လို့ နယ်မြေခံ လွှတ်တော်ကိုယ်စားလှယ်တွေက ပြောပါတယ်။ အဲဒီ ရှင်းလက်ဝရွာသား လူငယ် တွေအနေနဲ့ စစ်ရေးပဋိပက္ခအတွင်း ဖမ်းဆီးခံရမှာကြောက် လို့ နေရပ်ကနေတိမ်းရှောင်လာကြတာလို့ မြို့ခံတွေကပြောပါတယ်။ စစ်ရေးပဋိပက္ခဖြစ်နေတဲ့ ရခိုင်ပြည် နယ် တွင်း နောက်ဆုံးအခြေအနေ
တွေကို ဗွီအိုအေ ထိုင်းအခြေစိုက်သတင်းထောက် နိုင်ကွန်းအိန်က သတင်းပေးပို့ထားပါတယ်။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */