" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label ဿတင်း. Show all posts
Showing posts with label ဿတင်း. Show all posts

Tuesday, December 19, 2023

အာချေးမှာ ခိုလှုံနေတဲ့ ရိုဟင်ဂျာတွေ ဆန္ဒပြခံရ

BBC
၁၉ ဒီဇင်ဘာ ၂၀၂၃

အင်ဒိုနီးရှားနိုင်ငံ၊ အာချေးပြည်နယ်က ဆာဘန်ကျွန်းမှာ ခိုလှုံနေတဲ့ရိုဟင်ဂျာတွေနဲ့ သူတို့ကို အကူအညီပေး နေ တဲ့အဖွဲ့အစည်းတွေကို ရာနဲ့ချီတဲ့အင်ဒိုနီးရှားဒေသခံတွေက ဒီဇင်ဘာလ ၁၉ ရက်မှာ ဆန္ဒပြခဲ့ကြပါတယ်။

ဒေသန္တရအာဏာပိုင်တွေနဲ့ ဒေသခံတွေကတော့ ပြီးခဲ့တဲ့လအတွင်း လူပေါင်း တစ်ထောင်ကျော်အထိဖြစ်လာတဲ့ ရိုဟင်ဂျာတွေရောက်လာတာကို လက်မခံတော့ဘဲ ပင်လယ်ထဲကို ပြန်လွှတ်ဖို့အထိ ဖိအားပေးမှုတွေရှိနေပါတယ်

Wednesday, March 15, 2023

ရခိုင်တွင် ရိုဟင်ဂျာများ နိုင်ငံသားကတ်အတွက် သိန်းရာ ဂဏန်းအထိ ပေးနေကြရ

Myanmar Pressphoto Agency
by MPA
Mar 15, 2023
ရခိုင်ဒေသ, သတင်း

ရခိုင်တွင် ရိုဟင်ဂျာများ နိုင်ငံသားကတ်အတွက် သိန်းရာဂဏန်းအထိ ပေးနေကြရ


ရခိုင်ရှိ ရိုဟင်ဂျာအချို့သည် နိုင်ငံသားစိစစ်ရေးကတ်နှင့် နိုင်ငံသားပြုခွင့်ရ စိစစ်ရေးကတ်များ ရရှိရေးအတွက် စစ်ကောင်စီဝန်ထမ်းများကို သိန်းရာဂဏန်းအထိ ပေးနေကြရကြောင်း ရိုဟင်ဂျာများက အတည်ပြုပြော ကြား သည်။

အဆိုပါ ကတ်များ လျှောက်ထားရာတွင် ရပ်ကျေးစာရေး၊ ရပ်ကျေးအုပ်ချုပ်ရေးမှူး၊ မြို့နယ်အထွေထွေ အုပ်ချုပ် ရေး ဌာန၊ ရဲတပ်ဖွဲ့နှင့် လဝကတို့ကို အဆင့်ဆင့်ပေးနေကြရပြီး အနည်းဆုံး သိန်းငါးဆယ်မှ သိန်းတစ်ရာဝန်း ကျင် အထိ ပေးနေကြရသည်ဟု ဆိုကြသည်။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */