" သင့်၏ မိုဘိုင်းဖုံး ဘရော်စာတွင် www.rohingyanewsbank.com ကို ရိုက်၍ အလွယ်တကူ ဖတ်ရှု နိုင်ပါသည် "
Showing posts with label လူနည်းစု. Show all posts
Showing posts with label လူနည်းစု. Show all posts

Wednesday, July 14, 2021

ရိုဟင်ဂျာနဲ့ လူနည်းစုတွေအပေါ်မြန်မာစစ်တပ်ရဲ့ဖိနှိပ် တိုက် ခိုက်မှုတွေဟာ လူ့အခွင့်အရေး ချိုးဖောက်ရာကျ ကြောင်း ကုလ လူ့အခွင့်အရေးကောင်စီမှာ သဘောတူ

B B C
ဘီဘီစီမြန်မာပိုင်း
13 ဇူလိုင် 2021
ရိုဟင်ဂျာနဲ့ တခြားလူနည်းစု လူမျိုးစုတွေအပေါ် မြန်မာစစ်တပ်ရဲ့ ဖိနှိပ်တိုက်ခိုက်နေမှုတွေဟာ လူ့အခွင့်အရေး ချိုးဖောက်ရာကျကြောင်း ပြစ်တင်ဝေဖန်ထားတဲ့ ဆုံးဖြတ်ချက်မူကြမ်းကို ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင် စီက အတည်ပြုလိုက်ပြီး ရင်ကြားစေ့ရေးနည်းလမ်းနဲ့ အဖြေရှာဖို့ တိုက်တွန်းလိုက်ပါတယ်။

Thursday, March 18, 2021

ရိုဟင်ဂျာနဲ့ လူနည်းစုက မြန်မာ့အပြောင်းအလဲအတွက် အရေးပါ

ဧရာဝတီ
လင်းငယ်
18 March 2021

၀၁၇ မှာ ရခိုင်ပြည်မြောက်ပိုင်း မွတ်စလင် လူနည်းစုတွေ စစ်တပ်ရဲ့ ရက်စက်မှုတွေကို ကြောက်ပြီး ဘင်္ဂလားဒေ့ရှ်ဘက် အစုလိုက်အပြုံလိုက် ထွက်ပြေးကြစဉ်

(၁) ဒီရက်ပိုင်းတွေမှာ မြန်မာပြည်သူတွေဟာ နိုင်ငံတကာ လုပ်ငန်းစဉ်တွေကို စိတ်ပါဝင်စားစွာ စောင့်ကြည့်ခဲ့ကြပါတယ်။ ဒါပေမယ့် ကြည့်ပုံကြည့်နည်းကတော့ မတူပါဘူး။ လွန်ခဲ့တဲ့ နှစ်နှစ်သုံးနှစ်ကို ပြန်ကြည့်ရင်တော့ တော် တော်ကလေးကို ပြောင်းပြန်ဖြစ်နေတာကို တွေ့ရပါမယ်။ အရင်က ဆန့်ကျင်မလိုလားမှုကဲခဲ့ပြီး အခုချိန်မှာတော့ မျှော်လင့်ချက် အားကိုးမှုတို့ ဖြစ်လာခဲ့ပါတယ်။

၂၀၁၇ မှာ ရခိုင်ပြည်မြောက်ပိုင်း မွတ်စလင် လူနည်းစုတွေအပေါ်မှာ စစ်တပ်ရဲ့ ကျူးလွန်မှုတွေအပေါ် နိုင်ငံတ ကာရဲ့ ပြစ်တင်ဝေဖန်မှု၊ နောက်ဆုံးနိုင်ငံတကာ တရားရုံး (ICC) အထိပါ တရားစွဲဆိုခံခဲ့ရပါတယ်။ တချို့ စွပ်စွဲပြစ်တင်မှုတွေက အဓိက လက်သည်   တွေ ဖြစ်တဲ့ စစ်တပ် အကြီးအကဲတွေကိုဖြစ်ပေမယ့် အရပ်ဘက် ခေါင်းဆောင်တွေ အပါအဝင် သာမန်မြန်မာပြည်သူတွေလည်း မလွတ်ကင်းခဲ့ပါဘူး။

Friday, March 6, 2020

မြန်မာ့နိုင်ငံရေးမူဝါဒမှာ လူနည်းစုသွေးခွဲဆက်ဆံမှု ရှိလား (တိုက်ရိုက်လေလှိုင်း)

VOA
တိုက်ရိုက်လေလှိုင်း
သားညွန့်ဦး
04 မတ်၊ 2020


မြန်မာ့နိုင်ငံရေးမူဝါဒမှာ လူနည်းစုသွေးခွဲဆက်ဆံမှုရှိလား(တိုက်ရိုက်လေလှိုင်း)



မြန်မာနိုင်ငံမှာ လူနည်းစုတွေကို ခွဲခြားဆက်ဆံတဲ့ ဥပဒေနဲ့ မူဝါဒတွေဟာ နှစ်ပေါင်းများစွာက တည်းက ရှိနေပြီး၊ မြန်မာ့လူ့အခွင့်အရေးတိုးတက်လာဖို့ဆိုရင် အဲဒီ ဥပဒေနဲ့မူဝါဒ ပြင်ဆင်ရေးတွေကို ဆောင်ရွက် ရမယ် လို့ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂမဟာမင်းကြီးက အခုကျင်းပနေတဲ့ လူ့အခွင့်အရေးကောင်စီ ညီလာခံမှာ ထောက်ပြခဲ့ပါတယ်။ ဒီမိုကရေစီအသွင်ကူးပြောင်းရေးလုပ်ဆောင်နေတဲ့ မြန်မာနိုင်ငံမှာ ဒီလို မူဝါဒတွေ တကယ်ပဲ ရှိသေးရဲ့လား၊ လက်ရှိ ဒီမိုကရေစီအရပ်သားအစိုးရကရော ဒီမူဝါဒတွေကို ပြုပြင်
ပြောင်း လဲဖို့ စိတ်ဆန္ဒရှိရဲ့လား.. စတာတွေကို လာမယ့် အင်္ဂါနေ့ည တိုက်ရိုက်လေလှိုင်းအစီအစဉ်မှာ သုံးသပ်ဆွေးနွေးထားပါတယ်။

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */