" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label ကုလလုံခြုံရေးကောင်စီ. Show all posts
Showing posts with label ကုလလုံခြုံရေးကောင်စီ. Show all posts

Saturday, April 13, 2024

မြန်မာ့ပြဿနာကို ဘက်စုံ ချဉ်းကပ်ကိုင်တွယ်ဖို့ လုံခြုံရေးကောင်စီမှာ အမေရိကန်တောင်းဆို

VOA
၁၃ ဧပြီ၊ ၂၀၂၄ 

မြန်မာ့ပြဿနာကို ဘက်စုံ ချဉ်းကပ်ကိုင်တွယ်ဖို့ လုံခြုံရေးကောင်စီမှာ အမေရိကန်တောင်းဆို မြန်မာနိုင်ငံတွင်း အခြေအနေဟာ နိုင်ငံတကာလုံခြုံရေးကို ခြိမ်းခြောက်လာနေပြီး အထူးသဖြင့် အင်ဒိုပစိဖိတ် ဒေသတွင်း နိုင်ငံတွေ အတွက် ဖြစ်တယ်လို့ ကုလသမဂ္ဂ နိုင်ငံရေးရာဆိုင်ရာ အမေရိကန် အထူး သံအမတ်ကြီး Robert Wood ကပြောပါတယ်။

Link : Here

Friday, April 5, 2024

မြန်မာ့အရေး လုံခြုံရေးကောင်စီ ဆွေးနွေး

VOA
ဗွီအိုအေ (မြန်မာဌာန)
၀၄ ဧပြီ၊ ၂၀၂၄ 

ကုလသမဂ္ဂလုံခြုံရေးကောင်စီအစည်းအဝေးတခု 
 

မြန်မာနိုင်ငံမှာ လက်ရှိဖြစ်နေတဲ့ အခြေအနေတွေနဲ့ပတ်သက်လို့ နယူးယောက်မြို့က ကုလသမဂ္ဂလုံခြုံရေးကောင် စီမှာ ဆွေးနွေးနေကြပါတယ်။ မြန်မာ့အရေးနဲ့ပတ်သက်လို့ လုံခြုံရေးကောင်စီမှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ပထမဆုံးအကြိမ် တံခါးဖွင့်ဆွေးနွေးနေတာဖြစ်ပါတယ်။ ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေပြန်ဖြစ်နေတဲ့အတွက် အရပ်သားတွေ ထိခိုက်နေတဲ့ ကိစ္စ၊ ရိုဟင်ဂျာတွေ ဖိနှိပ်ခံနေရတဲ့ကိစ္စတွေကို ဆွေးနွေးခဲ့ကြပါတယ်။

မြန်မာ့အရေးလုံခြုံရေးကောင်စီဆွေးနွေးပွဲအပေါ် အမြင်သုံးသပ်ချက်

VOA
ငြိမ်းချမ်းအေး
၀၅ ဧပြီ၊ ၂၀၂၄ 

လုံခြုံရေးကောင်စီတံခါးဖွင့်ဆွေးနွေးပွဲမှာ ရိုဟင်ဂျာပြဿနာကို ဦးတည် ဆွေးနွေးတာမျိုးက စစ်အာဏာရှင်တော်လှန်ရေးမှာလူမျိုးရေးကို ဦးတည်သလား၊ လူသားအားလုံးအရေးလုပ်တာလား ဆိုတာကို စမ်းသပ်ချက် ဖြစ်တယ်လို့အမေရိကန်အခြေစိုက် မြန်မာနိုင်ငံရေးသိပ္ပံပညာရှင်ကသုံးသပ်ပါတယ်။ ကိုငြိမ်းချမ်းအေးက ဆက်သွယ်မေး မြန်းထားပါတယ်။

Link : Here

Thursday, November 16, 2023

ဂါဇာစစ်ပွဲ ခေတ္တရပ်နားထားရန် ကုလလုံခြုံရေးကောင်စီ ဆုံးဖြတ်

DVB
November 16, 2023

ကုလသမဂ္ဂ လုံခြုံရေးကောင်စီဟာ ဂါဇာဒေသမှာ အကူအညီတွေ ပေးပို့ရရှိနိုင်အောင် လူသားချင်း စာနာမှုအနေနဲ့ စစ်ပွဲတွေကို ရက်အလုံအလောက် ခေတ္တခဏ ရပ်နားပေးဖို့နဲ့ စင်္ကြံတွေကနေ ဘေး ကင်းကင်း ဖြတ်သန်းနိုင်အောင် အရေးပေါ် သက်တမ်းတိုးပေးဖို့ ဆုံးဖြတ်ချက်တရပ်ကို နိုဝင်ဘာ ၁၅ ရက်က ချမှတ်ခဲ့ပါတယ်။

Wednesday, August 2, 2023

ကုလလုံခြုံရေးကောင်စီအလှည့်ကျဥက္ကဋ္ဌ ရိုဟင်ဂျာအရေး အပါ လူ့အခွင့်အရေးဦးစားပေးမည်

VOA
ဗွီအိုအေ (မြန်မာဌာန)
၀၂ ဩဂုတ်၊ ၂၀၂၃ 

ကုလဆိုင်ရာ အမေရိကန်သံအမတ်ကြီး လင်ဒါ သောမတ်စ်-ဂရင်းဖီးလ် (Linda Thomas-Greenfield)
 

အခု သြဂုတ်လအတွက် ကုလသမဂ္ဂလုံခြုံရေးကောင်စီ အလှည့်ကျဥက္ကဋ္ဌတာဝန်ကို အမေရိကန်နိုင်ငံကဆောင် ရွက် မှာဖြစ်ပြီး ဒီကာလအတွင်း မြန်မာနိုင်ငံက ရိုဟင်ဂျာအရေးနဲ့ လူ့အခွင့်အရေးအခြေအနေတွေအပါအဝင် နိုင် ငံ တကာက အခွင့်အရေး ချိုးဖောက်ခံရမှုတွေကို အလေးပေးဆောင်ရွက်သွားမယ်လို့ ကုလဆိုင်ရာ အမေရိကန် သံအမတ်ကြီး လင်ဒါ သောမတ်စ်-ဂရင်းဖီးလ် (Linda Thomas-Greenfield) က အင်္ဂါနေ့မှာကျင်းပတဲ့ သတင်း စာရှင်းလင်းပွဲမှာ ပြောလိုက်ပါတယ်။

Friday, March 5, 2021

R2P မူအရ မြန်မာပြည်သူတွေကို အကာအကွယ်ပေးဖို့ လုံခြုံရေးကောင်စီကို ဒေါက်တာဆာဆာ ပန်ကြား

RADIO FREE ASIA
2021-03-04

ဒေါက်တာဆာဆာ Photo - Dr SaSa FB

မြန်မာပြည်သူတွေ နောက်ထပ် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဆက်မခံရအောင် “Responsibility to Protect (R2P)” လို့ခေါ်တဲ့ အပြစ်မဲ့ပြည်သူတွေကို အကာအကွယ်ပေးရေးမူအတိုင်း လိုက်နာဆောင်ရွက်ဖို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီကို မြန်မာ အထူးကိုယ်စားလှယ်က မတ်လ ၄ ရက် ဒီနေ့ တောင်းဆိုလိုက်ပါ တယ်။

Wednesday, February 3, 2021

အာဏာသိမ်းအစိုးရကို အချိန်ပိုပေးရန် တရုတ်နှင့် ရုရှားက ကုလလုံခြုံရေးကောင်စီတွင် တောင်းဆို

M-Media
ေဖေဖာ္ဝါရီ ၃၊ ၂၀၂၁

 မြန်မာနိုင်ငံက လတ်တလော စစ်အာဏာသိမ်းမှုနဲ့ပတ်သက်ပြီး ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ မနေ့က အရေးပေါ်အစည်းအဝေး ကျင်းပခဲ့ကြပေမယ့် တရုတ်နဲ့ ရုရှားတို့ရဲ့ ကန့်ကွက်မှုကြောင့် ကြေငြာချက် မထုတ်နိုင် ခဲ့ပါဘူး။

အဖွဲ့ဝင် ၁၅ နိုင်ငံပါဝင်တဲ့ ဒီအစည်းအဝေးကို အွန်လိုင်းကနေ ကျင်းပခဲ့ကြတာဖြစ်ပြီး စစ်အာဏာသိမ်းမှုကို ရှုတ်ချဖို့၊ ဒီမိုကရေစီကို အပြည့်အဝထောက်ခံကြောင်း ကြေငြာချက်တစ်စောင်ကို ယူကေက တင်သွင်းခဲ့ပါ တယ်။

ကုလလုံခြုံရေးကောင်စီ အစည်းအ‌ဝေး၌ မြန်မာအာဏာ သိမ်းမှုနှင့်ပတ်သက်ပြီး ကြေညာချက် မထုတ်နိုင်ခဲ့

မဇ္ဈိမ

Photo - AFP
ဖေဖော်ဝါရီ ၃
ကုလသမဂ္ဂ လုံခြုံရေးကောင်စီသည် မြန်မာ့အရေးနှင့်ပတ်သက်ပြီး အရေးပေါ် အစည်းအ‌ဝေးတစ်ရပ်ကို ဖေဖော်ဝါရီ ၂ ရက်တွင် ကျင်းပခဲ့သော်လည်း မြန်မာပြည်စစ်အာဏာသိမ်းမှုနှင့်ပတ်သက်ပြီး ကြေညာချက်တစ်စောင် ထုတ်ပြန်ရန် သဘောတူညီမှု မရရှိခဲ့ပေ။ ဆွေးနွေးမှုများ ဆက်လုပ်သွားမည်ဖြစ်ကြောင်း သံတမန်များက ပြောသည်။

“တရုတ်နဲ့ ရုရှားက အချိန်ပိုယူဖို့ လိုတယ်လို့ တောင်းခံခဲ့ပါတယ်” ဟု သံတမန်တစ်ဦးက အချိန်နှစ်နာရီကျော်မျှ ကြာမြင့်ခဲ့သည့် နယူး‌ယော့ခ်တွင် ကျင်းပသည့် တံခါးပိတ် အစည်းအ‌ဝေးအပြီး အေအက်ဖ်ပီကို ပြောသည်။

Saturday, September 12, 2020

ရခိုင်နဲ့ ချင်းမှာ တိုက်ပွဲတွေရပ်ဖို့ လုံခြုံရေးကောင်စီ အဖွဲ့ဝင် အများစု တောင်းဆို

VOA
ဗွီအိုအေ (မြန်မာပိုင်း)
12 စက်တင်ဘာ၊ 2020 
ရခိုင်ပြည်နယ်တွင်း တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်လာကြတဲ့ ဒေသခံရွာသားများ။ (ဇွန် ၂၉၊ ၂၀၂၀)

တပ်မတော်နဲ့ ရခိုင်လက်နက်ကိုင်အဖွဲ့ (AA) တို့အကြား တိုက်ခိုက်နေကြတာကို ချက်ချင်းရပ်ဆိုင်းဖို့ ကုလ သမဂ္ဂ လုံခြုံရေးကောင်စီအဖွဲ့ဝင် အများစုက တောင်းဆိုလိုက်ကြပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးသံတမန် Christine Schraner Burgener၊ လူ့အခွင့်အရေးဆိုင်ရာ ကုလ သမဂ္ဂ မဟာမင်းကြီး Filippo Grandi၊ ကုလသမဂ္ဂ ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ် (UNDP) ရဲ့ အာရှနဲ့ ပစိဖိတ ဒေ သ ဆိုင်ရာ လက်ထောက်အတွင်းရေးမှူးချုပ် Kanni Wignaraja တို့ စက်တင်ဘာလ ၁၁ ရက်နေ့က လုံခြုံရေးကောင်စီမှာ မြန်မာ့အရေး တင်ပြပြောဆိုခဲ့ကြပြီးတဲ့နောက် အခုလို တောင်းဆိုလိုက်တာပါ။

Saturday, July 18, 2020

ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု လုံခြုံရေး ကောင်စီစကားဝိုင်းမှာ ဆွေးနွေး

လွတ်လပ်တဲ့အာရှအသံ ( RFA )
မြန်မာဌာန | သတင်းများ
ရဲခေါင်မြင့်မောင်
2020-07-17
ၿမန်မာနိုင်ငံအပါအဝင် ကမ္ဘာတဝှမ်းက ပဋိပက္ခတွေအတွင်းမှာ အမျိုးသမီးတွေနဲ့ ကလေးငယ်တွေအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရတဲ့ ဖြစ်ရပ်တွေအတွက် ကျူးလွန်သူတွေကို အပြစ်ပေး အရးယူမှုမရှိဘဲ ဖြစ် နေတဲ့အကြောင်း ကုလသမဂ္ဂအထူးသံတမန် အိန်ဂျလီနာဂျိုလီက မနေ့က ကျင်းပတဲ့ ကုလသမဂ္ဂလုံခြုံရေး ကောင်စီက ကြီးမှူးကျင်းပတဲ့ စကားဝိုင်းဆွေးနွေးပွဲမှာ ပြောလိုက်ပါတယ်။

ပဋိပက္ခအတွင်း အကြမ်းဖက်မှုပပျောက်ရေး လုံခြုံရေး ကောင်စီဆွေးနွေးပွဲမှာ မြန်မာ့အရေးပါဝင်

VOA 
ဗွီအိုအေ (မြန်မာဌာန)
ကိုဉာဏ်ဝင်းအောင်
18 ဇူလိုင်၊ 2020
လုံခြုံရေးကောင်စီ တံခါးဖွင့် ဆွေးနွေးပွဲ (ဇူလိုင်လ ၁၇ ရက် ၂၀၂၀)

