" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label နေဆန်းလွင်. Show all posts
Showing posts with label နေဆန်းလွင်. Show all posts

Thursday, December 16, 2021

ရခိုင်မှာ ရိုဟင်ဂျာ ၁၀၀ ကျော် ထောင်ဒဏ် ငါးနှစ်စီ ချမှတ် ခံရ

RFA
လွတ်လပ်တဲ့အာရှအသံ
2021-12-16
စစ်တွေမြို့အနောက်မြောက်ဘက်မှာ ရိုဟင်ဂျာ လှေတစ်စီးကို စစ်တပ်က ဖမ်းဆီးရမိကြောင်း ၂၀၂၁ နိုဝင်ဘာ ၂၉ ရက်နေ့က တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဝက်ဘ်ဆိုဒ်မှာ ဖော်ပြထားစဉ်ဓါတ်ပုံ - တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ 
 

ဘင်္ဂလားဒေ့ရှ်နိုင်ငံကနေ မလေးရှားနိုင်ငံကို လှေနဲ့ထွက်ခွာစဉ် ရခိုင်ပြည်နယ်မှာ ဖမ်းဆီးခံခဲ့ရတဲ့ ရိုဟင်ဂျာ ၁၉၀ ကျော်ထဲက ၁၀၉ ဦးကို ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၄ ရက်နေ့က မောင်တောမြို့နယ် တရားရုံးကနေ အလုပ် ကြမ်းနဲ့ ထောင်ဒဏ် ငါးနှစ်စီချမှတ်ပြီး ဘူးသီးတောင်အကျဉ်းထောင်ကို ပို့ဆောင်လိုက်တယ်လို့ အကျိုးဆောင် ရှေ့နေက RFA ကို ဒီနေ့ပြောပါတယ်။

ကျန်တဲ့ လူ ၉၀ ကတော့ အသက် ၁၈ နှစ် မပြည့်သေးတာကြောင့် တရားရုံးကနေ သတိပေးပြီး ပြန်လွှတ်ပေး လိုက်တယ်လို့ ဆိုပါတယ်။

Wednesday, March 17, 2021

ဆန္ဒပြသူတွေကို နှိမ်နင်းပုံနဲ့ ရိုဟင်ဂျာတွေကို နှိမ်နင်းပုံ အတူတူပဲလို့ လေ့လာသူပြော

လွတ်လပ်တဲ့အာရှအသံ ( RFA )

မြန်မာဌာန | သတင်းများ
ရဲခေါင်မြင့်မောင်(ဝါရှင်တန်ဒီစီ)
2021-03-17

ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ်မှာ စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေက ဆန္ဒပြ ပြည်သူတွေကို အင်အား သုံးနှိမ် နှင်းနေတဲ့ အခြေအနေတွေဟာ ၂၀၁၇ ခုနှစ်က ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ရိုဟင်ဂျာတွေကို နယ်မြေရှင်း လင်းရေး လုပ်ပြီး နှိမ်နှင်းခဲ့သလို ပြင်းထန် လုပ်ရပ်ဖြစ်တယ်လို့ ပြည်ပက လေ့လာစောင့်ကြည့်သူ တစ်ဦးက ပြောပါတယ်။

မြန်မာနိုင်ငံမှာ လူဦးရေအများဆုံး မြို့နယ်ဖြစ်တဲ့ လှိုင်ယာယာမှာ လူဦးရေ ၇သိန်းကျော်ရှိပြီး၊ အများစုဟာ ရွှေ့ပြောင်းလုပ်သားတွေနဲ့ ဝင်ငွေနည်း အလုပ်သမားတွေ ဖြစ်ပါတယ်။

Saturday, October 10, 2020

မြန်မာ-ဘင်္ဂလားဒေ့ရှ် အပြန်အလှန် တပ်ဖြန့်

လွတ်လပ်တဲ့အာရှအသံ ( RFA )

မြန်မာဌာန | သတင်းများ
2020-10-09
ရခိုင်ပြည်နယ်မှာ ကင်းလှည့်နေတဲ့ တပ်မတော်သားတချို့ကို တွေ့ရစဉ်
Photo: AFP

မြန်မာ့တပ်မတော်က စစ်သည်အင်အား ၂၅၀၀ ကျော်ကို မောင်တောနယ်စပ်မှာ တပ်ဖြန့်ချထားတဲ့အကြောင်း ဘင်္ဂလာသတင်းစာတွေက စက်တင်ဘာ ၁၄ ရက်နေ့မှာ ဖော်ပြခဲ့ကြပါတယ်။ တစ်ပတ်ကျော်အကြာမှာ ဘင်္ဂ လားဒေ့ရှ်ကလည်း တန်ပြန် တပ်ဖြန့်ချထားပါတယ်။ မြန်မာက ကြိုတင်အသိမပေးဘဲ တပ်ဖြန့်ချတဲ့ကိစ္စကို ဘင်္ဂလားဒေ့ရှ်အစိုးရက ကုလသမဂ္ဂလုံခြုံရေးကောင်စီဥက္ကဋ္ဌအထိ တိုင်ကြားထားပါတယ်။

ရခိုင်မြောက်ပိုင်းမှာ တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် AA တို့တိုက်ပွဲဖြစ်ပွားနေတာ ၂၀၁၈ နှစ်ကုန်ကတည်းက ဆိုပေမယ့် မောင်တောမှာ တိုက်ပွဲမဖြစ်သလောက်နည်းပါတယ်။ ဒီလိုနေရာကို တပ်မတော်က အင်အား အလုံးအရင်းချတာ ဘာကြောင့်ပါလဲ။

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */