" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label ဒဂုံမြို့သစ်တောင်ပိုင်း. Show all posts
Showing posts with label ဒဂုံမြို့သစ်တောင်ပိုင်း. Show all posts

Friday, May 17, 2019

ဘာသာရေးကို အသုံးချတဲ့ ပုဂ္ဂိုလ်မှန်သမျှကို ထိထိ ရောက်ရောက်လုပ်ဆောင်ဖို့ မေတ္တာရပ်ခံ

DVB
Published on May 17, 2019


တစ်စုံတစ်ရာအကျိုးအမြတ်အတွက် ဘာသာရေးကို အသုံးချပြီးစနစ်တစ်ကျဆောင်ရွက်နေတဲ့ ပုဂ္ဂိုလ်မှန် သမျှကို ဘာသာဝင်တွေ အနေနဲ့လက်ပိုက်ကြည့်မနေဘဲ အစိုးရနဲ့ပူးပေါင်းပြီး ထိထိရောက်ရောက် လုပ် ဆောင် သွားဖို့ မေတ္တာရပ်ခံကြောင်းအာရှအ လင်းရောင်ဆရာတော်ကမိန့်ပါတယ်။ ဒီသတင်းကိုအောင်သူပေးပို့ထားပါတယ်။
------------- -
လင့်၊https://www.youtube.com/watch?v=OP0di0OGJtg&feature=share

Thursday, May 16, 2019

ဒဂုံမြို့သစ် ရပ်ကွက်တခုမှာ မွတ်စလင်တွေဝတ်ပြုခွင့် ပိတ်ပင်ခံရ

RFA
လွတ်လပ်တဲ့ အာရှအသံ
2019-05-15
ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ် ၁၀၆ ရပ်ကွက်က ပိတ်ထားတဲ့ အစ္စလာမ်ဝတ်ပြုဆောင်အတွင်းကို ၂၀၁၉ မေ ၁၆ ရက်နေ့ကတွေ့ရစဉ်
Photo: Kyaw Zaw Win/RFA 

ရန်ကုန်တိုင်း ဒဂုံမြို့သစ်တောင်ပိုင်း၊ အမှတ်၂၆ ရပ်ကွက်မှာ အစ္စလမ်ဘာသာဝင်တွေကို ဥပုသ်လအတွင်း ဝတ်ပြုဖို့ အတွက် ရန်ကုန်တိုင်းအစိုးရ ခွင့်ပြုထားတဲ့ နေရာတခုကို မနေ့ညပိုင်းမှာ အမျိုးသားရေးညီအစ် ကိုမောင်နှမများဆိုတဲ့ လူအုပ်စုတစုက လာရောက် တားမြစ်ခဲ့ပြီးနောက် သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေး မှူးက ပိတ်ပင်လိုက်တယ်လို့ သတင်းရရှိပါတယ်။

အစိုးရခွင့်ပြုချက်ရ ဗလီကို ပိတ်ပေးဖို့ အမျိုးသားရေး လူတစု တောင်းဆို

RFA 
လွတ်လပ်တဲ့ အာရှအသံ 
2019-05-15
ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ် ၁၀၆ ရပ်ကွက်က ပိတ်ထားတဲ့ အစ္စလာမ်ဝတ်ပြုဆောင်အတွင်းက ခြေလက်ဆေးတဲ့နေရာကို ၂၀၁၉ မေ ၁၆ ရက်နေ့က ဖျက်ပေးနေစဉ်


အစ္စလာမ်ဘာသာဝင်တွေရဲ့ ဥပုသ်လအတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရက ဝတ်ပြုခွင့်ပြုထားသော ဒဂုံမြို့သစ်တောင်ပိုင်း ၂၆ ရပ်ကွက်က ဝတ်ပြု အဆောက်အအုံတစ်ခုကို မေလ ၁၄ ရက်နေ့ညက လူ ရာဂ ဏန်းလောက်က ပိတ်ပင်ဖို့ ဝိုင်းဝန်းခဲ့ကြပါတယ်။

နောက်ဆုံးအခြေအနေတွေကို RFA ဝိုင်းတော်သား ဦးသစ်ဆင်းက တင်ပြထားပါတယ်။

 
--
လင့်၊https://www.rfa.org/burmese/program_2/muslim-mosque-05152019170541.html

ဝတ်ပြုဆောင်တွေ ပိတ်ပေးဖို့ ဖိအားပေးတောင်းဆို တဲ့ကိစ္စ အရေးယူထားတာမရှိကြောင်း မြို့မစခန်းမှူး ပြော

RFA
လွတ်လပ်တဲ့ အာရှအသံ
2019-05-16
ပိတ်ထားတဲ့ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ် ၁၀၆ ရပ်ကွက်က အစ္စလာမ်ဝတ်ပြုဆောင်ကို ၂၀၁၉ မေ ၁၆ ရက်နေ့ကတွေ့ရစဉ်
Photo: Kyaw Zaw Win/RFA

ရန်ကုန်တိုင်း ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်အတွင်း အစ္စလာမ်ဘာသာဝင်တွေရဲ့ ၀တ်ပြုဆောင် ၃ခုကို ပိတ် ပေးဖို့ မနေ့ညက အုပ်စုဝိုင်းဖွဲ့ပြီး ခြိမ်းခြောက်ဖိအားပေး တောင်းဆိုခဲ့တဲ့ဖြစ်ရပ်နဲ့ ပတ်သက်လို့ ဦးဆောင်ပါ ၀င်ခဲ့သူတွေ ထဲက တစ်စုံတစ်ယောက်ကို အရေးယူထားတာမရှိကြောင်း တောင်ဒဂုံမြို့နယ် မြို့မစခန်းမှူး ဦးစိုးဝင်းက RFA ကို ဒီနေ့ ပြောပါတယ်။

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */