" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်. Show all posts
Showing posts with label ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်. Show all posts

Sunday, November 14, 2021

ရိုဟင်ဂျာအရေးကို ကမ္ဘာ့ခေါင်းဆောင်တွေ လေးလေးနက် နက် ကိုင်တွယ်သင့်ပြီလို့ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်ပြော

B B C

ဘီဘီစီမြန်မာပိုင်း

13 နိုဝင်ဘာ 2021

မြန်မာနိုင်ငံကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးလာတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ နေရပ်ပြန်ပို့ရေးကိစ္စကို ကမ္ဘာ့ခေါင်းဆောင်တွေက လေးလေးနက်နက် ကိုင်တွယ် လုပ်ဆောင်သင့်ပြီလို့ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ခ် ဟာစီနာက ပြောကြားလိုက်ပါတယ်။

နိုဝင်ဘာလ ၁၁ ရက်နေ့ကနေ ၁၃ ရက်နေ့အထိ ပြင်သစ်မြို့တော် ပါရီမှာ ကျင်းပနေတဲ့ ပါရီငြိမ်းချမ်းရေး ဆွေးနွေးပွဲ အဖွင့်မိန့်ခွန်းမှာ မစ္စ ဟာစီနာက အခုလို ပြောကြားခဲ့တာ ဖြစ်ပါတယ်။

Saturday, September 25, 2021

ရိုဟင်ဂျာအရေး မြန်မာဘက်က ဖြေရှင်းမှ ပြေလည်မယ်လို့ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်ပြော

RFA
လွတ်လပ်တဲ့အာရှအသံ
2021-09-24

စက်တင်ဘာ ၂၄ ရက် ကုလသမဂ္ဂအထွေထွေညီလာခံအစည်းအဝေးမှာ မိန့်ခွန်း ပြောကြားနေတဲ့ ဘင်္ဂလား ဒေ့ရှ် ဝန်ကြီးချုပ် ရှိတ်ဟာဆီနာPhoto: Reuters


ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက် ရိုဟင်ဂျာ ဒုက္ခသည်တွေရဲ့ အကြပ်အတည်းဟာ မြန်မာနိုင်ငံက ဖန်တီးခဲ့တာဖြစ်တဲ့ အတွက် ဖြေရှင်းဖို့အတွက်လည်း မြန်မာနိုင်ငံဘက်က လုပ်ပေးမှ ဖြစ်နိုင်မယ်လို့ ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် ရှိတ်ဟာဆီနာက ပြောလိုက်ပါတယ်။

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */