" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label စခန်းမီးရှိ့. Show all posts
Showing posts with label စခန်းမီးရှိ့. Show all posts

Friday, January 20, 2023

ရိုဟင်ဂျာနှစ်ဖွဲ့တိုက်ပွဲကြောင့် ဒုက္ခသည် စခန်းမီးရှို့ခံရပြီး အနည်းဆုံး ၁၀ ဦးသေဆုံးတယ်လို့ဆို

B B C

ဘီဘီစီမြန်မာပိုင်း

၁၉ ဇန်နဝါရီ ၂၀၂၃

ဒုက္ခသည်စခန်းက နေအိမ် ၅၀၀ လောက် မီးထဲပါသွား

ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့တွေအကြား မနေ့က ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေအတွင်း မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ် စပ်မှာရှိတဲ့ ဒုက္ခသည်စခန်းမီးရှို့ခံလိုက်ရတာကြောင့် အဲဒီမှာနေတဲ့ ရိုဟင်ဂျာ ၃၅၀၀ လောက်ဟာ မြန်မာဘက်မှာ ဝင်ရောက်ခိုလှုံလာကြပါတယ်။

လူပေါင်း ၅၀၀၀ နီးပါးခိုလှုံနေကြတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ခြမ်းမှာရှိတဲ့ တောင်ပြိုလက်ယာစခန်းမှာ ဇန်နဝါရီ ၁၈ ရက် မနေ့က မနက်ပိုင်းက စပြီး ရိုဟင်ဂျာအဖွဲ့နှစ်ဖွဲ့ဖြစ်တဲ့ (Arakan Rohingya Salvation Army)နဲ့ RSO (Rohingya Solidarity Organisation) တို့ တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ခဲ့ကြပြီး မနေ့ကညနေပိုင်းမှာ ဒုက္ခ သည်စခန်း မီးရှို့ခံလိုက်ရတာပါ။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */