VOA
အင်ကြင်းနိုင်
၂၁ မတ်၊ ၂၀၂၄
ရက္ခိုင့်တပ်တော် AA ကို အလိုမရှိကြောင်း ဆန္ဒပြနေကြတဲ့ ရိုဟင်ဂျာများ။ (Photo: တပ်မတော် သတင်းမှန်ပြန်ကြားရေး)
ရခိုင် ဘူးသီးတောင်ဘက်မှာ ရက္ခိုင့်တပ်တော် (AA) ကိုဆန့်ကျင်ကြောင်း ဆန္ဒပြကြဖို့ ဒေသခံရိုဟင်ဂျာတွေကို စစ်ကောင်စီက အတင်းအကြပ်ဖိအားပေးခဲ့တယ်လို့ နှစ်ဘက်အသိုင်းအဝိုင်းတာဝန်ရှိသူတွေက ဗွီအိုအေကိုပြောပါတယ်။ စစ်မှုထမ်းဥပဒေနဲ့ စစ်သားအဖြစ် အတင်းအကြပ်စုဆောင်းခံရပြီး တိုက်ပွဲတွေဆီအပို့ခံနေရတဲ့အပြင် နှစ်ဘက်တိုက်ပွဲကြားပိတ်မိနေတဲ့ ရိုဟင်ဂျာတွေရဲ့နောက်ဆုံးအခြေအနေတွေနဲ့ ပတ်သက်လို့ ဆက်သွယ်မေးမြန်းထားတဲ့ မအင်ကြင်းနိုင်က တင်ပြပေးထားပါတယ်။