BBC
၁၃ နိုဝင်ဘာ ၂၀၂၃,
ဗြိတိန်မှာ နိုင်ငံခြားရေးဝန်ကြီးသစ်အဖြစ် အရင်ဝန်ကြီးချုပ်ဟောင်း ဒေးဗစ် ကင်မရွန်း ဖြစ်လာပါ တယ်။
ဝန်ကြီးချုပ် ရီရှီဆူးနက်က ပြည်ထဲရေးနဲ့ နိုင်ငံခြားရေးဝန်ကြီးနေရာတွေအပြောင်းအလဲ လုပ်ရာမှာ ရှေ့တန်းနိုင်ငံရေးကနေ ပျောက်ကွယ်နေတဲ့ မစ္စတာ ကင်မရွန်းပါဝင်လာတာ ဖြစ်ပါတယ်။
လက်ရှိနိုင်ငံခြားရေးဝန်ကြီး ဂျိမ်းစ် ကလယ်ဗာလီကတော့ ရာထူးကဖယ်ရှားခံရတဲ့ ပြည်ထဲရေးဝန်ကြီး ဆွယ်လာ ဘရော့ဗာမန်းနေရာကို ရောက်သွားပါတယ်။