RFA Burmese
2023.01.11
ဧရာဝတီတိုင်း၊ ဘိုကလေးမြို့နယ်၊ ကတုံးလေးကျွန်းအနီးတွင် ဖမ်းဆီးရမိသည့် ရိုဟင်ဂျာများအား ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၀ ရက်နေ့က တွေ့ရစဉ်။
ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ် မြို့ဟောင်းအရှေ့ရပ်ကွက်မှာ ဖမ်းဆီးခံရတဲ့ ရိုဟင်ဂျာအယောက် ၈ဝ ထဲက တစ် ယောက်ဟာ အူအတက်ပေါက်လို့ သေဆုံးသွားပြီး ကျန်တဲ့ ၇၉ ယောက်ကတော့ စစ်ကောင်စီရဲ့ သန်လျင်မြို့နယ် တရားရုံးကနေ ဇန်နဝါရီ ၁ဝ ရက်နေ့မှာ ထောင်ဒဏ် နှစ်နှစ်စီ ချမှတ်ခံလိုက်ရပါတယ်။
အမိန့်ချခံရပြီးနောက် ဇန်နဝါရီ ၁၁ ရက်နေ့မှာ အသက်ပြည့်ပြီးသူတွေကို အင်းစိန်ထောင်ကို ပို့ဆောင်ပြီးအသက် မပြည့်သေးသူတွေကိုတော့ လူငယ်သင်တန်းကျောင်းတွေကို ပို့တယ်လို့ ရိုဟင်ဂျာအရေးတက်ကြွလှုပ်ရှားသူ ရိုနေဆန်းလွင်က ပြောပါတယ်။