မြန်မာနိုင်ငံမှာရော နိုင်ငံတကာမှာပါ ကြုံတွေ့နေရတဲ့ ၊ ပဋိပက္ခဒေသအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်း ဖက် ခံရမှုတွေ လျော့ပါးသွားဖို့ဆိုရင် ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအစိုးရတွေက နိုင်ငံရေး အာသီသရှိရှိ ဖြေရှင်းကြဖို့လိုပြီး ၊ ဒီလို ဖြေရှင်းရာမှာ လုံလောက်တဲ့ ငွေကြေးရန်ပုံငွေ ထည့်ဝင်ကြဖို့လိုကြောင်း ဇူလိုင်(၁၇) ရက်မှာကျင်းပတဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ တခါးဖွင့် ဆွေးနွေးပွဲမှာ အဓိက ဝင်ရောက်ဆွေးနွေး သူ တွေ က ထောက်ပြသွားပါတယ်။ ဒီဆွေးနွေးပွဲမှာ မြန်မာ့လူ့အခွင့်အရေးလှုပ်ရှားသူတဦးလည်း တက်ရောက် ဆွေးနွေးခဲ့တဲ့ အကြောင်း ကိုဉာဏ်ဝင်းအောင်က တင်ပြထားပါတယ်။

Saturday, May 30, 2020

ICJ အမှု လုံခြုံရေးကောင်စီက အရေးယူဖို့ ရိုဟင်ဂျာတွေ ကြိုးပမ်း

RFA
လွတ်လပ်တဲ့အာရှအသံ
မြန်မာဌာန | သတင်းများခင်မောင်စိုး
2020-05-28

နယ်သာလန်နိုင်ငံ သဟိဂ်မြို့ရှိ အပြည်ပြည်ဆိုင်ရာ တရားရုံး ICJ ကို မေလ ၂၂ ရက်နေ့က မြန်မာအစိုးရ တင်ပြခဲ့တဲ့ အစီရင်ခံစာမှာ ပါဝင်တဲ့အချက်တွေကို တရားဝင်မသိရပေမယ့် နိုင်ငံတော်သမ္မတ ရုံးက ဧပြီလ ၈ ရက်နေ့စွဲနဲ့ ထုတ်ပြန်ခဲ့တဲ့ ကြေညာချက် ၂ ခုမှာ ဖော်ပြထားတဲ့အချက်တွေလည်း ပါဝင်မယ်လို့ ယူဆရ ပါတယ်။ ပထမ ကြေ ညာ ချက်က လူမျိုးပြုန်းစေမှုကို တားဆီးရေးနှင့် ပြစ်ဒဏ်ပေးရေး နိုင်ငံတကာသေ ဘာ တူစာချုပ် Genocide Convention ကို လိုက်နာဆောင်ရွက်ရန်ညွန်ကြားချက်ဖြစ်ပါတယ်။ အဲဒီ ကြေညာ ချက်မှာ လူမျိုးပြုန်းသတ်ဖြတ်မှုတွေနဲ့ ပတ်သက်ပြီး ပြစ်မှုကျူးလွန် ကြံစည်မှုတွေကို သိရှိရင် မည်သူမဆို နိုင်ငံတော် သမ္မတရုံးကို တင်ပြရမယ်လို့ ဖော်ပြထားပါတယ်။

Thursday, February 6, 2020

လုံခြုံရေးကောင်စီမှာ မြန်မာဘက်ကရပ်ခဲ့တဲ့ တရုတ်နဲ့ ဗီယက်နမ်

RFA
လွတ်လပ်တဲ့အာရှအသံ
မြန်မာဌာန | သတင်းများ
2020.02.05

ကုလသမဂ္ဂလုံခြုံရေးကောင်စီ အစည်းအဝေး။
Photo: AFP

မြန်မာနိုင်ငံအပေါ် ICJ အပြည်ပြည်ဆိုင်ရာတရားရုံးက ချမှတ်ခဲ့တဲ့ ကြားဖြတ်အစီအမံတွေ ဆောင်ရွက်ဖို့ အမိန့်နဲ့ ပတ်သက်ပြီး ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ မနေ့က ဆွေးနွေးခဲ့ကြပေမယ့် သဘောတူညီချက် မရခဲ့ပါဘူး။

ICJ ကြားဖြတ်အမိန့် မြန်မာ လိုက်နာရေး ထုတ်ပြန်ရန် ကုလလုံခြုံရေးကောင်စီ သဘောကွဲ

ဧရာဝတီ
6 February 2020

နယူးယောက်ရှိ ကုလသမဂ္ဂ ဌာနချုပ်ရှိ ရုံးခန်းတခန်းရှေ့တွင် ရှိသော ကုလသမဂ္ဂတံဆိပ် / Reuter
 
 ရခိုင်ပြည်နယ် မြောက်ပိုင်းနေ မွတ်ဆလင် သတ်ဖြတ်မှုများနှင့် အခြားသော ရက်စက်မှုများကို တားဆီးရေး အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) ၏ အမိန့်ကို လိုက်နာရန် တောင်းဆိုသော ကြေညာချက်တခု ထုတ်ပြန် ရန် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ (UNSC) က ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် သဘောတူညီချက် မရခဲ့ ကြောင်း သိရသည်။
                                                   
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */