" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label အစ္စရေးစစ်ပွဲ. Show all posts
Showing posts with label အစ္စရေးစစ်ပွဲ. Show all posts

Saturday, October 28, 2023

အစ္စရေးစစ်ပွဲက အီဂျစ်၊ လက်ဘနွန်နှင့်ဂျော်ဒန် စီးပွားရေးကို ခြိမ်းခြောက်နေ

CNI
CNI International News
ဝါရှင်တန်၊ အောက်တိုဘာ ၂၇

အစ္စရေး-ဟားမာ့စ် စစ်ပွဲသည် အစ္စရေးနှင့် နယ်စပ်ချင်း ထိစပ်နေသည့် အီဂျစ်၊ ဂျော်ဒန်နှင့် လက်ဘနွန်နိုင်ငံ တို့တွင် စီးပွားရေး အကျပ်အတည်းများ ဖြစ်ပွားစေနိုင်သည်ဟု အေပီမှ ဖော်ပြခဲ့သည်။

ထို့အပြင် အဆိုပါ သုံးနိုင်ငံအတွင်း ဘဏ္ဍာရေးနှင့် နိုင်ငံရေး မတည်ငြိမ်မှုများလည်း ပိုမို ဆိုးရွားစေနိုင်သည်ဟု ကျွမ်းကျင်သူများက သုံးသပ်နေကြသည်။

အစ္စရေးစစ်ပွဲသည် အရှေ့အလယ်ပိုင်းကို ကျော်လွန်ပျံ့နှံ့နိုင် ကြောင်း ပူတင်ပြော

CNI International News
မော်စကို၊ အောက်တိုဘာ ၂၇

အစ္စရေး-ဟားမာ့စ် စစ်ပွဲသည် အရှေ့အလယ်ပိုင်းဒေသထက် ပိုမိုကျော်လွန်ပြီး ပျံ့နှံ့လာနိုင်သည်ဟု ရုရှားသမ္မတ ပူတင် (Vladimir Putin) က သတိပေးခဲ့ကြောင်း အယ်လ်ဂျာဇီးယားမှ ဖော်ပြခဲ့သည်။

ထို့ပြင် အခြားသူများ၏ ရာဇဝတ်မှုများကြောင့် ဂါဇာတွင် ပါလက်စတိုင်း အမျိုးသမီးများ၊ ကလေးသူငယ်များနှင့် သက်ကြီးရွယ်အိုများပါ ရောနှောပြီး အပြစ်ပေးခံနေရခြင်းသည် မှားယွင်းသည်ဟုလည်း ပူတင်က ပြောကြား ခဲ့သည်။

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */