" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label လူမျိုးတုံးသတ်ဖြတ်မှု. ICJ. Show all posts
Showing posts with label လူမျိုးတုံးသတ်ဖြတ်မှု. ICJ. Show all posts

Thursday, February 9, 2023

သက်တမ်းတိုးထားသည့် စစ်ကောင်စီက ရိုဟင်ဂျာလူမျိုးတုံး သတ်ဖြတ်မှုကို ချေဖျက်ရန် လုပ်ဆောင်နေ

MPA
Myanmar Press Photo Agency
Feb 8, 2023 
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ အာဏာထိန်းထားသည်ဟု အကြောင်းပြပြီး သက်တမ်းတိုးထားသည့် စစ် ကောင်စီက ရိုဟင်ဂျာ လူမျိုးတုံးသတ်ဖြတ်မှုကို ချေဖျက်ရန် မြေပြင်တွင်လည်း ကြိုးစားလုပ်ဆောင်နေသည်ဟု ကိုယ်တိုင် ပါဝင်နေသူများက အတည်ပြု ပြောကြားသည်။


အဆိုပါ အာဏာသိမ်းစစ်ကောင်စီ၏ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည် ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်း ထွန်းနောင်၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်၊ လူမှု ဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်သက် ခိုင် တို့သည် ရခိုင်ပြည်နယ်သို့ ယခု ဖေဖော်ဝါရီလ ၅ ရက်နေ့က ရောက်ရှိလာကြသည်။

ထိုခရီးစဥ်အတွင်း ရိုဟင်ဂျာလူမျိုးတုံး သတ်ဖြတ်မှုများဖြစ်ပွားခဲ့သည့် မြို့နယ်များမှ စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာ အကြီးအကဲများကို ခေါ်ယူအစည်းအဝေးပြုပြီး ထပ်မံလုပ်ခိုင်းစေခဲ့ခြင်းဖြစ်သည်။

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */