" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label ရခိုင်ပြည်နယ်မြောက်ပိုင်း. Show all posts
Showing posts with label ရခိုင်ပြည်နယ်မြောက်ပိုင်း. Show all posts

Tuesday, January 24, 2023

ရခိုင်ပြည်နယ်မြောက်ပိုင်းအတွင်းစစ်ဘောင်ချဲ့မှုများ

ဝေမိုး | Click here for the English language version of this article.Cite as: ဝေမိုး၊ (၂၀၂၁)၊ 

ရခိုင်ပြည်နယ်မြောက်ပိုင်းအတွင်းစစ်ဘောင်ချဲ့မှုများ၊ လွတ်လပ်သော မြန်မာ့ သုတေသန ဂျာနယ်၊ (၁)။ https://ijbs.online/?page_id=3228

စာတမ်းအကျဉ်း

ယခု စာတမ်းတွင် ၂၀၁၇ ခုနှစ်တွင် ရခိုင်ပြည်နယ်မြောက်ပိုင်းအတွင်း စစ်ဘောင်သွပ်သွင်းမှုများနှင့် တပ်မတော် ၏ အသားကျနေပြီဖြစ်သည့် စစ်ရေးဆိုင်ရာ အလေ့အကျင့်များကို အနှစ်ချုပ်ဖော်ပြခြင်း အားဖြင့် ရည်ရွယ်ချက်ရှိ ရှိကြံရွယ်ထားသည့် စစ်ဆင်ရေး အခြေအနေများကို ပုံပေါ်လာစေကာ အဆိုပါဒေသတွင်း ရိုဟင်ဂျာလူမျိုးများအပေါ်အကြမ်းဖက်မှုများ ကျူးလွန်ခဲ့ပုံကို ဆွေးနွေးတင်ပြထားပါသည်။ ဤစာတမ်းတွင် စစ်ဆင်ရေးပြု လုပ်ရာ တွင် တာဝန်အရှိဆုံးပုဂ္ဂိုလ်များဖြစ်သည့် အမိန့်ပေးသူ အဆင့်မြင့် စစ်ဗိုလ်ချုပ်ကြီး ငါးဦးအား မီးမောင်းထိုးပြသကာ တပ်မတော် အင်စတီကျူးရှင်းများရှိ စစ်သားများ၏ ပညာရေး အခန်းကဏ္ဍသည် သာမန်စစ်သားများ၏ တွေးတောစဉ်းဆင်ခြင်နိုင်မှု နှင့် ဓလေ့တို့ကို ပုံသွင်းရာတွင် အရေးပါကြောင်းကိုလည်း ရှင်းလင်းပြသထားပါ သည်။ စစ်သားများသည် ဗမာလူမျိုးနှင့် ဗုဒ္ဓဘာသာအပေါ်အခြေခံသည့် အမျိုးသားရေးဝါဒကို အဓမ္မရိုက်သွင်းထားခံရရုံသာမက အထူးရွေးချယ်ခြင်းခံရသည့် စစ်သားအချို့မှာ စစ်ရေးနည်းပညာများ ဆိုင်ရာ အဆင့်မြင့် ပညာ ရပ်များကို နိုင်ငံခြားတိုင်းပြည်များ မှသင်ယူလာကြသည်ကိုလည်းတွေ့ရပါသည်။ တပ်မတော်ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓါတ်စစ်ဆင်ရေးဌာနသည် နှစ်ခုနစ်ဆယ်ကျော်ကြာတည်ရှိခဲ့ပြီး တပ်မတော်၏ အမုန်းစကားနှင့် သတင်းအမှားများဖြန့်ချီမှုမှာ ၂၀၁၂ ခုနှစ်ကြားဖြတ်ရွေး ကောက်ပွဲ အတွင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) အနိုင်ရရှိခဲ့သည့် နောက်ပိုင်း တိုးမြင့်လာခဲ့ကာ ၂၀၁၇ ခုနှစ်အတွင်း လူသားများမှ ကျူးလွန်သည့် မျိုးနွယ်စုရှင်းလင်းရေး စစ်ရာဇဝတ်မှုကြီးအား ကျူးလွန်စေရန် ဖြစ်ပေါ်လာစေသည့် နိုင်ငံတော်အဆင့်နောက်ကွယ် အခြေအနေကို များစွာအထောက်အပံ့ဖြစ်စေခဲ့ပါသည်။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */